What's New




Thursday, 24 October 2019 16:53

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ အတြက္ ေရာဂါ႐ွာေဖြျခင္း ႏွင့္ ကုသျခင္း နည္းလမ္းမ်ား

ကြၽန္မတို႔ခႏၶာကိုယ္မွာအေရးႀကီးဆံုးအပိုင္းတစ္ခုျဖစ္တဲ့ႏွလံုးဟာ တကိုယ္လံုးရဲ႕ အျခားအဂၤါ္မ်ားအတြက္ သန္႔စင္တဲ့ေသြးမ်ားကိုပို႔ေပးႏိုင္ဖို႔ ေန႔ညမျပတ္အလုပ္လုပ္ေနရပါတယ္။

တစ္ေန႔ကိုအႀကိမ္ ၁သိန္း ေလာက္ ညႇစ္အားျပဳရၿပီး ေသြးဂါလံေပါင္း ၂ေထာင္ေလာက္ကိုေန႔စဥ္ညႇစ္ေပးေနရတဲ့ ေသြးညႇစ္စက္ (Blood Pump Machine )တစ္ခုပါ။ ဒီလိုအခ်ိန္ျပည့္လုပ္ႏိုင္ဖို႔ကို ႏွလံုးႂကြက္သားမ်ားသန္မာေနေအာင္ ေအာက္ဆီဂ်င္နဲ႔ အာဟာရမ်ားကို ဘယ္ႏွင့္ညာ ႏွလံုးေသြးေၾကာမႀကီးမ်ား (Left & Right Coronary Arteries) မ်ားမွ ေထာက္ပ့ံေပးထားပါတယ္။ ဘယ္ဘက္ေသြးလႊတ္ေၾကာဘက္မွာ ေသြးေၾကာငယ္ႏွစ္ေခ်ာင္း ထပ္ခြဲထြက္ၿပီး ႏွလံုးႂကြက္သားမ်ားဆီေသြးမ်ားပို႔ေပးပါတယ္။

 

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါဆိုတာကေတာ့ ေသြးလႊတ္ေၾကာနံရံမ်ားတြင္အဆီမ်ား၊ ေသြးခဲေလးမ်ား စုပံုလာမႈေၾကာင့္နံရံမ်ားထူလာၿပီး ေသြးစီးရာလမ္းက်ဥ္းသြားျခင္း ၊ ေသြးလွည့္ပတ္စနစ္မွာ ေသြးနည္းပါးလာရာကေန ေအာက္ဆီဂ်င္ပါနည္းသြားတာမို႔ ရင္ဘတ္ေအာင့္ျခင္း၊ ထိုမွတဆက္တည္း လည္ပင္း၊ ေမး႐ိုး ၊ပုခံုးႏွင့္လက္ေမာင္းမ်ားပါနာက်င္လာျခင္း၊ အသက္႐ွဴၾကပ္ျခင္း၊ ႏွလံုးခုန္ႏႈန္းမူမမွန္ျခင္း ၊ ေခြၽးေစးျပန္ျခင္း၊ သတိလစ္ျခင္းႏွင့္ ႐ုတ္တရက္ႏွလံုးရပ္သြားျခင္းပါျဖစ္လာႏိုင္လို႔ အခ်ိန္မီေရာဂါ႐ွာေဖြ ကုသဖို႔အလြန္အေရးႀကီးပါတယ္။

 

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို သိ႐ွိရန္ စစ္ေဆးႏိုင္တဲ့အဓိကစမ္းသပ္မႈမ်ားကေတာ့ ECG - ႏွလံုးခုန္ႏႈန္းမူမမွန္ျခင္းကိုသိ႐ွိႏိုင္ျခင္း ၊ Threadmill Stress test (Exercise ECG) - ေျပးစက္ေပၚေျပးခိုင္းၿပီး ႏွလံုးရဲ႕အေမာခံႏိုင္မႈကိုစမ္းျခင္း ၊ Echocardiogram - အသံလိႈင္းအသံုးျပဳၿပီးႏွလံုးရဲ႕ပံုရိပ္ကိုဖမ္းယူၾကည့္႐ွဴျခင္း ၊ CT Angiogram - ႏွလံုးကိုကြန္ျပဴတာဓာတ္မွန္ပံုရိပ္႐ိုက္ကူးျခင္းျဖင့္ သိရွိႏိုင္ပါတယ္။

 

