What's New


Wednesday, 21 December 2016 15:05

ကျောက်ကပ်ကို ဘေးဖြစ်စေသော အစားအစာများ

ကျောက်ကပ်ကို ဘေးဖြစ်စေသော အစားအစာများ Google.com

နို့၊ ဒိန်ချဉ်၊ နို့ခဲ စသည်တို့မှ ရရှိသော အဆီ မထုတ် ထားတဲ့ နို့ထွက် ပစ္စည်းများ ကို လွန်ကဲစွာ စားသောက်တဲ့ အခါမှာ ကျောက်ကပ် ထဲကို ကယ်လ်စီယမ် ဓာတ်များ အနည်ကျကာ ဆီးကျောက် တည်ခြင်း ကိုဖြစ်စေပါတယ်။ 

ဆိုဒီယမ် (အငန်) ဓာတ် က ခန္ဓာကိုယ် ထဲရှိ အရည်တွေ ကို မျှတအောင် ထိန်းပေးနိုင်တာကြောင့် ဆား ဟာ မရှိမဖြစ် အရာပါ။ သို့သော် ဆားနဲ့အငန်ဓာတ် တွေကို လိုအပ်တာထက် ပိုမို စားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှု ပိုများစေပြီး ၊ အရိုး သန်မာ မှုကို ယုတ်လျှော့စေတဲ့ အပြင် ကျောက် ကပ် မှာ ကျောက်တည်နိုင်ခြင်း အလားအလာ ကို လည်း ပိုများ လာစေပါတယ်။ ထို့ကြောင့် ဆားကို လျော့နိုင် သမျှလျော့ စားပါ။

အသား စား မကျုးသင့် ပါဘူး။ အထူးသဖြင့် အမဲသား ၊ သိုးသား ၊ ဆိတ်သား ၊ ကြက်ဆင်သား စတဲ့ အနီရောင် အသားများ နှင့် ပင်လယ်ငါး ၊ ပုစွန် တွေ ထဲမှာပါ ရှိတဲ့ phosphorus (ခေါ်) မီးစုန်းဓာတ် က ကျောက်ကပ်ကို လုံး၀ ကောင်းကျိုး မပြုပါဘူး။ အရက် အလွန်အကျွံ မသောက်ပါနှင့်။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟောလ် က အသည်းရောဂါကြောင့် ကျောက်ကပ် ပျက်စီး စေ ပါတယ်။

 

ရှားစောင်း လက်ပတ်ပင် အနှစ်က ကျန်းမာရေး အတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း၊ ၎င်း ဂျယ်လီ ကို တစ်ရက် လျှင် ၂၀ စီစီ ပမာဏထက် ပို၍ စားပါက ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။ ဟင်းနုနယ် ထဲတွင် oxalates ဓာတ် ပါရှိ သဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပေ။ Oxalates ဓာတ်ကြွယ်၀ တဲ့ ဗိုလ်စားပဲ သီး ၊ ပိန်းဥ ၊ ပိန်းရိုး ၊ ဟင်းနု နယ်ရွက် တို့က ဆီးကျောက် တည်စေနိုင်တာကြောင့် သင့်တင့်ရုံ သာ စားပေးပါ။

 

