What's New




Friday, 07 February 2020 17:33

ကျောက်ကပ် ပျက်စီးကို လျော့ချနိုင်မည့် နည်းလမ်းများ

ကျောက်ကပ်ဆိုတာ လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် သာမက ဆီးလမ်းကြောင်းဆိုင်ရာအတွက်ပါ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ကျောက်ကပ် ပျက်စီးကို လျော့ချနိုင်မည့် နည်းလမ်းများ ကိုဖော်ပြထားပါတယ်။ 

မလိုအပ်ဘဲဆေး အလွန်ကျွံသောက်ခြင်း

အကိုက်ခဲပျောက်ဆေးအုပ်စုဝင်ဖြစ်တဲ့ ibuprofen နဲ naproxen ဆေးများကို ခဏခဏ သောက်သုံးစွဲခြင်း ဒါမှမဟုတ် သတ်မှတ်ထားတဲ့ အကြိမ်ရေထက် ပိုစွဲမိရင် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ proton pump inhibitors (PPIs) ကို နာကျင်ခြင်းအတွက် သောက်သုံးတာကလည်း နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်တယ်။ တစ်ကယ်လို့ သောက်သုံးဖို့ လိုအပ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးသင့်ပါတယ်။

 

ပိုးသတ်ဆေးများ သောက်သုံးခြင်း

ဘတ်တီးရီးယား တိုက်ဖျက်တဲ့ ဆေးဝါးများကို လိုအပ်တာထက်ပိုအသုံးရင်လည်း ကျောက်ကပ်ကို ပျက်စီးနိုင်တဲ့အပြင် ကျောက်ကပ်နဲ့ ဆက်သွယ်သော ဆီးလမ်းကြောင်းများကိုပါ ထိုခိုက်စေနိုင်ပါတယ်။ Cephalosporins ၊ sulfonamaides ၊ penicillin ကဲ့သို့သော ပိုးသတ်ဆေးဝါးများကလည်း ရည်ရှည်မှာ ကျောက်ကပ် ကို ပျက်စီးဖြစ်ပေါ်စေနိုင်သောကြောင့် အလွန်ကျွံ သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။

 

ကျန်းမာသော အစားအသောက်များ စားခြင်း

ကျောက်ကပ်ရောဂါက အချိုဓာတ် ၊ အငန်ဓာတ် နဲ့ အဆီဓာတ် စတဲ့ နေ့စဉ်အစားအသောက်များကလည်း ကျောက်ကပ်ပျက်စီးခြင်း ဖြစ်ပွားစေနိုင်ပါတယ်။ အိပ်ယာဝင်ချိန် အစာစားခြင်းကလည်း ကျောက်ကပ်ဆိုင်ရာ ရောဂါများ အပြင် အဝလွန်ခြင်း ၊ ဆီးချိုသွေးချို နဲ့ သွေးခုန်နှုန်းများ ထိခိုက်နိုင်ပါတယ်။ ကျန်းမာရေးအတွက်ကောင်းသော အရွက်များ ၊ အသီးများ ၊ အစေ့များ နဲ့ အစားအသောက်များကို စားသုံးပေးဖြင့်အား ကျောက်ကပ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