Coronary Angiography - ႏွလံုးေသြးေၾကာဓာတ္မွန္႐ိုက္ျခင္း

ဒီနည္းကေတာ့ Gold Standard လို႔ပညာ႐ွင္မ်ားကအသိအမွတ္ျပဳထားျပီး ႏွလံုးေသြးေၾကာက်ဥ္းျခင္း၊ ပိတ္ျခင္း႐ွိမ႐ွိကို 100% အတိအက်သိႏိုင္ပါတယ္။ ထံုေဆးေပးထားတဲ့လက္ေကာက္ဝတ္ (သို႔) ေပါင္႐ွိ ေသြးေၾကာမွတဆင့္ ႏွလံုးေသြးေၾကာအတြင္းသို႔ေသးငယ္ေသာပိုက္တစ္ခုသြင္းၿပီး dye လို႔ေခၚတဲ့ ေဆးရည္တစ္မ်ိဳးထိုးသြင္းကာ Invasive Cardiac Laboratory တြင္ ေသြးေၾကာပံုရိပ္ေဖာ္ကြြန္ျပဴတာမွ တဆင့္ျကည့္႐ႈရတဲ့စစ္ေဆးနည္းျဖစ္ပါတယ္။ အေျဖရလဒ္ကို ခ်က္ခ်င္းသိရၿပီးလိုအပ္ပါက ကုသနည္း (Stent Procedure) မ်ားကိုပါဒီနည္းပညာသံုးၿပီး ဆက္လုပ္ေဆာင္ႏိုင္ပါတယ္။

 

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ေခၚ) Urinary Tract Infection (UTI) ဖတ္ရႈရန္ ႏွိပ္ပါ။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ေခၚ) Urinary Tract Infection (UTI)

 

Nuclear Perfusion Test

Myocardial perfusion scan ၊ Single-photon emission computerized tomography (SPECT) ႐ိုက္ျခင္းလို႔လဲေခၚပါတယ္။ ခႏၶာကိုယ္ထဲသို႔ေရဒီယိုသတၱိႂကြပစၥည္းထိုးၿပီး ၎မွထုတ္လႊတ္လိုက္ေသာ ေရဒီယိုဓာတ္ေရာင္ျခည္ကို Gamma Camera ျဖင့္ႏွလံုးကို ပံုရိပ္ဖမ္းစစ္ေဆးျခင္းျဖစ္ပါတယ္။ ႏွလံုးေသြးေၾကာပိတ္ဆို႔မႈအေျခအေနႏွင့္ ႏွလံုးႂကြက္သားမ်ားေသြးရ႐ွိမႈႏွင့္ စြမ္းေဆာင္ရည္မ်ားကို တိတိက်က်သိႏိုင္ပါမယ္။ ႐ွင္သန္ေနေသာႏွလံုးႂကြက္သားမ်ားအေျခအေနကိုၾကည့္ၿပီး ႏွလံုးေသြးေၾကာခ်ဲ့ ခြဲစိတ္ျခင္းမ်ိဳးျပဳလုပ္ရန္ ေသခ်ာအဆံုးအျဖတ္ေပးႏိုင္တဲ့ test တစ္ခုျဖစ္ပါတယ္။

 

ကုသျခင္းမ်ားကေတာ့ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမွာ နည္းလမ္းမ်ိဳးစံုျဖင့္ကုသလို႔ရတဲ့ေရာဂါျဖစ္ပါတယ္။ ေသာက္ေဆးမ်ားျဖင့္ကုသျခင္းမွာေတာ့ Aspirin, Clopidogrel, Warfarin စတဲ့ ေသြးမခဲေအာင္ေပးေသာေဆးႏွင့္ေသြးက်ဲေဆးမ်ား ၊ Nitrates (ေသြးလွည့္ပတ္အားေကာင္းေစေသာေဆးမ်ား) ၊ Calcium channel blockers ( ေသြးေၾကာက်ယ္ေစေသာေသြးဖိအားက်ေဆးမ်ား) ၊ ACEI (ေသြးတိုးက်ေဆးမ်ား) ၊ Beta blockers (ႏွလံုးခုန္ေႏွးေဆး) စတာေတြကို ေရာဂါအေျခအေနအလိုက္အသံုုးျပဳရမွာပါျဖစ္ပါတယ္။

 

ႏွလံုးကိုမခြဲစိတ္ဘဲ Stent ထည့္ၿပီးေသြးေၾကာခ်ဲ့ကုသျခင္း (Angioplasty)