ဥပမာ အစားအစာတွေကို တာရှည် ခံအောင် ပြုပြင် ထားတဲ့ သား ၊ ငါး ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊ စည်သွပ်ဗူးများ ၊ ကြက်-ဝက်အူချောင်းများ ၊ ထုံချိုင်း အသားလုံးများ ၊ အသင့်စား ခေါက်ဆွဲ-ကြာဇံခြောက် အထုပ်များ စသည်တို့က အသည်း နှင့် ကျောက်ကပ်တို့ကို အဆိပ် အတောက် ဖြစ်စေနိုင်တာကြောင့် ရံဖန် ရံခါသာ စားသုံးသင့်ပါတယ်။ သဘာ၀ သစ်သီးဖျော်ရည် မဟုတ်တဲ့ အချိုရည် အမျိုးမျိုးနှင့် ဆိုဒါ တို့မှာ တာရှည် ခံအောင် ၊ အနံ့ကောင်းအောင် နှင့် အရသာ ရှိအောင် ဓာတုပစ္စည်းများ သုံး၍ ပြုပြင်ထားသောကြောင့် အာဟာရ (လုံးဝ) မဖြစ်စေတဲ့ အပြင် ကျောက်ကပ်ကို ပါထိခိုက်စေပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ဂက်စ် ထည့်ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ် ထဲရှိ သွေးကြောများ ကို ပျက်စီးခြင်း ၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ကဖိန်း ဓာတ် များတဲ့ ကော်ဖီ နှင့် လက်ဖက်ရည်များကို အလွန် အကျွံသောက်ခြင်း က ခန္ဓာကိုယ် အနှံ့ သွေးလည်ပတ် စီးဆင်းမှု ကို လှုံ့ဆော်ပေးတာကြောင့်၊ သွေးဖိအားများ လာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။

 

Source: layeitcho 

{Zawgyi}

======

ေက်ာက္ကပ္ကို ေဘးျဖစ္ေစေသာ အစားအစာမ်ား

 

ႏို ့၊ ဒိိန္ခ်ဥ္၊ ႏို႕ခဲ စသည္တို႕မွ ရရွိေသာ အဆီ မထုတ္ ထားတဲ့ ႏို ့ထြက္ ပစၥည္းမ်ား ကို လြန္ကဲစြာ စားေသာက္တဲ့ အခါမွာ ေက်ာက္ကပ္ ထဲကို ကယ္လ္စီယမ္ ဓာတ္မ်ား အနည္က်ကာ ဆီးေက်ာက္ တည္ျခင္း ကိုျဖစ္ေစပါတယ္။ ဆိုဒီယမ္ (အငန္) ဓာတ္ က ခႏၶာကိုယ္ ထဲရွိ အရည္ေတြ ကို မွ်တေအာင္ ထိန္းေပးနိုင္တာေၾကာင့္ ဆား ဟာ မရွိမျဖစ္ အရာပါ။ သို ့ေသာ္ ဆားနဲ ့အငန္ဓာတ္ ေတြကို လိုအပ္တာထက္ ပိုမို စားသံုးမိတဲ့အခါ ကိုယ္ထဲမွာ ကယ္လ္စီယမ္ဓာတ္ကို စြန္ ့ထုတ္မႈ ပိုမ်ားေစၿပီး ၊ အရိုး သန္မာ မႈကို ယုတ္ေလွ်ာ့ေစတဲ့ အျပင္ ေက်ာက္ ကပ္ မွာ ေက်ာက္တည္နိုင္ျခင္း အလားအလာ ကို လည္း ပိုမ်ား လာေစပါတယ္။ ထုိ႕ေၾကာင့္ ဆားကို ေလ်ာ့နိုင္ သမ်ွေလ်ာ့့ စားပါ။

 

အသား စား မက်ဳးသင့္ ပါဘူး။ အထူးသျဖင့္ အမဲသား ၊ သိုးသား ၊ ဆိတ္သား ၊ ၾကက္ဆင္သား စတဲ့ အနီေရာင္ အသားမ်ား ႏွင့္ ပင္လယ္ငါး ၊ ပုစြန္ ေတြ ထဲမွာပါ ရွိတဲ့ phosphorus (ေခၚ) မီးစုန္းဓာတ္ က ေက်ာက္ကပ္ကို လံုး၀ ေကာင္းက်ိဳး မျပဳပါဘူး။ အရက္ အလြန္အကၽြံ မေသာက္ပါႏွင့္။ အရက္ထဲမွာ ပါတဲ့ အယ္လ္ကိုေဟာလ္ က အသည္းေရာဂါေၾကာင့္ ေက်ာက္ကပ္ ပ်က္စီး ေစ ပါတယ္။

