What's New




Monday, 23 March 2020 14:05

မပေါ့ဆသင့်တဲ့ အသည်းခြောက်ရောဂါ

အသည်းက ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အသည်းက ခန္ဓာကိုယ်တွင်းရှိကြီးမားသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး အစာချေစနစ်မှ ထုတ်လုပ်သော အာဟာရများကို စုပ်ယူသိုလှောင်တာ၊ ခန္ဓာကိုယ်အတွင်းရှိ အဆီများကို ချေဖျက်တာ ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို စစ်ထုတ်ပြီး ဆီးဝမ်းမှတစ်ဆင့်စွန့်ပစ်ခြင်း လုပ်ငန်းကိုလုပ်ဆောင်ရပါတယ်။

 

အသည်းခြောက်ရောဂါဆိုတာ ခန္ဓာကိုယ်အတွင်း ခုခံမှုစနစ်က အသည်းဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် အသည်းလုပ်ဆောင်ချက်များကို နှောက်နှေး ပျက်စီးစေခြင်းမှ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။အသည်းခြောက်ရောဂါက အသည်းတစ်ခုလုံးခြောက်သွေ့သွားတာမဟုတ်ဘဲ အသည်းတစ်စိတ်တစ်ပိုင်း (သို့) အသည်းတစ်ခြမ်းသာ ခြောက်သွေ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အသည်းခြောက်ရောဂါကို ပေါ့ဆစွာနေထိုင်ခြင်းကြောင့် အသည်းတစ်ခြမ်းခြောက်သွေ့ခြင်းမှ အသည်းတစ်ခုလုံးသို့ပြန့်နှံ ခြောက်သွေ့သွားစေနိုင်ပါတယ်။

 

ဒါကြောင့်အသည်းကျန်းမာစေဖို့ အစားအစာများကို ဂရုစိုက်ဖို့လိုသလို အသည်းပျက်စီးခြင်းကြောင့် အစာအိမ်ရောဂါ ၊ သတိမေ့ရောဂါ ၊ လိပ်ခေါင်းရောဂါစတဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်စေပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။



အသည်းခြောက်ရောဂါကြောင့် ကိုယ်လေးချိန်လျော့ချလာတာ ၊ အစားအသောက်ပျက်လာတာ ၊ ဆံပင်ကျွတ်လာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ ပျို့အန်တာ ၊ ကိုယ်ခံအားနည်းလာတာ၊ ခြေ လက်ဖဝါးများ သာမာထက်နီရဲလာတာ ၊ အသားရေ ဝါဖျော့ဖျော့ အရောင်ဖြစ်ပေါ်လာတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Traditional Medicine Hall (တိုင်းရင်း ဆေးကုခန်းပေါင်း ၅၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Traditional Medicine Hall

 

အသည်းခြောက်ရောဂါကို အရက်အလွန်သောက်သုံးခြင်းမှ ရှောင်ကျဉ်တာ၊ ဘီ၊ စီ ပိုးရှိမရှိ ၆ လတစ်ကြိမ် သွေးစစ်ဆေးတာ ၊ ဆေးရွက်ကြီးစားသုံးတာ နဲ့ ဆေးလိပ်သောက်သုံးခြင်းမှရှောင်ကျဉ်တာ၊ ခန္ဓာကိုယ်ခုခံအားကောင်းစေတဲ့ အစားအစာများစားတာ ၊ ရေများများသောက်တာ၊ အသည်းကို ကျန်းမာစေတဲ့ အသီးအရွက်များစားသုံးပေးတာ ၊ ငါးအမျိုးမျိုး ၊ နို့ထွက်ပစ္စည်းများကို တိုင်းတာပြီး စားသုံးပေးတာ ၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးတာ ၊ ပဠိဇီဝဆေးများ အလွန်အကျွံ့သုံးစွဲခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် အသည်းခြောက်ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါတယ်။

 

အသည်းခြောက်ရောဂါကို ပေါ့ဆစွာနထိုင်ခြင်းကြောင့် အသက်ကို ဆုံးရှုံးနိုင်တဲ့အတွက် အထက်တွင်ဖော်ပြထားတဲ့ လက္ခဏာများဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသ၍ စစ်ဆေးမှုကို ခံယူပါ။ ပြီးနောက် အသည်းခြောက်ခြင်းကို စတင်ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းမှ စတင်ကုသမှုတာ ၊ သည်းရောင်ရောဂါဖြစ်တဲ့ ဘီ ပိုး၊ စီ ပိုးများ အတွက်ဆေးသောက်သုံးတာ၊ ခွဲစိတ်ကုသတာ ၊ အသည်းအစားထိုးကုသတာ စတဲ့ နည်းလမ်းများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာကာ ကုသခြင်းဖြင့် အသည်းခြောက်ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

Written By Health Products Directory

 

90165828 212716063139335 1462378197545910272 n


(Zawgyi)

=====

မေပါ့ဆသင့္တဲ့ အသည္းေျခာက္ေရာဂါ

 

အသည္းက ခႏၶာကိုယ္ရဲ႔ မရွိမျဖစ္လိုအပ္ေသာ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ အသည္းက ခႏၶာကိုယ္တြင္းရွိႀကီးမားေသာ အစိတ္အပိုင္းတစ္ခုလည္းျဖစ္ၿပီး အစာေခ်စနစ္မွ ထုတ္လုပ္ေသာ အာဟာရမ်ားကို စုပ္ယူသိုေလွာင္တာ၊ ခႏၶာကိုယ္အတြင္းရိွ အဆီမ်ားကို ေခ်ဖ်က္တာ ၊ ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မ်ားကုိ စစ္ထုတ္ၿပီး ဆီး၀မ္းမွတစ္ဆင့္စြန္႔ပစ္ျခင္း လုပ္ငန္းကုိလုပ္ေဆာင္ရပါတယ္။

