ဆီးခ်ိဳေရာဂါဟာ ခႏၶကိုယ္တစ္ကိုယ္လုံးလိုလိုကို ထိခိုက္ေစပါတယ္။ လူ႔ခႏၶကိုယ္မွာရွိတဲ့ ကလာပ္စည္း(ဆဲလ္) အားလုံး အစာအာဟာရခ်ိဳ႕တဲ့သြားရပါတယ္။
ေသြးထဲမွာ သၾကားဓာတ္ေတြလြန္ကဲေနေတာ့ ဒီသၾကားဓာတ္လြန္ကဲတဲ့ ဒဏ္မခံႏိုင္တဲ့ အဂၤါအစိတ္အပိုင္းေတြကို တိုက္႐ိုက္ထိခိုက္ေစပါတယ္။ ဆီးခ်ိဳေရာဂါဟာ ေသြးေၾကာႀကီး၊ ေသြးေၾကာငယ္၊ အာ႐ုံေၾကာတို႔ကို ထိခိုက္ပ်က္စီးေစၿပီး၊ ကူးစက္ေရာဂါေတြကို ပိုမိုျဖစ္ပြားေစပါတယ္။
ေသြးေၾကာႀကီးေတြကို ထိခိုက္ရင္ - ႏွလုံးေရာဂါျဖစ္ပြားေစပါတယ္။၊
လည္ပင္းေသြးေၾကာေတြကို ထိခိုက္ရင္ ေလျဖတ္ေစႏိုင္ပါတယ္။
ဦးေႏွာက္မွာဆိုရင္ ေလျဖန္းတာေတြႏွင့္ ကာလတာရွည္လာရင္ သူငယ္ျပန္ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။
ေျခေထာက္မွာဆိုရင္ ေသြးေလွ်ာက္မႈထိခိုက္ၿပီး၊ ေျခေထာက္ပုပ္၊ ျဖတ္ေတာက္ရတာေတြ ျဖစ္ေစႏိုင္ပါတယ္၊
ေသြးေၾကာငယ္ေလးေတြကို ထိခိုက္ရင္ - မ်က္စိထဲမွာ ေသြးယိုစီးတာနဲ႔ အျခားထိခိုက္တာေတြေၾကာင့္ မ်က္စိကြယ္ေစႏိုင္ပါတယ္၊
ေက်ာက္ကပ္ထဲက ေသြးေၾကာငယ္ေလးေတြ ထိခိုက္တဲ့အခါ ေက်ာက္ကပ္က ခႏၶာကိုယ္တြင္းမွာရွိတဲ့ အဆိပ္အေတာက္ေတြမစြန႔္ပစ္ေပးႏိုင္တာေၾကာင့္ ေသြးဆိပ္တက္ၿပီး၊ အသက္ဆုံးပါးႏိုင္ပါတယ္၊
အာ႐ုံေၾကာေတြ ထိခိုက္ရင္ - ေျခေထာက္ထုံၿပီး နာတာက်ဥ္တာ မသိရေတာ့ အနာေတြ ေပါက္၊ ေနာက္ျပည္တည္ၿပီး ပုပ္သြားတာမ်ိဳးျဖစ္ႏိုင္ပါတယ္၊ - ပန္းေသ၊ ပန္းညႇိဳးျဖစ္ႏိုင္ပါတယ္၊
ဆီးအိမ္အာ႐ုံေၾကာေတြ ထိခိုက္လို႔ ဆီးမထိန္းႏိုင္တာမ်ိဳးျဖစ္ႏိုင္ပါတယ္၊
အျဖစ္မ်ားတဲ့ ကူးစက္ေရာဂါေတြကေတာ့ - မွဲ႔ကၡ႐ု - အဆုတ္အေအးမိတာနဲ႔ - အေရျပား အနာေတြပါပဲ၊
ဆီးခ်ိဳေရာဂါျဖစ္ႏိုင္တဲ့သူေတြ - သက္ႀကီးပိုင္း ဆီးခ်ိဳေရာဂါဟာ အျဖစ္အမ်ားဆုံးျဖစ္ၿပီး၊
ဆီးခ်ိဳေရာဂါရဲ႕ ၉၀% က ၉၅%ေလာက္က ဒီေရာဂါမ်ိဳးပါဘဲ၊ - အသက္ ၄၀ ေက်ာ္ရင္စတင္ျဖစ္ပြားႏိုင္ၿပီး၊ အသက္ ၅၅ ေက်ာ္ေတြမွာ အျဖစ္အမ်ားဆုံးပါဘဲ၊
သက္ႀကီးပိုင္း ဆီးခ်ိဳေရာဂါသည္အမ်ားစုဟာ ၀ တတ္ၾကပါတယ္၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အစားအေသာက္ ေျပာင္းလဲ စားေသာက္တာေၾကာင့္ ခုအခ်ိန္မွာ ၀ တဲ့လူႀကီးေရာ ကေလးပါတစ္ပုံႀကီး ရွိလာေနပါတယ္၊
ဆီးခ်ိဳျဖစ္ပြားႏႈန္းဟာ လူမ်ိဳးႏွင့္ မ်ိဳးႏြယ္လိုက္ၿပီး ကြဲျပားျခားနားပါတယ္။
က်န္းမာျပည့္ဝသက္ႀကီးဘဝ လက္စြဲစာအုပ္
{Unicode}
======
ဆီးချိုရောဂါရဲ့ဆိုးကျိုးတွေ