အလြန္ေသးငယ္ေပါ့ပါးတဲ့ Stent လို႔ေခၚတဲ့သတၱဳပစၥည္းေလးကို ႏွလံုးေသြးေၾကာက်ဥ္းတဲ့ေနရာသို႔ ေရာက္ေအာက္ထည့္သြင္းၿပီးေသြးေၾကာခ်ဲ့တဲ့နည္းပညာပါ။ Percutaneous Coronary Intervention (PCI)၊ Percutaneous Transluminal Coronary Angioplasty (PTCA) ၊ Ballon Angioplasty စသျဖင့္လည္းေခၚၾကပါတယ္။ ေသြးေၾကာက်ဥ္းမႈပမာဏႏွင့္ လူနာအေျခအေနေပၚမူတည္ၿပီး Stent ကိုေရြးျခယ္ရပါတယ္။

 

သတၱဳေသြးေၾကာေထာက္ကိရိယာ (Bare Metal Stent) ႏွင့္ သတၱဳေပၚတြင္ေဆးရည္သုတ္လိမ္းထားေသာ ကိရိယာ (Drug Eluting/ Drug Emitting Stent) ဆိုၿပီး (၂)မ်ိဳး႐ွိပါတယ္။ ဆီးခ်ိဳေရာဂါပါ႐ွိတဲ့လူနာမ်ားကေတာ့ Drug Eluting Stent နဲ႔ပိုသင့္ေတာ္ပါတယ္။


ထည့္သြင္းခ်ိန္မွာေတာ့ ထံုေဆးေပးထားေသာလက္ေကာက္ဝတ္ (သို႔) ေပါင္႐ွိ ေသြးေၾကာမွတဆင့္ ႏွလံုးေသြးေၾကာအတြင္းသို႔ေသးငယ္ေသာပိုက္တစ္ခုသြင္းၿပီး၎မွတဆင့္ Stent ကိုထည့္ရပါတယ္။ ထည့္ၿပီးခ်ိန္တြင္အခ်ိန္အေတာ္ၾကာလဲေလ်ာင္းေနရၿပီး ထည့္ထားတဲ့လမ္းေၾကာင္း လက္ေကာက္ဝတ္ (သို႔) ေပါင္ကိုေကြးေကာက္ျခင္းမျပဳရပါ။ ေဆးရံုမွာတစ္ညအိပ္ ေနၿပီးဆရာဝန္ခြင့္ျပဳပါက ေနာက္ရက္တြင္ ေဆးရံုမွဆင္းၿပီး လႈပ္႐ွားသြားလာျခင္းစတင္လုပ္ႏိုင္ပါမယ္။ (၂)ပတ္အတြင္း အေလးအပင္မ,ျခင္း ၊ Stent လမ္းေၾကာင္းေပၚသို႔ဖိအားမ်ားေသာအရာမ်ားက်ေရာက္မိျခင္းမ႐ွိေအာင္ ဂ႐ုထားၿပီးနားေနရပါမယ္။

 

ခြဲစိတ္ၿပီးႏွလံုးေသြးေၾကာျဖတ္ဆက္ကုသျခင္း (Coronary Artery Bypass Graft or CABG)

 

ႏွလံုးေသြးေၾကာပိတ္တာဆိုးသူမ်ား၊ ေသြးေၾကာ၂ေခ်ာင္း ၃ေခ်ာင္းတၿပိဳင္တည္းပိတ္သူမ်ားကေတာ့ ဒီလိုႏွလံုးခြဲစိတ္မႈမ်ိဳး (Open Heart Surgery) ကိုေရြးျခယ္ရတတ္ပါတယ္။ ေသြးေၾကာပိတ္ဆ႔ိုတဲ့ေနရာကို မပိတ္ဆို႔ႏိုင္ေတာ့ေအာင္ ေကာင္းမြန္ေသာေသြးေၾကာမ်ားျဖင့္ကိုင္းဆက္ကူးသြယ္ျခင္း (Grafting) ျပဳလုပ္ၿပီးေသြးလွည့္ပတ္မႈအားျပန္ေကာင္းေအာင္လုပ္တာျဖစ္ပါတယ္။ ႏွလံုးကိုခြဲစိတ္တာျဖစ္လို႔ အလြန္အေရးႀကီးၿပီး နာရီမ်ားစြာခြဲစိတ္ရပါတယ္။

 