 

အသည္းေျခာက္ေရာဂါဆိုတာ ခႏၶာကိုယ္အတြင္း ခုခံမႈစနစ္က အသည္းဆဲလ္မ်ားကို မွားယြင္းတိုက္ခိုက္ျခင္းေၾကာင့္ အသည္းလုပ္ေဆာင္ခ်က္မ်ားကို ေႏွာက္ေႏွး ပ်က္စီးေစျခင္းမွ ျဖစ္ေပၚလာတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။အသည္းေျခာက္ေရာဂါက အသည္းတစ္ခုလံုးေျခာက္ေသြ႕သြားတာမဟုတ္ဘဲ အသည္းတစ္စိတ္တစ္ပိုင္း (သို႕) အသည္းတစ္ျခမ္းသာ ေျခာက္ေသြ႔ျခင္းျဖစ္ပါတယ္။ ဒါေပမဲ့ အသည္းေျခာက္ေရာဂါကို ေပါ့ဆစြာေနထိုင္ျခင္းေၾကာင့္ အသည္းတစ္ျခမ္းေျခာက္ေသြ႔ျခင္းမွ အသည္းတစ္ခုလံုးသို႔ျပန္႔ႏွံ ေျခာက္ေသြ႔သြားေစႏိုင္ပါတယ္။

 

ဒါေၾကာင့္အသည္းက်န္းမာေစဖို႔ အစားအစာမ်ားကုိ ဂရုစုိက္ဖို႕လိုသလို အသည္းပ်က္စီးျခင္းေၾကာင့္ အစာအိမ္ေရာဂါ ၊ သတိေမ့ေရာဂါ ၊ လိပ္ေခါင္းေရာဂါစတဲ့ ေနာက္ဆက္တြဲေရာဂါမ်ား ျဖစ္ေပၚေစၿပီး အသက္ဆံုးရံႈးရတဲ့အထိ ျဖစ္ေပၚေစႏိုင္ပါတယ္။

 

Traditional Medicine Hall (တုိင္းရင္း ေဆးကုခန္းေပါင္း ၅၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Traditional Medicine Hall


အသည္းေျခာက္ေရာဂါေၾကာင့္ ကိုယ္ေလးခ်ိန္ေလ်ာ့ခ်လာတာ ၊ အစားအေသာက္ပ်က္လာတာ ၊ ဆံပင္ကၽြတ္လာတာ၊ ပင္ပန္းႏြမ္းနယ္လာတာ၊ ပ်ိဳ႕အန္တာ ၊ ကိုယ္ခံအားနည္းလာတာ၊ ေျခ လက္ဖ၀ါးမ်ား သာမာထက္နီရဲလာတာ ၊ အသားေရ ၀ါေဖ်ာ့ေဖ်ာ့ အေရာင္ျဖစ္ေပၚလာတာ စတဲ့လကၡဏာမ်ား ျဖစ္ေပၚေစႏိုင္ပါတယ္။

 

အသည္းေျခာက္ေရာဂါကို အရက္အလြန္ေသာက္သံုးျခင္းမွ ေရွာင္က်ဥ္တာ၊ ဘီ၊ စီ ပိုးရွိမရွိ ၆ လတစ္ႀကိမ္ ေသြးစစ္ေဆးတာ ၊ ေဆးရြက္ႀကီးစားသံုးတာ နဲ႕ ေဆးလိပ္ေသာက္သံုးျခင္းမွေရွာင္က်ဥ္တာ၊ ခႏၶာကိုယ္ခုခံအားေကာင္းေစတဲ့ အစားအစာမ်ားစားတာ ၊ ေရမ်ားမ်ားေသာက္တာ၊ အသည္းကို က်န္းမာေစတဲ့ အသီးအရြက္မ်ားစားသံုးေပးတာ ၊ ငါးအမ်ိုးမ်ိဳး ၊ ႏို႔ထြက္ပစၥည္းမ်ားကို တိုင္းတာၿပီး စားသံုးေပးတာ ၊ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ေပးတာ ၊ ပဠိဇီ၀ေဆးမ်ား အလြန္အကၽြံ႕သံုးစြဲျခင္းမွ ေရွာင္က်ဥ္ျခင္းျဖင့္ အသည္းေျခာက္ေရာဂါ ျဖစ္ပြားျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။

 

အသည္းေျခာက္ေရာဂါကို ေပါ့ဆစြာနထိုင္ျခင္းေၾကာင့္ အသက္ကို ဆံုးရႈံးႏိုင္တဲ့အတြက္ အထက္တြင္ေဖာ္ျပထားတဲ့ လကၡဏာမ်ားျဖစ္ေပၚလာရင္ ဆရာ၀န္နဲ႔ ျပသ၍ စစ္ေဆးမႈကို ခံယူပါ။ ၿပီးေနာက္ အသည္းေျခာက္ျခင္းကို စတင္ျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းမွ စတင္ကုသမႈတာ ၊ သည္းေရာင္ေရာဂါျဖစ္တဲ့ ဘီ ပိုး၊ စီ ပိုးမ်ား အတြက္ေဆးေသာက္သံုးတာ၊ ခဲြစိတ္ကုသတာ ၊ အသည္းအစားထိုးကုသတာ စတဲ့ နည္းလမ္းမ်ားကုိ ဆရာ၀န္ရဲ႕ လမ္းညႊန္ခ်က္မ်ားအတိုင္း လိုက္နာကာ ကုသျခင္းျဖင့္ အသည္းေျခာက္ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)