What's New


Saturday, 15 February 2020 11:58

ဆီးအိမ်ကျောက်တည်ရခြင်း အကြောင်းရင်း

ဆီးကခန္ဓာကိုယ်အတွင်း မသန့်ရှင်းသော ရေဓာတ် ၊ကိုယ်အပူချိန် များကို လျော့ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။

“ ယောကျာ်းမှာဆီး မိန်းမမှာ မီး” ဆိုတဲ့စကားပုံအတိုင်း အမျိုးသမီးများမှာ မီးယက် ကြောင့်အသက်ဆုံးရူံးမှု အများဆုံးဖြစ်ပြီး အမျိုးသားအများစုက ဆီးကြောင့် ဝေသနာအများစုကို ခံစားနေရပါတယ်။ ဆီးပုံမှန်သွားခြင်းဖြင့်  န္ဓာကိုယ်အတွင်းရှိ သန်မာဘတ်တီးရီးယားပိုး များဝင်ရောက်မှုနဲ့ မလိုအပ်သော အညစ်အကြေးများကို ဆီးသွားခြင်းဖြင့်လျော့ချနိုင်ပါတယ်။

 

ဆီးအိမ်ကျောက်တည်ခြင်းဆိုတာ ဆီးအိမ်ထဲရှိ ဆားဓာတ်တွေက အစိုင်အခဲ များအဖြစ်ပြောင်းလဲပြီး ဆီးအိမ် ၊ ဆီးပြွန် ၊ ကျောက်ကပ်နားတစ်ဝိုက် ကျောက်ပုံစံ အစိုင်အခဲက သေးသေးလေး မှ ၅လက်မ အရွယ်အစား လောက်အထိရှိပြီး ထိုအစိုင်အခဲများပိတ်ဆို့ခြင်းမှ ဆီးအိမ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အကြောင်းမဲ့ ခါးအောက်ပိုင်း အလွန်နာကျင်ပြီး ဆီးသွားရန်ခက်ခဲနေတယ်ဆို ရင်တော့ ဆီးအိမ်ကျောက်တည် မှုဖြစ်ပေါ်နိုင်ကြောင်း သတိထားဖို့လိုပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းက အသက်အရွယ် ကျား ၊ မ မရွေး စ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းက အမျိုးသားများက အမျိုးသမီးများထက်ဖြစ်ပေါ်လေ့ရှိသော ရောဂါတစ်ခုဖြစ်ပါတယ်။

 

ဆီးအိမ်ကျောက်တည် ခြင်းလက္ခဏာများ

ဝမ်းဗိုက်အောက်ပိုင်းအောင့်တာ ၊ အမျိုးသားအင်္ဂါ နဲ့ ဝှေးစေ့မှာနာကျင်တာ ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ ၊ ဆီးသွားရခက်ခဲတာ ၊ ဆီးတွင်းသွေးပါတာ ၊ ဆီးအနက်ရောင်ဖြစ်တာ ၊ ဆီးခဏခဏသွားချင်တာ ၊ ဆီးကျင်သလိုခံစားရတာ ၊ ချမ်းတုန် အဖျားတတ်တာ နဲ့ ပျို့အန်တာစတဲ့ လက္ခဏာများဖြစ်ပေါ် စေနိုင်ပါတယ်။

 

X-Ray & Ultrasound (ရောဂါရှာဖွေ နှင့် ဓာတ်ခွဲခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for X-Ray & Ultrasound

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ

အလွန်အောင့်အန်တာ ၊ ခါးအောက်ပိုင်းအလွန်နာကျင်တာ ၊ နာကျင်ပြီး အဖျားတတ်တာ ၊ ဆီးတွင်းသွေးပါတာ ၊ ဆီးခဏခဏသွားချင်ပေမဲ့ ဆီးသွားရန်ခက်ခဲတာ ၊ အမျိုးသားဝှေးစေ့နားတစ်ဝိုက် အလွန်နာကျင်တာ များဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ပြသပြီးကုသမှုခံယူပါ။

 