ဆီးချိုရောဂါဟာ ခန္ဓကိုယ်တစ်ကိုယ်လုံးလိုလိုကို ထိခိုက်စေပါတယ်။ လူ့ခန္ဓကိုယ်မှာရှိတဲ့ ကလာပ်စည်း(ဆဲလ်) အားလုံး အစာအာဟာရချို့တဲ့သွားရပါတယ်။
သွေးထဲမှာ သကြားဓာတ်တွေလွန်ကဲနေတော့ ဒီသကြားဓာတ်လွန်ကဲတဲ့ ဒဏ်မခံနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဆီးချိုရောဂါဟာ သွေးကြောကြီး၊ သွေးကြောငယ်၊ အာရုံကြောတို့ကို ထိခိုက်ပျက်စီးစေပြီး၊ ကူးစက်ရောဂါတွေကို ပိုမိုဖြစ်ပွားစေပါတယ်။
သွေးကြောကြီးတွေကို ထိခိုက်ရင် - နှလုံးရောဂါဖြစ်ပွားစေပါတယ်။
လည်ပင်းသွေးကြောတွေကို ထိခိုက်ရင် လေဖြတ်စေနိုင်ပါတယ်။
ဦးနှောက်မှာဆိုရင် လေဖြန်းတာတွေနှင့် ကာလတာရှည်လာရင် သူငယ်ပြန်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
ခြေထောက်မှာဆိုရင် သွေးလျှောက်မှုထိခိုက်ပြီး၊ ခြေထောက်ပုပ်၊ ဖြတ်တောက်ရတာတွေ ဖြစ်စေနိုင်ပါတယ်။
သွေးကြောငယ်လေးတွေကို ထိခိုက်ရင် - မျက်စိထဲမှာ သွေးယိုစီးတာနဲ့ အခြားထိခိုက်တာတွေကြောင့် မျက်စိကွယ်စေနိုင်ပါတယ်။
ကျောက်ကပ်ထဲက သွေးကြောငယ်လေးတွေ ထိခိုက်တဲ့အခါ ကျောက်ကပ်က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေမစွန့်ပစ်ပေးနိုင်တာကြောင့် သွေးဆိပ်တက်ပြီး၊ အသက်ဆုံးပါးနိုင်ပါတယ်။
အာရုံကြောတွေ ထိခိုက်ရင် - ခြေထောက်ထုံပြီး နာတာကျဉ်တာ မသိရတော့ အနာတွေ ပေါက်၊ နောက်ပြည်တည်ပြီး ပုပ်သွားတာမျိုးဖြစ်နိုင်ပါတယ်၊ - ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်ပါတယ်။
ဆီးအိမ်အာရုံကြောတွေ ထိခိုက်လို့ ဆီးမထိန်းနိုင်တာမျိုးဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့ ကူးစက်ရောဂါတွေကတော့ - မှဲ့က္ခရု - အဆုတ်အအေးမိတာနဲ့ - အရေပြား အနာတွေပါပဲ။
ဆီးချိုရောဂါဖြစ်နိုင်တဲ့သူတွေ - သက်ကြီးပိုင်း ဆီးချိုရောဂါဟာ အဖြစ်အများဆုံးဖြစ်ပြီး။
ဆီးချိုရောဂါရဲ့ ၉၀% က ၉၅%လောက်က ဒီရောဂါမျိုးပါဘဲ၊ - အသက် ၄၀ ကျော်ရင်စတင်ဖြစ်ပွားနိုင်ပြီး၊ အသက် ၅၅ ကျော်တွေမှာ အဖြစ်အများဆုံးပါဘဲ။
သက်ကြီးပိုင်း ဆီးချိုရောဂါသည်အများစုဟာ ၀ တတ်ကြပါတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစားအသောက် ပြောင်းလဲ စားသောက်တာကြောင့် ခုအချိန်မှာ ၀ တဲ့လူကြီးရော ကလေးပါတစ်ပုံကြီး ရှိလာနေပါတယ်။
ဆီးချိုဖြစ်ပွားနှုန်းဟာ လူမျိုးနှင့် မျိုးနွယ်လိုက်ပြီး ကွဲပြားခြားနားပါတယ်။