ႏွလံုးေသြးေၾကာေရာဂါအတြက္အထက္ပါကုထံုးေတြဟာ ေဝဒနာကိုသက္သာၿပီးေန႔စဥ္လူေနမႈဘဝကို အတတ္ႏိုင္ဆံုး ျပန္လည္ရ႐ွိေစေပမယ့္ သက္တမ္းေစ့အသက္႐ွင္သန္ႏိုင္မႈအာမခံခ်က္ (Life Expectancy) ကိုေတာ့ ဒီကုထံုးေတြခ်ည္းသီးသန္႔နဲ႔မရ႐ွိႏိုင္ပါဘူး။ ေဝဒနာ႐ွင္ကိုယ္တိုင္က လူမႈဘဝေနထိုင္မႈကို ဂ႐ုတစိုက္နဲ႔ျပဳမူဆင္ျခင္မွသာ အမ်ားနည္းတူပံုမွန္က်န္းမာတဲ့ဘဝကိုပိုင္ဆိုင္ရမွာပါ။ Risk factor ေတြျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳေရာဂါမ်ားကိုမျဖစ္ေအာင္ ကာကြယ္ျခင္း၊ ထိန္းညိွကုသျခင္း၊ အဆီအဆိမ့္၊ အခ်ိဳ၊ ၊အငန္လြန္ကဲစြာစားသံုးျခင္းမွေ႐ွာင္ၾကဥ္ျခင္း၊ ေဆးလိပ္၊ အရက္ ေ႐ွာင္ျခင္း၊ စိတ္ဖိစီးမႈမ်ားေသာေနထိုင္မႈဘဝမျဖစ္ေအာင္ အတတ္ႏိုင္ဆံုးဆင္ျခင္ျခင္း၊ ကိုယ္လက္ေလ့က်င့္ခန္းျပဳျခင္း၊ စိတ္တည္ျငိမ္ေအာင္တရား႐ွဴမွတ္ျခင္း စတာေတြကို ေန႔စဥ္ျပဳလုပ္သင့္ပါတယ္။

 

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမွာလကၡဏာမ်ားသိသာစြာမျပဘဲ႐ွိတတ္ၿပီး ေရာဂါလကၡဏာမ်ား စတင္ျပၿပီဆိုပါကလည္း ႏွလံုးမွာအနည္းႏွင့္အမ်ားစတင္ပ်က္စီးေနၿပီျဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႔ ႐ုတ္တရက္အသက္အႏၱရာယ္ကိုထိခိုက္ႏိုင္ေသာ ဒီေရာဂါ႐ွိမ႐ွိကိုႀကိဳတင္သိႏိုင္ရန္ပံုမွန္က်န္းမာေရး စစ္ေဆးျခင္း (Medical Checkup )မ်ားျပဳလုပ္သင့္္ၿပီး မိမိမွာႏွလံုးေရာဂါႏွင့္ပတ္သက္ၿပီးလကၡဏာမ်ား ခံစားေနရပါကလည္း ေပါ့ဆမေနသင့္ဘဲ ကုသမႈအခ်ိန္မီေစရန္ အျမန္ဆံုုးျပသတိုင္ပင္ကာ ႏွလံုးက်န္းမာေရးကိုဂ႐ုျပဳသင့္ပါတယ္။

 

ႏွလံုးေရာဂါအမ်ိဳးမ်ိဳးကို႐ွိမ႐ွိႀကိဳတင္စစ္ေဆးၾကည့္လိုပါက Medical checkup ျပဳလုပ္ရန္ Cardiac Screening Package မ်ားကိုလည္းသီးသန္႔စီစဥ္ထား႐ွိပါတယ္။ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါႏွင့္ပတ္သက္ၿပီး Invasive Cardiac Laboratory တြင္ ႏွလံုးေသြးေၾကာဓာတ္မွန္႐ိုက္ျခင္း (Coronary Angiography) ကို Innova IGS 520 GE Machine စက္သစ္ႀကီးျဖင့္အသံုးျပဳထားပါတယ္။ ႏွလံုးေသြးေၾကာႏွင့္ႏွလံုးႂကြက္သားမ်ားအေျခအေနကို အဆင္ျမင့္နည္းပညာသံုးၿပီးတိိက်စြာ အေျဖထုတ္ေပးႏိုင္တဲ့ (Myocardial Perfusion Scan )GE Healthcare Discover NM 530c စက္သစ္ႀကီးကိုလည္း ျမန္မာႏိုင္ငံတြင္ပထမဦးဆံုးစတင္ဝန္ေဆာင္မႈေပးႏိုင္ခဲ့ေသာ ပုဂၢလိကေဆးရံုတစ္ခုျဖစ္ပါတယ္။