 

ရွားေစာင္း လက္ပတ္ပင္ အႏွစ္က က်န္းမာေရး အတြက္ ဘက္စံုေကာင္းက်ိဳးျပဳေသာ္လည္း၊ ၄င္း ဂ်ယ္လီ ကို တစ္ရက္ လွ်င္ ၂၀ စီစီ ပမာဏထက္ ပို၍ စားပါက ေက်ာက္ကပ္ ပ်က္စီးေစႏိုင္ပါတယ္။ ဟင္းႏုနယ္ ထဲတြင္ oxalates ဓာတ္ ပါရွိ သျဖင့္ ေက်ာက္ကပ္ေ၀ဒနာသည္မ်ား အလြန္အကၽြံ မစားသင့္ေပ။ Oxalates ဓာတ္ၾကြယ္၀ တဲ့ ဗိုလ္စားပဲ သီး ၊ ပိန္းဥ ၊ ပိန္းရိုး ၊ ဟင္းႏု နယ္ရြက္ တို ့က ဆီးေက်ာက္ တည္ေစနိုင္တာေၾကာင့္ သင့္တင့္ရံု သာ စားေပးပါ။

 

ဥပမာ အစားအစာေတြကို တာရွည္ ခံေအာင္ ျပဳျပင္ ထားတဲ့ သား ၊ ငါး ၊ ဟင္းသီးဟင္းရြက္ ၊ သစ္သီး၀လံ ၊ စည္သြပ္ဗူးမ်ား ၊ ၾကက္-၀က္အူေခ်ာင္းမ်ား ၊ ထံုခ်ိဳင္း အသားလံုးမ်ား ၊ အသင့္စား ေခါက္ဆြဲ-ၾကာဇံေျခာက္ အထုပ္မ်ား စသည္တို ့က အသည္း ႏွင့္ ေက်ာက္ကပ္တို ့ကို အဆိပ္ အေတာက္ ျဖစ္ေစနိုင္တာေၾကာင့္ ရံဖန္ ရံခါသာ စားသံုးသင့္ပါတယ္။

 

သဘာ၀ သစ္သီးေဖ်ာ္ရည္ မဟုတ္တဲ့ အခ်ိဳရည္ အမ်ိဳးမ်ိဳးႏွင့္ ဆိုဒါ တို ့မွာ တာရွည္ ခံေအာင္ ၊ အနံ႕ေကာင္းေအာင္ ႏွင့္ အရသာ ရွိေအာင္ ဓာတုပစၥည္းမ်ား သံုး၍ ျပဳျပင္ထားေသာေၾကာင့္ အာဟာရ (လံုး၀) မျဖစ္ေစတဲ့ အျပင္ ေက်ာက္ကပ္ကို ပါထိခိုက္ေစပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဂက္စ္ ထည့္ထားတဲ့ အေဖ်ာ္ယမကာမ်ားကလည္း ေက်ာက္ကပ္ ထဲရွိ ေသြးေၾကာမ်ား ကို ပ်က္စီးျခင္း ၊ ေက်ာက္တည္ျခင္း စတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေစနိုင္ပါတယ္။

 

ကဖိန္း ဓာတ္ မ်ားတဲ့ ေကာ္ဖီ ႏွင့္ လက္ဖက္ရည္မ်ားကို အလြန္ အကၽြံေသာက္ျခင္း က ခႏၶာကိုယ္ အႏွံ ့ ေသြးလည္ပတ္ စီးဆင္းမႈ ကို လႈံ႕ေဆာ္ေပးတာေၾကာင့္၊ ေသြးဖိအားမ်ား လာၿပီး ေက်ာက္ကပ္ကို တြန္းအားျဖစ္ေစပါတယ္။

 

Source: layeitcho

Read times Last modified on Thursday, 09 January 2020 16:39
Rate this item
(0 votes)