အငန်ဓာတ်များ စားသုံးခြင်း

အငန်ဓာတ်က လူများကို မတူညီသော ကွဲပြားမှု နဲ့ အကျိုးသကစေနိုင်တဲ့အပြင် ယူရင်းအထဲမှာရှိတဲ့ ပရိုတင်းဓာတ်များပမာဏ ကို မြင့်တတ်စေနိုင်ပါတယ်။ ဒါ့အပြင် အလွန်ကျွံစားမိရင်တော့ ကျောက်ကပ် ရောဂါကို ဖြစ်ပေါ်စေနိုင်ပါသလို အငန်ဓာတ်များခြင်းက သွေးတိုး နှင့် ဆီးချိုသွေးချို ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးခြင်းဖြစ်ပေါ်ပါက ဆေးကုသမှုကို ခံယူခြင်းမရှိလျှင် ရည်ရှည်မှာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ရေကို လုံလောက်စွာသောက်သုံးခြင်း
ရေကို လုံလုံလောက်သောက်သုံးခြင်းကလည်း ကျောက်ကပ်ရောဂါဖြစ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ရေကိုလုံလောက်စွာ သောက်သုံးခြင်းနည်းရင်တော့ ရောဂါကူးဆက်ခြင်း ၊ ကျောက်ကပ်ခြောက်သွေ့ခြင်း နဲ့ ကျောက်ကပ်အတွင်းရှိ သေးငယ်သောဇာကာပေါက် လေးများက ကောင်းမွန်စွာ လုပ်နိုင်စွမ်း လျော့နည်းသွားနိုင်ပါတယ်။ တစ်ရက်ကို ရေ (၁)တစ်လီတာ သောက်သုံးခြင်းက လည်းကျောက်ကပ် အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပါတယ်။

 

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်ခြင်း ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု့ အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သလို ၊ ကျောက်ကပ် ပျက်စီးခြင်း ၊ နှလုံးရောဂါဖြစ်ခြင်း နဲ ဆီးချိုသွေးချိုရောဂါ ဖြစ်ခြင်းများကိုလည်း လျော့ချနိုင်ပါတယ်။ နေ့တိုင်း GYM ကစားခြင်း မပြုလုပ်နိုင်ရင်လည်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းကလည်း ကျောက်ကပ်ဖြစ်ခြင်းကို လျော့ချနိုင်ပါတယ်။ တစ်ပတ်ကို ၅ ရက် တစ်ရက်ကို ၃၀မိနစ် - ၆၀ မိနစ် ပုံမှန်ပြု လုပ်ပေးသင့်ပါတယ်။ သင့်မှာ နှလုံးရောဂါရှိတယ်ဆိုရင်တော့ လေ့ကျင့်ခန်း မပြုလုပ်ခင် ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ လေ့ကျင့်ခန်းကို ပြုလုပ်သင့်ပါတယ်။

 

အရက်သောက်ခြင်း

ကျန်းမာရေးအတွက် အရက်သောက်သုံးရင်တော့ တစ်ခွက် (သို့) နှစ်ခွက်လောက်သာသောက် သုံးခြင်းက ကျောက်ကပ်ကို မထိခိုက်နိုင်သော်လည်း လိုတာထက် ပိုသောက်မယ်ဆိုရင်တော့ ကျောက်ကပ်၊ ခန္ဓာကိုယ် အစိတ်အပိုင်း နဲ့ နာတာရှည်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အရက်သောက်ခြင်းက ရေဓာတ်ခန်းခြောက်ခြင်း ၊ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်ခြင်း နဲ့ ခန္ဓာကိုယ်အဆီပိတ်ခြင်း ၊ အသဲရောဂါ ၊ သွေးတိုး နဲ့ အခြားစိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

======

ေက်ာက္ကပ္ ပ်က္စီးကို ေလ်ာ့ခ်ႏိုင္မည့္ နည္းလမ္းမ်ား

 

ေက်ာက္ကပ္ဆိုတာ လူ႕ခႏၶာကိုယ္ က်န္းမာေရးအတြက္ သာမက ဆီးလမ္းေၾကာင္းဆိုင္ရာအတြက္ပါ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုျဖစ္တယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ ပ်က္စီးကို ေလ်ာ့ခ်ႏိုင္မည့္ နည္းလမ္းမ်ား ကိုေဖာ္ျပထားပါတယ္။

 