 

ႏွလံုးေရာဂါအမ်ိဳးမ်ိဳးကို ကုသမႈေပးျခင္းအပို္င္းမွာလည္း ႏွလံုးေသြးေၾကာေထာက္ကိရိယာထည့္ျခင္းႏွင့္ ႏွလံုးေသြးေၾကာခ်ဲ့ျခင္း (Stent Implantation & Coronary Angioplasty)၊ ႏွလံုးခုန္ႏႈန္းပံုမွန္ထိန္းခ်ဳပ္စက္တပ္ဆင္ျခင္း (Pace Maker Insertion)၊ ေသြးေပါင္ခ်ိန္က်ဆင္းမသြားေစရန္ထိန္းခ်ဳပ္စက္တပ္ဆင္ျခင္း (Intra-Aortic Balloon Pump Insertion)၊ ေမြးရာပါႏွလံုးေရာဂါမ်ားကိုျပဳျပင္ေပးျခင္း (Closure of PDA, ASD,VSD) ၊ ေသြးေၾကာျဖတ္ဆက္ကုသျခင္း CABG operation ကို နွလံုးခြဲစိတ္အထူးကုဆရာ၀န္ျကီးမ်ားမွ ခြဲစိတ္ကုသမွ ုမ်ား ျပဳလုပ္ေပးလ်ွက္ရွိပါေျကာင္း အသိေပးတင္ျပအပ္ပါတယ္။

 

{Unicode}

======

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းနည်းလမ်းများ

 

ကျွန်မတို့ခန္ဓာကိုယ်မှာအရေးကြီးဆုံးအပိုင်းတစ်ခုဖြစ်တဲ့နှလုံးဟာ တကိုယ်လုံးရဲ့ အခြားအင်္ဂါ်များအတွက် သန့်စင်တဲ့သွေးများကိုပို့ပေးနိုင်ဖို့ နေ့ညမပြတ်အလုပ်လုပ်နေရပါတယ်။ တစ်နေ့ကိုအကြိမ် ၁သိန်း လောက် ညှစ်အားပြုရပြီး သွေးဂါလံပေါင်း ၂ထောင်လောက်ကိုနေ့စဉ်ညှစ်ပေးနေရတဲ့ သွေးညှစ်စက် (Blood Pump Machine )တစ်ခုပါ။ ဒီလိုအချိန်ပြည့်လုပ်နိုင်ဖို့ကို နှလုံးကြွက်သားများသန်မာနေအောင် အောက်ဆီဂျင်နဲ့ အာဟာရများကို ဘယ်နှင့်ညာ နှလုံးသွေးကြောမကြီးများ (Left & Right Coronary Arteries) များမှ ထောက်ပံ့ပေးထားပါတယ်။ ဘယ်ဘက်သွေးလွှတ်ကြောဘက်မှာ သွေးကြောငယ်နှစ်ချောင်း ထပ်ခွဲထွက်ပြီး နှလုံးကြွက်သားများဆီသွေးများပို့ပေးပါတယ်။

 

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကတော့ သွေးလွှတ်ကြောနံရံများတွင်အဆီများ၊ သွေးခဲလေးများ စုပုံလာမှုကြောင့်နံရံများထူလာပြီး သွေးစီးရာလမ်းကျဉ်းသွားခြင်း ၊ သွေးလှည့်ပတ်စနစ်မှာ သွေးနည်းပါးလာရာကနေ အောက်ဆီဂျင်ပါနည်းသွားတာမို့ ရင်ဘတ်အောင့်ခြင်း၊ ထိုမှတဆက်တည်း လည်ပင်း၊ မေးရိုး ၊ပုခုံးနှင့်လက်မောင်းများပါနာကျင်လာခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း ၊ ချွေးစေးပြန်ခြင်း၊ သတိလစ်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်သွားခြင်းပါဖြစ်လာနိုင်လို့ အချိန်မီရောဂါရှာဖွေ ကုသဖို့အလွန်အရေးကြီးပါတယ်။

 

