What's New
×
Warning
JUser: :_load: Unable to load user with ID: 62
တနေ့တာ လှုပ်ရှားမှု ၊ စားသောက်မှု များက ခန္ဓာကိုယ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသောကြောင့် အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ဂရုစိုက်သင့်ပါတယ်။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အေရးပါသောအစိတ်အပိုင်း တစ်ခုလည်း ဖြစ်တဲ့အပြင် လှုပ်ရှားပြောဆိုမှုများ မှန်ကန်အောင် ထိန်းကြောင်းပေးတဲ့ အရာလည်းဖြစ်တယ်။
အခုလိုပူပြင်းတဲ့ ရာသီမှာဆိုရင် ဦးနှောက် အာရုံကြောဆိုင်များကို ပိုမိုထိခိုက်စေတဲ့အတွက် အစားအသောက်များကို ဂရုစိုက်ပေးသင့်ပါတယ်။ အပူချိန်မြင့်တက်ချိန်တွင် အစားအသောက်များကို မဆင်ခြင်စားသောက်ခြင်းဖြင့် အသက်န္တာရာယ်ကိုထိခိုက်စေပြီး တိတ်တဆိတ်လူသတ်သမားလို့ ခေါ်ဝေါ်တဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Nursing Training (သူနာပြု သင်တန်းပေါင်း ၆၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Nursing Training
ဦးနှောက်သွေးကြောပြတ် သေဆုံးမှုကလည်း အပူချိန်မြင့်တက်ချိန်မှာ အစားအသောက်အနေအထိုင် များကြောင့် ဦးနှောက်သွေးကြောပြတ်သေဆုံး ခြင်းကို ဖြစ်ပေါ်စေပါတယ်။ နေပူထဲတွင် အချိန်ကြာကြာနေတာ ၊ ချွေးထွက်လွန်ပြီး ရေဓာတ်ဆုံးရှုံးတာ ၊ သွေးပေါင်ချိန်မြင့်တက်လာတာ၊ နှလုံးခုန်နှုန်းမြန်တာ ၊သတိလစ်တာများရုတ်တရက် ဖြစ်ပေါ်လာပြီး နောက်ဆုံးဦးနောက်သွေးကြောပြတ်တဲ့အထိ ဖြစ်ပေါ်လာပါတယ်။
နေပူထဲ အချိန်ကြာကြာအလုပ်လုပ်သူများ၊ သွေးတိုးရှိသူများ ၊ အရက်အလွန်အကျွံသောက်သူများ ၊ နေထဲမှ ပြန်ရောက်ပြီး ချက်ချင်းရေချိုးတာ ၊ ရေခဲရေသောက်သူများ ၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ချိန် ကျောကုန်းကို ရေအလွန်စိုသော အဝတ်များဖြင့် သုတ်တတ်သူများက ဦးနှောက်သွေးကြောပြတ်ခြင်းကို အများဆုံးဖြစ်ပေါ်စေနိုင်ပါတယ်။
ရေများများသောက်ပေးတာ၊ နေပူချိန်မြင့်တက်ချိန် နေပူထဲတွင်သွားလာခြင်းမှ ရှောင်ကျဉ်တာ ၊ မဖြစ်မနေ နေပူထဲသွားရမယ်ဆိုရင် အဖြူရောင်လက်ရှည် ၊ဦးထုတ် ၊ထီးများစောင်းတာ ၊ အပူချိန်မြင့်တက်ချိန် အရက်၊ ဆေးလိပ် ၊ရေခဲရေ များသောက်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
=====
ဦးနှောက်သွေးကြောပြတ်ရခြင်း
Published in Diseases