မလိုအပ္ဘဲေဆး အလြန္ကၽြံေသာက္ျခင္း

အကိုက္ခဲေပ်ာက္ေဆးအုပ္စု၀င္ျဖစ္တဲ့ ibuprofen နဲ naproxen ေဆးမ်ားကို ခဏခဏ ေသာက္သံုးစြဲျခင္း ဒါမွမဟုတ္ သတ္မွတ္ထားတဲ့ အႀကိမ္ေရထက္ ပိုစြဲမိရင္ ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္ပါတယ္။ proton pump inhibitors (PPIs) ကို နာက်င္ျခင္းအတြက္ ေသာက္သံုးတာကလည္း နာတာရွည္ ေက်ာက္ကပ္ပ်က္စီးျခင္းကို ျဖစ္ေပၚေစႏိုင္တယ္။ တစ္ကယ္လို႔ ေသာက္သံုးဖို႔ လိုအပ္လာရင္ေတာ့ ဆရာ၀န္နဲ႔ တုိင္ပင္ၿပီး ေသာက္သံုးသင့္ပါတယ္။

 

ပိုးသတ္ေဆးမ်ား ေသာက္သံုးျခင္း

ဘတ္တီးရီးယား တိုက္ဖ်က္တဲ့ ေဆး၀ါးမ်ားကို လိုအပ္တာထက္ပိုအသံုးရင္လည္း ေက်ာက္ကပ္ကို ပ်က္စီးႏိုင္တဲ့အျပင္ ေက်ာက္ကပ္နဲ႔ ဆက္သြယ္ေသာ ဆီးလမ္းေၾကာင္းမ်ားကိုပါ ထိုခိုက္ေစႏိုင္ပါတယ္။ Cephalosporins ၊ sulfonamaides ၊ penicillin ကဲ့သို႕ေသာ ပိုးသတ္ေဆး၀ါးမ်ားကလည္း ရည္ရွည္မွာ ေက်ာက္ကပ္ ကို ပ်က္စီးျဖစ္ေပၚေစႏိုင္ေသာေၾကာင့္ အလြန္ကၽြံ ေသာက္သံုးျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။

 

က်န္းမာေသာ အစားအေသာက္မ်ား စားျခင္း

ေက်ာက္ကပ္ေရာဂါက အခ်ိဳဓာတ္ ၊ အငန္ဓာတ္ နဲ႔ အဆီဓာတ္ စတဲ့ ေန႔စဥ္အစားအေသာက္မ်ားကလည္း ေက်ာက္ကပ္ပ်က္စီးျခင္း ျဖစ္ပြားေစႏိုင္ပါတယ္။ အိပ္ယာ၀င္ခ်ိန္ အစာစားျခင္းကလည္း ေက်ာက္ကပ္ဆိုင္ရာ ေရာဂါမ်ား အျပင္ အ၀လြန္ျခင္း ၊ ဆီးခ်ိဳေသြးခ်ိဳ နဲ႔ ေသြးခုန္ႏႈန္းမ်ား ထိခိုက္ႏိုင္ပါတယ္။ က်န္းမာေရးအတြက္ေကာင္းေသာ အရြက္မ်ား ၊ အသီးမ်ား ၊ အေစ့မ်ား နဲ႔ အစားအေသာက္မ်ားကို စားသံုးေပးျဖင့္အား ေက်ာက္ကပ္ေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

 