နှလုံးသွေးကြောကျဉ်းရောဂါကို သိရှိရန် စစ်ဆေးနိုင်တဲ့အဓိကစမ်းသပ်မှုများကတော့ ECG - နှလုံးခုန်နှုန်းမူမမှန်ခြင်းကိုသိရှိနိုင်ခြင်း ၊ Threadmill Stress test (Exercise ECG) - ပြေးစက်ပေါ်ပြေးခိုင်းပြီး နှလုံးရဲ့အမောခံနိုင်မှုကိုစမ်းခြင်း ၊ Echocardiogram - အသံလှိုင်းအသုံးပြုပြီးနှလုံးရဲ့ပုံရိပ်ကိုဖမ်းယူကြည့်ရှူခြင်း ၊ CT Angiogram - နှလုံးကိုကွန်ပြူတာဓာတ်မှန်ပုံရိပ်ရိုက်ကူးခြင်းဖြင့် သိရှိနိုင်ပါတယ်။

 

Coronary Angiography - နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း

ဒီနည်းကတော့ Gold Standard လို့ပညာရှင်များကအသိအမှတ်ပြုထားပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းရှိမရှိကို 100% အတိအကျသိနိုင်ပါတယ်။ ထုံဆေးပေးထားတဲ့လက်ကောက်ဝတ် (သို့) ပေါင်ရှိ သွေးကြောမှတဆင့် နှလုံးသွေးကြောအတွင်းသို့သေးငယ်သောပိုက်တစ်ခုသွင်းပြီး dye လို့ခေါ်တဲ့ ဆေးရည်တစ်မျိုးထိုးသွင်းကာ Invasive Cardiac Laboratory တွင် သွေးကြောပုံရိပ်ဖော်ကွန်ပြူတာမှ တဆင့်ကြည့်ရှုရတဲ့စစ်ဆေးနည်းဖြစ်ပါတယ်။ အဖြေရလဒ်ကို ချက်ချင်းသိရပြီးလိုအပ်ပါက ကုသနည်း (Stent Procedure) များကိုပါဒီနည်းပညာသုံးပြီး ဆက်လုပ်ဆောင်နိုင်ပါတယ်။

 

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ခေါ်) Urinary Tract Infection (UTI) ဖတ်ရှုရန် နှိပ်ပါ။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ေခၚ) Urinary Tract Infection (UTI)

 

Nuclear Perfusion Test

Myocardial perfusion scan ၊ Single-photon emission computerized tomography (SPECT) ရိုက်ခြင်းလို့လဲခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲသို့ရေဒီယိုသတ္တိကြွပစ္စည်းထိုးပြီး ၎င်းမှထုတ်လွှတ်လိုက်သော ရေဒီယိုဓာတ်ရောင်ခြည်ကို Gamma Camera ဖြင့်နှလုံးကို ပုံရိပ်ဖမ်းစစ်ဆေးခြင်းဖြစ်ပါတယ်။ နှလုံးသွေးကြောပိတ်ဆို့မှုအခြေအနေနှင့် နှလုံးကြွက်သားများသွေးရရှိမှုနှင့် စွမ်းဆောင်ရည်များကို တိတိကျကျသိနိုင်ပါမယ်။ ရှင်သန်နေသောနှလုံးကြွက်သားများအခြေအနေကိုကြည့်ပြီး နှလုံးသွေးကြောချဲ့ ခွဲစိတ်ခြင်းမျိုးပြုလုပ်ရန် သေချာအဆုံးအဖြတ်ပေးနိုင်တဲ့ test တစ်ခုဖြစ်ပါတယ်။

 

ကုသခြင်းများကတော့ နှလုံးသွေးကြောကျဉ်းရောဂါမှာ နည်းလမ်းမျိုးစုံဖြင့်ကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။ သောက်ဆေးများဖြင့်ကုသခြင်းမှာတော့ Aspirin, Clopidogrel, Warfarin စတဲ့ သွေးမခဲအောင်ပေးသောဆေးနှင့်သွေးကျဲဆေးများ ၊ Nitrates (သွေးလှည့်ပတ်အားကောင်းစေသောဆေးများ) ၊ Calcium channel blockers ( သွေးကြောကျယ်စေသောသွေးဖိအားကျဆေးများ) ၊ ACEI (သွေးတိုးကျဆေးများ) ၊ Beta blockers (နှလုံးခုန်နှေးဆေး) စတာတွေကို ရောဂါအခြေအနေအလိုက်အသုံးပြုရမှာပါဖြစ်ပါတယ်။

