အချို့သော လူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့အချိန် အစာပြေစေရန် စားတတ်ကြပါတယ်။
အချို့ကျတော့လည်း အဆီကျစေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာ ထချိန်မှာ မှီဝဲတတ်ကြပါတယ်။
အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့ အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုးဖြစ်ပါတယ်။
ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ထို့ကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် မြင့်တက်လာပြီး သွေးလည်ပတ်မှုနှုန်းကို မြန်ဆန်စေပြီး heart attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။
ငှက်ပျောသီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိ ပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျောသီး စားသုံးလိုက်ပြီး နေ့လည်၊ ညနေ တွေမှာ သာမန် အစားအသောက်များ စားသုံးတဲ့အခါ ကယ်လိုရီဓာတ် လွန်ကျွန်မှုကို ဖြစ်စေပါတယ်။
ထို့ကြောင့် ပိုဝလာနိုင်ချေများပါတယ်။ အခြားကျန်းမာရေးဆိုးကျိုးများလည်း ဖြစ်နိုင်ချေ ရှိပါတယ်။
ငှက်ပျောသီးဆိုတာ အစာစားပြီးနောက် စားသုံးခြင်းသာ အကောင်းဆုံးဖြစ်ပြီး မလိုအပ်တဲ့အခြားခန္ဓာကိုယ်မှ မလိုအပ်သည့် ဓာတ်များကို လောင်ကျွမ်းစေပြီး အမှန်တကယ် ပိန်လာစေမှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ပဲ အစာမရှိချိန် စားသုံးမိရင်တော့ အထက်ပါ တွေ့ရှိချက်များအတိုင်း heart attack ဖြစ်ခြင်း၊ ပိုဝလာနိုင်ချေ ရှိခြင်းတို့ကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။