What's New
Monday, 10 February 2020 17:57
Nearsighted - အဝေးမှုန်ခြင်း
အဝေးမှုန်ခြင်းလို့ ပြောလိုက်တာနဲ့ လူတိုင်းအတွက်စိမ်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်တဲ့အပြင် အသက်အရွယ်မရွေး ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးလည်းဖြစ်တယ်။
မျက်နှလုံးက ခန္ဓာကိုယ်အစိတ်အပိုင်းထဲတွင် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အဝေးမှုန်ခြင်းက အမြင်အာရုံနဲဆိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး အနီးတစ်ဝိုက်ရှိပစ္စည်းများကို ထင်ရှားစွာမြင် ရသော်လည်း အဝေးမှုန်ခြင်းက သာမန်အမြင် နဲ့မြင်နိုင်သော အရာများကို မမြင်ရဘဲေ၀ဝါးခြင်း ဖြစ်တတ်ပါတယ်။ အဝေးမှုန်ဖြစ်ခြင်းက အလင်းတန်းများ မျက်လုံးထဲသို့ ဝင်သောဆုံမှတ်မှာ မြင်လွှာဆုံချက် အရှေ့တွင်ကျရောက်ခြင်းဖြင့် ပုံရိပ်များက အကြည်မလင်မှုများဖြစ်ပေါ်လာတယ်။
ဘယ်အသက်အရွယ်မှာ အဝေးမှုန်ခြင်းအဖြစ်များလဲ
အသက် ၈ နှစ် ၁၂ နှစ်အတွင် အဖြစ်များသောအရာတစ်ခုဖြစ်သော်လည်း စာအလွန်ဖတ်ခြင်း ၊ တီဗီ ၊ ဖုန်းအလွန်ကြည့်တာ ၊ အခန်းအတွင်းအနေများတာ ၊ ကွန်ပျူတာ အလွန်ကျွံကြည့်ခြင်း နဲ့ မျက်စိတစ်ဆုံးအဝေးကို ကြည့်ဖို့မေ့သူများ အများဆုံးဖြစ်တတ်ကြပါတယ်။ တစ်ချို့ မွေးရာပါ အဝေးမှုန်သူများက မျာလုံးရှည်နေခြင်း ၊ မျက်လုံးသန်မာထက်ကြီးနေခြင်း နဲ့ မျက်လုံးတိုနေခြင်း တို့ကြောင့် အဝေးမှုန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဆီးချိုသွေးချိုရောဂါရှိခြင်း ၊ အမြင်အာရုံကို ဝေမှုန်းစေသာ အလင်းတောက် အလင်းမှောင်များ ရှိရာနေရာများတွင် ကြာရှည်စွာနေထိုင်တာ ၊ဆေးလိပ်သောက်တာ၊ မျက်လုံးကို အနာတရာဖြစ်စေသော ထိခိုက်မှုန်မျိုးပြုလုပ်မိခြင်း တို့ ကြောင့်လည်း အဝေးမှုန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။
အဝေးမှုန်ခြင်း လက္ခဏာများ
အဝေးကိုလှမ်းကြည့်ချိန်တွင် ဝေးဝါးတာ၊ မျက်လုံးမကြာခဏပွတ်တာ ၊ မျက်တောင်အလွန်ခတ်တာ ၊ ပြတ်ပြတ်သားသားမြင်နိုင်ရန်ခက်ခဲတာ ၊ အာရုံစိုက်ကြည့်နေရတာ ၊ ဇက်ကြောတတ်ခြင်း၊ အာရုံစိုက်ကြည့်ချိန်တွင် ခေါင်းကိုက်လာခြင်း နဲ့ အထူးသဖြင့်ညဘက်တွင် မြင်နိုင်ရန်ခက်ခဲတာတွေဖြစ် ပေါ်စေနိုင်ပါတယ်။
Hospital  (ဆေးရုံသုံး ပစ္စည်းများ ရောင်းချသော ဆိုင်ပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for hospital equipment
အဝေးမှုန်ခြင်းကိုလျော့ချနည်း
အရာတစ်ခုခုကို အာရုံစူးစိုက်ပြီးကြည့်ခြင်းကို ရှောင်ကျဉ်တာ ၊ မြင်းခွာရွက်များများစားပေးတာ (သို့) မြင်းခွာရွက် ကိုအမှုန့်လုပ်ပြီး ပျားရည်ဖြင့်စိမ် တစ်ရက်တစ်ဇွန်း ၃ကြိမ်စားပေးတာ ၊ ဆေးသောက်ခြင်းကိုရှောင်ကျဉ်တာ ၊ အပူအစပ်လျော့စားခြင်း၊ စိမ်းလမ်းသောအပင်များကို များများကြည့်ပေးတာ ၊ မဖြစ်မနေ ဖုန်း ၊ ကွန်တာများကို ကြည့်ရမယ်ဆိုလျှင် ၃၀မိနစ် တစ်ကြိမ် အမြင်အာရုံပြောင်းကြည့်ပေးခြင်း တို့ပြုခြင်းဖြင့် အဝေးမှုန်ဖြစ်ခြင်းကို လျော့ချနိုင်ပါတယ်။
အဝေးမှုန်ခြင်းမှ ကုသနည်း
ထိုလက္ခဏများဖြစ်ပေါ်လာပါက မျက်လုံးကို စစ်ဆေးပြီး လိုအပ်သော မျက်မှန် ပြုလုပ်တပ်ဆင်တာ ၊ အမြင်အာရုံကြောများစစ်ဆေးတာ ၊ဆရာဝန် နှင့်တိုင်ပင်ပြီး လိုအပ်ပါက မျက်ကြည်ပါးလွှာခွာခြင်း များပြုုလုပ်ပြီး ဆရာဝန်လမ်းညွှန်ချက်များအတိုင်း ကုသမှု့ခံယူပါ။
Written By Health Products Directory
(Zawgyi)
=====
ထိုလက္ခဏများဖြစ်ပေါ်လာပါက မျက်လုံးကို စစ်ဆေးပြီး လိုအပ်သော မျက်မှန် ပြုလုပ်တပ်ဆင်တာ ၊ အမြင်အာရုံကြောများစစ်ဆေးတာ ၊ဆရာဝန် နှင့်တိုင်ပင်ပြီး လိုအပ်ပါက မျက်ကြည်ပါးလွှာခွာခြင်း များပြုလုပ်ပြီး ဆရာဝန်လမ်းညွှန်ချက်များအတိုင်း ကုသမှု့ခံယူပါ။
Read times
Rate this item
(0 votes)