 

နှလုံးကိုမခွဲစိတ်ဘဲ Stent ထည့်ပြီးသွေးကြောချဲ့ကုသခြင်း (Angioplasty)

အလွန်သေးငယ်ပေါ့ပါးတဲ့ Stent လို့ခေါ်တဲ့သတ္တုပစ္စည်းလေးကို နှလုံးသွေးကြောကျဉ်းတဲ့နေရာသို့ ရောက်အောက်ထည့်သွင်းပြီးသွေးကြောချဲ့တဲ့နည်းပညာပါ။ Percutaneous Coronary Intervention (PCI)၊ Percutaneous Transluminal Coronary Angioplasty (PTCA) ၊ Ballon Angioplasty စသဖြင့်လည်းခေါ်ကြပါတယ်။ သွေးကြောကျဉ်းမှုပမာဏနှင့် လူနာအခြေအနေပေါ်မူတည်ပြီး Stent ကိုရွေးခြယ်ရပါတယ်။

 

သတ္တုသွေးကြောထောက်ကိရိယာ (Bare Metal Stent) နှင့် သတ္တုပေါ်တွင်ဆေးရည်သုတ်လိမ်းထားသော ကိရိယာ (Drug Eluting/ Drug Emitting Stent) ဆိုပြီး (၂)မျိုးရှိပါတယ်။ ဆီးချိုရောဂါပါရှိတဲ့လူနာများကတော့ Drug Eluting Stent နဲ့ပိုသင့်တော်ပါတယ်။


ထည့်သွင်းချိန်မှာတော့ ထုံဆေးပေးထားသောလက်ကောက်ဝတ် (သို့) ပေါင်ရှိ သွေးကြောမှတဆင့် နှလုံးသွေးကြောအတွင်းသို့သေးငယ်သောပိုက်တစ်ခုသွင်းပြီး၎င်းမှတဆင့် Stent ကိုထည့်ရပါတယ်။ ထည့်ပြီးချိန်တွင်အချိန်အတော်ကြာလဲလျောင်းနေရပြီး ထည့်ထားတဲ့လမ်းကြောင်း လက်ကောက်ဝတ် (သို့) ပေါင်ကိုကွေးကောက်ခြင်းမပြုရပါ။ ဆေးရုံမှာတစ်ညအိပ် နေပြီးဆရာဝန်ခွင့်ပြုပါက နောက်ရက်တွင် ဆေးရုံမှဆင်းပြီး လှုပ်ရှားသွားလာခြင်းစတင်လုပ်နိုင်ပါမယ်။ (၂)ပတ်အတွင်း အလေးအပင်မ,ခြင်း ၊ Stent လမ်းကြောင်းပေါ်သို့ဖိအားများသောအရာများကျရောက်မိခြင်းမရှိအောင် ဂရုထားပြီးနားနေရပါမယ်။

 

ခွဲစိတ်ပြီးနှလုံးသွေးကြောဖြတ်ဆက်ကုသခြင်း (Coronary Artery Bypass Graft or CABG)

 

နှလုံးသွေးကြောပိတ်တာဆိုးသူများ၊ သွေးကြော၂ချောင်း ၃ချောင်းတပြိုင်တည်းပိတ်သူများကတော့ ဒီလိုနှလုံးခွဲစိတ်မှုမျိုး (Open Heart Surgery) ကိုရွေးခြယ်ရတတ်ပါတယ်။ သွေးကြောပိတ်ဆ့ိုတဲ့နေရာကို မပိတ်ဆို့နိုင်တော့အောင် ကောင်းမွန်သောသွေးကြောများဖြင့်ကိုင်းဆက်ကူးသွယ်ခြင်း (Grafting) ပြုလုပ်ပြီးသွေးလှည့်ပတ်မှုအားပြန်ကောင်းအောင်လုပ်တာဖြစ်ပါတယ်။ နှလုံးကိုခွဲစိတ်တာဖြစ်လို့ အလွန်အရေးကြီးပြီး နာရီများစွာခွဲစိတ်ရပါတယ်။

 