အငန္ဓာတ္မ်ား စားသံုးျခင္း

အငန္ဓာတ္က လူမ်ားကို မတူညီေသာ ကြဲျပားမႈ န႔ဲ အက်ိဳးသကေစႏိုင္တဲ့အျပင္ ယူရင္းအထဲမွာရွိတဲ့ ပရိုတင္းဓာတ္မ်ားပမာဏ ကို ျမင့္တတ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ အလြန္ကၽြံစားမိရင္ေတာ့ ေက်ာက္ကပ္ ေရာဂါကို ျဖစ္ေပၚေစႏုိင္ပါသလို အငန္ဓာတ္မ်ားျခင္းက ေသြးတိုး ႏွင့္ ဆီးခ်ိဳေသြးခ်ိဳ ကိုလည္း ျဖစ္ေပၚေစႏိုင္ပါတယ္။ ေက်ာက္ကပ္ ပ်က္စီးျခင္းျဖစ္ေပၚပါက ေဆးကုသမႈကုိ ခံယူျခင္းမရွိလွ်င္ ရည္ရွည္မွာ ေဘးထြက္ဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ေရကို လံုေလာက္စြာေသာက္သံုးျခင္း
ေရကို လံုလံုေလာက္ေသာက္သံုးျခင္းကလည္း ေက်ာက္ကပ္ေရာဂါျဖစ္ျခင္းကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ေရကိုလံုေလာက္စြာ ေသာက္သံုးျခင္းနည္းရင္ေတာ့ ေရာဂါကူးဆက္ျခင္း ၊ ေက်ာက္ကပ္ေျခာက္ေသြ႔ျခင္း နဲ႔ ေက်ာက္ကပ္အတြင္းရွိ ေသးငယ္ေသာဇာကာေပါက္ ေလးမ်ားက ေကာင္းမြန္စြာ လုပ္ႏိုင္စြမ္း ေလ်ာ့နည္းသြားႏိုင္ပါတယ္။ တစ္ရက္ကို ေရ (၁)တစ္လီတာ ေသာက္သံုးျခင္းက လည္းေက်ာက္ကပ္ အတြင္းရွိ အညစ္အေၾကးမ်ားကို သန္႔စင္ေပးႏိုင္ပါတယ္။

 

ေလ့က်င့္ခန္းျပဳလုပ္ျခင္း

ေလ့က်င့္ခန္းျပဳလုပ္ျခင္း ခႏၶာကိုယ္ က်န္းမာႀကံ႕ခိုင္မႈ႕ အတြက္ အေကာင္းဆံုးနည္းလမ္းျဖစ္သလို ၊ ေက်ာက္ကပ္ ပ်က္စီးျခင္း ၊ ႏွလံုးေရာဂါျဖစ္ျခင္း နဲ ဆီးခိ်ဳေသြးခ်ိဳေရာဂါ ျဖစ္ျခင္းမ်ားကိုလည္း ေလ်ာ့ခ်ႏိုင္ပါတယ္။ ေန႔တုိင္း GYM ကစားျခင္း မျပဳလုပ္ႏိုင္ရင္လည္း ပံုမွန္ေလ့က်င့္ခန္း ျပဳလုပ္ျခင္းကလည္း ေက်ာက္ကပ္ျဖစ္ျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။ တစ္ပတ္ကို ၅ ရက္ တစ္ရက္ကို ၃၀မိနစ္ - ၆၀ မိနစ္ ပံုမွန္ျပဳ လုပ္ေပးသင့္ပါတယ္။ သင့္မွာ ႏွလံုးေရာဂါရွိတယ္ဆိုရင္ေတာ့ ေလ့က်င့္ခန္း မျပဳလုပ္ခင္ ဆရာဝန္မ်ားနဲ႔ တိုင္ပင္ၿပီးမွ ေလ့က်င့္ခန္းကို ျပဳလုပ္သင့္ပါတယ္။

 

အရက္ေသာက္ျခင္း

က်န္းမာေရးအတြက္ အရက္ေသာက္သံုးရင္ေတာ့ တစ္ခြက္ (သို႕) ႏွစ္ခြက္ေလာက္သာေသာက္ သံုးျခင္းက ေက်ာက္ကပ္ကို မထိခိုက္ႏိုင္ေသာ္လည္း လိုတာထက္ ပိုေသာက္မယ္ဆိုရင္ေတာ့ ေက်ာက္ကပ္၊ ခႏၶာကိုယ္ အစိတ္အပိုင္း နဲ႔ နာတာရွည္ေရာဂါမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အရက္ေသာက္ျခင္းက ေရဓာတ္ခန္းေျခာက္ျခင္း ၊ ေက်ာက္ကပ္ ေကာင္းစြာအလုပ္မလုပ္ျခင္း နဲ႔ ခႏၶာကိုယ္အဆီပိတ္ျခင္း ၊ အသဲေရာဂါ ၊ ေသြးတိုး နဲ႔ အျခားစိတ္ဖိစီးမႈမ်ားကို ျဖစ္ေပၚေစႏို္င္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)