What's New




Saturday, 30 January 2021 15:55

နှလုံးအားနည်းခြင်း၏ အရေးကြီးသည့် လက္ခဏာ (၈) ချက်

နှလုုံးအားနည်းခြင်းကြောင့် လူ့ရဲ ့ခန္ဓာကိုုယ်တခုုလုံုးကိုု ထိခိုုက်နိုုင်ပါတယ်။ နှလုံုးအားနည်းတဲ့ လက္ခဏာတွေကိုု လပိုုင်းကနေ နှစ်နဲ့ချီပြီးတော့ စောစောကတည်းက ကြိုတင်ပြီး သိနိုုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တခုုခုု ရှိနေပြီဆိုုရင်တော့ ဆရာဝန်နဲ့ သေချာပြပြီးလိုုအပ်ရင် အထူးကုုနဲ့ ပြသင့်ပါတယ်။

၁။ မောဟိုုက်ခြင်း

ကိုုယ်လက်လှုပ်ရှားလုုပ်တဲ့အခါ ဒါမှမဟုုတ် စိတ်လှုပ်ရှားတဲ့အခါမှာ မောဟိုုက်နေသလား။ အဲဒီလိုု မောဟိုုက်နေတာဟာ နှလုံုးအားနည်းနေလိုု့ ဖြစ်နိုုင်ပါတယ်။ ညဘက်မှာ မောဟိုုက်ပြီး အိပ်ယာကနိုုးတာ၊ လှဲပြီးအိပ်ရင်မောတာ တွေဟာ နှလုံုးအားနည်းရင် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေပါပဲ။

၂။ ချောင်းဆိုုးခြင်း

အဆက်မပြတ် ချောင်းဆက်တိုုက်ဆိုုးခြင်းဟာ နှလုံုးအားနည်းခြင်းကြောင့် အဆုုတ်ထဲမှာ ရေဝင်နေတာ ဖြစ်နိုုင်ပါတယ်။ နှလုံုးအားနည်းလိုု့ နှလုံုးထဲကိုု ဝင်လာတဲ့ သွေးတွေကိုု ကောင်းကောင်းညှစ်မထုုတ်နိုုင်ရင် အဆုုပ်ထဲမှာ ရေလွှမ်းလာပြီး ချောင်းဆိုုးတတ်ပါတယ်။.
၃။ သွားဖုံးတွေ မကြာမကြာရောင်ရမ်းပြီး သွေးထွက်တတ်ခြင်း

သွားဖုံုးတွေရောင်ပြီး သွေးထွက်တာဟာ သွားကောင်းကောင်းမတိုုက်လိုု့ ဖြစ်နိုုင်ပါတယ်။ ဒါပေမဲ့ ရည်ရှည်သွားဖုံုးကျန်းမာရေးမကောင်းတဲ့သူတွေမှာ နှလုံုးရောဂါဖြစ်တဲ့နှုံးက သွားကျန်းမာရေးကောင်းသူတွေထက် ပိုုပြီး များပါတယ်။

၄။ ခေါင်းမူးမော်၍ အားအင်ချိနဲ့နေခြင်း

ခေါင်းမူးတာဟာ နှလုံုးခုုန်မမှန်လိုု့ ဖြစ်နိုုင်ပါတယ်။ နှလုံုးခုုန် အရမ်းမြန်နေရင် ဒါမှမဟုုတ် နှလုံုးရပ်သလိုု ခံစားမှုတွေ ရနေရင် ဆရာဝန်နဲ့ သေချာ ပြသပြီး ဆေးစစ်သင့်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေ နှလုံုးအားနည်းရင်အားအင်ချိပြီး နုန်းနေတတ်ပါတယ်။

၅။ ကောင်းကောင်းအိပ်မပျော်ခြင်း

အသက်ရှူမဝလိုု့ ကောင်းကောင်းအိပ်မပျော်ဘူး၊ အိပ်တဲ့အခါ ကျယ်လောင်စွာ ဟောက်တယ်ဆိုုရင် သတိထားသင့်ပါတယ်။ အိပ်နေတဲ့အချိန်မှာ အသက်ရှူရပ်သလိုု ဖြစ်ဖြစ်သွားတတ်တယ်ဆိုုရင် နှလုံုးရဲ ့ ညာဘက်ခြမ်းကိုု ထိခိုုက်စေနိုင်ပါတယ်။

၆။ ပျို့ခြင်း၊အန်ခြင်း (သိုု့မဟုုတ်) ချွေးထွက်လွန်ခြင်း

နှလုံုးအားနည်းတဲ့အခါ ဝမ်းဗိုက်ထဲမှာ ရေ ဓာတ်တွေ များတဲ့အခါ ပျို့ချင်သလိုု အန်ချင်သလိုု ဖြစ်တတ်ပါတယ်။ နှလုံုးရုုတ်တရက် သွေးကြောပိတ်တဲ့အခါ ဇောချွေးပြန်တတ်ပါတယ်။ အဲဒါဆိုုရင်တော့ ဆရာဝန်ကိုု အရေးပေါ် ခေါ်သင့်ပါတယ်။

၇။ ရင်ပတ်ဆိုု့ခြင်း (သို့) လက်ပြင်ကိုုက်သလိုု၊ ရင်ခေါင်းအောင့်သလိုု ဖြစ်ခြင်း

ရင်ပတ်ဆိုု့ခြင်း၊ ရင်ခေါင်းအောင့်ခြင်း ဒါမှမဟုုတ် ကျောနဲ့ရင်နဲ့ ညှပ်ထားသလိုုမျိုး ခံစားရပြီးဆိုုရင် သတိထားသင့်ပါတယ်။ တခါတလေ အစာမကျေသလိုုမျိုးထင်ပြီး ဆရာဝန်နဲ့ သေချာ မပြမိတာမျိုး ဖြစ်လေ့ရှိပါတယ်။ နှလုံုးသွေးကြောပိတယ်ဆိုုရင် ဒီလလက္ခဏာတွေ ပေါ်တတ်ပါတယ်။ တချို့လူတွေမှာတော့ နောက်ကျာပြင်နာတာမျိုး၊ လည်ချောင်းမှာ နာတာမျိုး၊ မေးရိုုးမှာ နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လှုပ်ရှားသွားလာပြီးတဲ့အခါတိုုင်း ဒီလိုုခံစားမှုတွေ ရလေ့ရှိတယ်ဆိုုရင်တော့ ဆရာဝန်နဲ့ မနှေးပြသင့်ပါတယ်။

၈။ ခြေထောက်တွေ ဖောယောင်ခြင်း

နှလုံုးအားနည်းတဲ့အခါ သွေးတွေကိုု ကောင်းကောင်းညှစ်မထုုတ်နိုုင်တဲ့အတွက် ခြေထောက်တွေ ဖောယောင်တာ ဖြစ်နိုုင်ပါတယ်။ အထူးသဖြင့် မိုု့နေတဲဖြေထောက်ကိုု ဖိကြည့်လိုု့ အရာထင်ကျန်နေပြီဆိုုရင်တော့ နှလုံုးအားနည်းလိုု့ ခြေထောက်မှာရေဓာတ်များနေတာ ဖြစ်နိုုင်ပါတယ်။

အထက်ပါ လက္ခဏာတွေထဲက တခုုခုု ရှိနေရင်တော့ လျစ်လျူမရှုထားပဲ ဆရာဝန်နဲ့ သေချာပြသပြီး ဆေးစစ်ဆေးသင့်ပါတယ်။

Read times Last modified on Saturday, 30 January 2021 15:55
Rate this item
(0 votes)