ဒါအပြင် အပူအစပ်စားတာ ၊ ဖရဲသီးစားတာ ၊ အရက် ၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ ၊   အဆီဓာတ်များများစားခြင်းမှ ရှောင်ကျဉ်တာ ၊ မလိုအပ်ဘဲ ပဋိဇီဝဆေးများအလွန်သုံးဆွဲခြင်းမှ ရှောင်ကျဉ်တာ ၊ ရေသန့် တစ်ရက်ကို အနည်းဆုံး ၁ လီတာ သောက်ပေးတာ ပေးခြင်းဖြင့်လည်း ဆီးအိမ်ကျောက်တည်ခြင်းကို သက်သာနိုင်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ တခါတရံ ဆီးအိမ်ကျောက်တည်ခြင်းက မျိးရိုးဗိဇကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ဆီးအိမ်ကျောက်တည်ခြင်းကို ကုသနည်း


ဆီးအိမ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်နေတဲ့ ကျောက်အရွယ်အစားပေါ်မူတည်ပြီး ကုသမှုများပြုလုပ် နိုင်ပါတယ်။ ကျောက်အရွယ်အစား သေးငယ်လျှင်ရေများများသောက်ခြင်းဖြင့် ဆီးသွားချိန်တွင် ပါသွားနိုင်သလို ၊ ကျောက်အရွယ်အစားကြီးရင် ခွဲစိတ်ဖယ်ရှားတာ ၊ ဆီးလမ်းကြောင်းကြည့်မှန်သုံးပြီး ဖယ်ရှားတာ ၊ tamsulion or calcium channel blockers စတဲ့ဆေးများစားတာ ၊ အရောပြားအပေါက်ဖောက်ပြီး ြွပန်ထည့်ခြင်း နည်းလမ်းများသုံးတာ စတဲ့နည်းလမ်းများကို ဆရာဝန် ရဲ့လမ်းညွှန်ချက်အတိုင်း လိုက်ဆောင်ရွက် ကုသနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

ဆီးအိမ္ေက်ာက္တည္ရျခင္း အေၾကာင္းရင္း

 

ဆီးကခႏၶာကိုယ္အတြင္း မသန္႔ရွင္းေသာ ေရဓာတ္ ၊ကိုယ္အပူခ်ိန္ မ်ားကို ေလ်ာ့ေပးႏိုင္တဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္ ။ “ ေယာက်ာ္းမွာဆီး မိန္းမမွာ မီး” ဆိုတဲ့စကားပံုအတိုင္း အမ်ိဳးသမီးမ်ားမွာ မီးယက္ ေၾကာင့္အသက္ဆံုးရံူးမႈ အမ်ားဆံုးျဖစ္ၿပီး အမ်ိဳးသားအမ်ားစုက ဆီးေၾကာင့္ ေ၀သနာအမ်ားစုကို ခံစားေနရပါတယ္။ ဆီးပံုမွန္သြားျခင္းျဖင့္ ခႏၶာကိုယ္အတြင္းရွိ သန္မာဘတ္တီးရီးယားပိုး မ်ား၀င္ေရာက္မႈနဲ႔ မလိုအပ္ေသာ အညစ္အေၾကးမ်ားကို ဆီးသြားျခင္းျဖင့္ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ဆီးအိမ္ေက်ာက္တည္ျခင္းဆိုတာ ဆီးအိမ္ထဲရွိ ဆားဓာတ္ေတြက အစုိင္အခဲ မ်ားအျဖစ္ေျပာင္းလဲၿပီး ဆီးအိမ္ ၊ ဆီးျပြန္ ၊ ေက်ာက္ကပ္နားတစ္၀ိုက္ ေက်ာက္ပံုစံ အစိုင္အခဲက ေသးေသးေလး မွ ၅လက္မ အရြယ္အစား ေလာက္အထိရွိၿပီး ထိုအစိုင္အခဲမ်ားပိတ္ဆို႕ျခင္းမွ ဆီးအိမ္ေက်ာက္တည္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 

အေၾကာင္းမဲ့ ခါးေအာက္ပိုင္း အလြန္နာက်င္ၿပီး ဆီးသြားရန္ခက္ခဲေနတယ္ဆို ရင္ေတာ့ ဆီးအိမ္ေက်ာက္တည္ မႈျဖစ္ေပၚႏိုင္ေၾကာင္း သတိထားဖို႔လိုပါတယ္။ ဆီးအိမ္ေက်ာက္တည္ျခင္းက အသက္အရြယ္ က်ား ၊ မ မေရြးျဖစ္ပြားႏိုင္ေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ ဆီးအိမ္ေက်ာက္တည္ျခင္းက အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ျဖစ္ေပၚေလ့ရွိေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။

 