နှလုံးသွေးကြောရောဂါအတွက်အထက်ပါကုထုံးတွေဟာ ဝေဒနာကိုသက်သာပြီးနေ့စဉ်လူနေမှုဘဝကို အတတ်နိုင်ဆုံး ပြန်လည်ရရှိစေပေမယ့် သက်တမ်းစေ့အသက်ရှင်သန်နိုင်မှုအာမခံချက် (Life Expectancy) ကိုတော့ ဒီကုထုံးတွေချည်းသီးသန့်နဲ့မရရှိနိုင်ပါဘူး။ ဝေဒနာရှင်ကိုယ်တိုင်က လူမှုဘဝနေထိုင်မှုကို ဂရုတစိုက်နဲ့ပြုမူဆင်ခြင်မှသာ အများနည်းတူပုံမှန်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ရမှာပါ။ Risk factor တွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါများကိုမဖြစ်အောင် ကာကွယ်ခြင်း၊ ထိန်းညှိကုသခြင်း၊ အဆီအဆိမ့်၊ အချို၊ ၊အငန်လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြဉ်ခြင်း၊ ဆေးလိပ်၊ အရက် ရှောင်ခြင်း၊ စိတ်ဖိစီးမှုများသောနေထိုင်မှုဘဝမဖြစ်အောင် အတတ်နိုင်ဆုံးဆင်ခြင်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုခြင်း၊ စိတ်တည်ငြိမ်အောင်တရားရှူမှတ်ခြင်း စတာတွေကို နေ့စဉ်ပြုလုပ်သင့်ပါတယ်။

 

နှလုံးသွေးကြောကျဉ်းရောဂါမှာလက္ခဏာများသိသာစွာမပြဘဲရှိတတ်ပြီး ရောဂါလက္ခဏာများ စတင်ပြပြီဆိုပါကလည်း နှလုံးမှာအနည်းနှင့်အများစတင်ပျက်စီးနေပြီဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရုတ်တရက်အသက်အန္တရာယ်ကိုထိခိုက်နိုင်သော ဒီရောဂါရှိမရှိကိုကြိုတင်သိနိုင်ရန်ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်း (Medical Checkup )များပြုလုပ်သင့်ပြီး မိမိမှာနှလုံးရောဂါနှင့်ပတ်သက်ပြီးလက္ခဏာများ ခံစားနေရပါကလည်း ပေါ့ဆမနေသင့်ဘဲ ကုသမှုအချိန်မီစေရန် အမြန်ဆုံးပြသတိုင်ပင်ကာ နှလုံးကျန်းမာရေးကိုဂရုပြုသင့်ပါတယ်။

 

နှလုံးရောဂါအမျိုးမျိုးကိုရှိမရှိကြိုတင်စစ်ဆေးကြည့်လိုပါက Medical checkup ပြုလုပ်ရန် Cardiac Screening Package များကိုလည်းသီးသန့်စီစဉ်ထားရှိပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနှင့်ပတ်သက်ပြီး Invasive Cardiac Laboratory တွင် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (Coronary Angiography) ကို Innova IGS 520 GE Machine စက်သစ်ကြီးဖြင့်အသုံးပြုထားပါတယ်။ နှလုံးသွေးကြောနှင့်နှလုံးကြွက်သားများအခြေအနေကို အဆင်မြင့်နည်းပညာသုံးပြီးတိကျစွာ အဖြေထုတ်ပေးနိုင်တဲ့ (Myocardial Perfusion Scan )GE Healthcare Discover NM 530c စက်သစ်ကြီးကိုလည်း မြန်မာနိုင်ငံတွင်ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးနိုင်ခဲ့သော ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်ပါတယ်။

 

နှလုံးရောဂါအမျိုးမျိုးကို ကုသမှုပေးခြင်းအပိုင်းမှာလည်း နှလုံးသွေးကြောထောက်ကိရိယာထည့်ခြင်းနှင့် နှလုံးသွေးကြောချဲ့ခြင်း (Stent Implantation & Coronary Angioplasty)၊ နှလုံးခုန်နှုန်းပုံမှန်ထိန်းချုပ်စက်တပ်ဆင်ခြင်း (Pace Maker Insertion)၊ သွေးပေါင်ချိန်ကျဆင်းမသွားစေရန်ထိန်းချုပ်စက်တပ်ဆင်ခြင်း (Intra-Aortic Balloon Pump Insertion)၊ မွေးရာပါနှလုံးရောဂါများကိုပြုပြင်ပေးခြင်း (Closure of PDA, ASD,VSD) ၊ သွေးကြောဖြတ်ဆက်ကုသခြင်း CABG operation ကို နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်ကုသမှ ုများ ပြုလုပ်ပေးလျှက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။

Read times
Rate this item
(0 votes)