ဆီးအိမ္ေက်ာက္တည္ျခင္း လကၡဏာမ်ား

၀မ္းဗိုက္ေအာက္ပိုင္းေအာင့္တာ ၊ အမ်ိဳးသားအဂၤါ နဲ႔ ေ၀ွးေစ့မွာနာက်င္တာ ၊ ဆီးသြားစဥ္ ပူစပ္ပူေလာင္ျဖစ္တာ ၊ ဆီးသြားရခက္ခဲတာ ၊ ဆီးတြင္းေသြးပါတာ ၊ ဆီးအနက္ေရာင္ျဖစ္တာ ၊ ဆီးခဏခဏသြားခ်င္တာ ၊ ဆီးက်င္သလိုခံစားရတာ ၊ ခ်မ္းတုန္ အဖ်ားတတ္တာ နဲ႔ ပ်ိဳ႕အန္တာစတဲ့ လကၡဏာမ်ားျဖစ္ေပၚ ေစႏိုင္ပါတယ္။

 

X-Ray & Ultrasound (ေရာဂါရွာေဖြ ႏွင့္ ဓာတ္ခြဲခန္းေပါင္း ၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for X-Ray & Ultrasound

 

ဘယ္အခ်ိန္မွာ ဆရာ၀န္နဲ႔ ျပသသင့္လဲ

အလြန္ေအာင့္အန္တာ ၊ ခါးေအာက္ပိုင္းအလြန္နာက်င္တာ ၊ နာက်င္ၿပီး အဖ်ားတတ္တာ ၊ ဆီးတြင္းေသြးပါတာ ၊ ဆီးခဏခဏသြားခ်င္ေပမဲ့ ဆီးသြားရန္ခက္ခဲတာ ၊ အမ်ိဳးသားေ၀ွးေစ့နားတစ္၀ိုက္ အလြန္နာက်င္တာ မ်ားျဖစ္ေပၚလာလွ်င္ ဆရာ၀န္နဲ႔ ျပသၿပီးကုသမႈခံယူပါ။

 

ဒါအျပင္ အပူအစပ္စားတာ ၊ ဖရဲသီးစားတာ ၊ အရက္ ၊ ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္က်ဥ္တာ ၊ အဆီဓာတ္မ်ားမ်ားစားျခင္းမွ ေရွာင္က်ဥ္တာ ၊ မလိုအပ္ဘဲ ပဋိဇီ၀ေဆးမ်ားအလြႏ္သံုးဆဲြျခင္းမွ ေရွာင္က်ဥ္တာ ၊ ေရသန္႔ တစ္ရက္ကို အနည္းဆံုုး ၁ လီတာ ေသာက္ေပးတာ ေပးျခင္းျဖင့္လည္း ဆီးအိမ္ေက်ာက္တည္ျခင္းကို သက္သာႏိုင္သလို ကာကြယ္ရာလည္းေရာက္ပါတယ္။ တခါတရံ ဆီးအိမ္ေက်ာက္တည္ျခင္းက မ်ိးရိုးဗိဇေၾကာင့္လည္း ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ဆီးအိမ္ေက်ာက္တည္ျခင္းကို ကုသနည္း

ဆီးအိမ္ေက်ာက္တည္ျခင္းကို ျဖစ္ေပၚေနတဲ့ ေက်ာက္အရြယ္အစားေပၚမူတည္ၿပီး ကုသမႈမ်ားျပဳလုပ္ ႏိုင္ပါတယ္။ ေက်ာက္အရြယ္အစား ေသးငယ္လွ်င္ေရမ်ားမ်ားေသာက္ျခင္းျဖင့္ ဆီးသြားခ်ိန္တြင္ ပါသြားႏိုင္သလို ၊ ေက်ာက္အရြယ္အစားႀကီးရင္ ခဲြစိတ္ဖယ္ရွားတာ ၊ ဆီးလမ္းေၾကာင္းၾကည့္မွန္သံုးၿပီး ဖယ္ရွားတာ ၊ tamsulion or calcium channel blockers စတဲ့ေဆးမ်ားစားတာ ၊ အေရာျပားအေပါက္ေဖာက္ၿပီး ၿြပန္ထည့္ျခင္း နည္းလမ္းမ်ားသံုးတာ စတဲ့နည္းလမ္းမ်ားကို ဆရာ၀န္ ရဲ႔လမ္းညႊန္ခ်က္အတုိင္း လိုက္ေဆာင္ရြက္ ကုသႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)