What's New



Sunday, 18 February 2024 13:42

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

Saturday, 18 November 2023 18:27

ဦးနှောက်ချစ်ပ် ဦးခွံထဲ ထည့်လိုသူ ထောင်ချီများပြား

ဦးနှောက်ချစ်ပ် ဦးခွံထဲ ထည့်လိုသူ ထောင်ချီများပြား

Tuesday, 10 October 2023 16:04

ရန်ကုန် အရိုးရောဂါ အထူးကုဆေးရုံ၏ ပြင်ပလူနာကြည့်ချိန်နှင့် နေ့ရက်များ

ကြည့်မြင်တိုင်ရှိ အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) ၏ ပြင်ပလူနာဌာနတွင် အရိုးရောဂါများ၊ ကျောရိုး၊ ခါးရိုးနှင့် လက်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသည့် လူနာများကို လက်ခံ ကြည့်ရှု ကုသပေးလျက် ရှိသည်။   ကျောရိုး၊ ခါးရိုးဆိုင်ရာ ရောဂါများကို တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ပြသနိုင်ပြီး လက်ပိုင်းဆိုင်ရာ ရောဂါများကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ပြသနိုင်မည် ဖြစ်သည်။   ပြင်ပလူနာဌာနသို့ သက်ဆိုင်ရာ လူနာလက်ခံသည့် ရက်များတွင်သာ သွားရောက် ပြသနိုင်မည် ဖြစ်ပြီး Booking ကြိုတင် ပြုလုပ်မထားပါက လက်ခံ ကုသပေးမည် မဟုတ်ကြောင်း သိရသည်။   ဆေးရုံသို့ သွားရောက် ပြသနိုင်မည့် နေ့ရက်နှင့် အချိန်များ၊ Booking တင်နိုင်မည့် အချိန်များကို အောက်တွင် အသေးစိတ် ကြည့်ရှုနိုင်သည်။   ကျောရိုး၊ ခါးရိုး ပြင်ပလူနာကြည့်ရက်  တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ   ဖုန်းဖြင့် Booking တင်ခြင်း အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ  ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၅) ဦး   လူကိုယ်တိုင် Booking တင်ခြင်း အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ  ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၁၀) ဦး   အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး ၊ လူနာဟောင်း (၂၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် သုံးရက်အတွက် စုစုပေါင်း (၁၂၀) ဦး လက်ခံလျက် ရှိသည်။     Advertisement Click Here > Rhino   လက်ပိုင်းဆိုင်ရာ ပြင်ပလူနာကြည့်ရက်  အင်္ဂါ၊ ကြာသပတေး မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ   ဖုန်းဖြင့် Booking တင်ခြင်း အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ  ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၀) ဦး   လူကိုယ်တိုင် Booking တင်ခြင်း အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ  ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၅) ဦး   ကြာသပတေးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး၊ လူနာဟောင်း (၁၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် နှစ်ရက်အတွက် စုစုပေါင်း (၆၀) ဦး လက်ခံလျက် ရှိသည်။   အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) လိပ်စာ - အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် - 09454806984

Friday, 15 September 2023 15:50

MPT က အာယု နိုင်ငံတကာ ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့ နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိပြည်သူများအတွက် အခမဲ့ကျန်းမာရေးပညာပေးအစီအစဥ်ကို မိတ်ဆက်

MPT က အာယု နိုင်ငံတကာ ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့ နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိပြည်သူများအတွက် အခမဲ့ကျန်းမာရေးပညာပေးအစီအစဥ်ကို မိတ်ဆက် 

Monday, 11 September 2023 11:09

ဈေးသက်သက်သာသာနဲ့ ကျောက်ကပ်ဆေးနိုင်မယ့် နေရာ (၁၀) ခု

ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ကျောက်ကပ်ကို စျေးသက်သက်သာသာနဲ့ ဆေးနိုင်မယ့် ရန်ကုန်မြို့က နေရာ (၁၀) ခုကို လိပ်စာ၊ ဖုန်းနံပါတ်နဲ့တကွ စုစည်း ဖော်ပြပေးလိုက်ပါတယ်။    ၁။ ကုတင် (၅၀၀) ဆေးရုံ   ကျောက်ကပ်ဆေးတဲ့ စာအုပ်နဲ့ ကျောက်ကပ်ဆေးဌာနဆီ တစ်ခါထဲ သွားရောက် စာရင်းသွင်းလို့ ရပါတယ်။ တစ်ခါဆေး စက်ခ (၂၀,၀၀၀) ကျပ်ပါ။ လိပ်စာ - မင်းရဲကျော်စွာလမ်း၊ လမ်းမတော် ဖုန်း - 01 230 1620    ၂။ သင်္ကန်းကျွန်း စံပြဆေးရုံ    ပြင်ပလူနာဌာကို လူနာကိုယ်တိုင် လာပြပြီး အပေါ်ထပ်မှာ ကျောက်ကပ်ဆေးဖို့ စာရင်းပေးရမှာ ဖြစ်ပါတယ်။ တစ်ခါဆေး စက်ခ (၁၃,၀၀၀) ကျပ်ပါ။ လိပ်စာ - ဘုရားလမ်း၊ သင်္ဃန်းကျွန်း ဖုန်း - 01 579 890   ၃။ မြင့်မြတ်ဖြူစင်   ဖောင်သွားယူပြီး လျှောက်ရပါတယ်။ ထောက်ခံပေးမယ့် ဘုန်းကြီး (ဒါမှမဟုတ်) သက်ဆိုင်ရာ ဘာသာရေးဆရာ ရဲ့ လက်မှတ်တော့ ပါရပါတယ်။ ဒီမှာက အခမဲ့ပါ။  လိပ်စာ - မဟာဗန္ဓုလလမ်း ( ဗန္ဓုလတံတားအနီး )၊ ဗိုလ်တစ်ထောင် ဖုန်း -  09 977 37 792   ၄။ ဗေသေသဒ ကိုရီးယားဆေးခန်း   စက်အခြေအနေနဲ့ ဘီ၊ စီမေးပြီး လက်ခံပါတယ်။ တစ်ခါသုံး ကျောက်ကပ်တုအပါ တစ်ကြိမ် (၅၇,၀၀၀) ကျပ်ပါ။ လိပ်စာ - ဦးဖိုးလှိုင်လမ်း၊ တံတားဖြူ၊ လှိုင်သာယာ ဖုန်း - 09 261 538 449 ( ဆရာမ မာမီခိုင် )   Advertisement Click Here > Ko Thein Zaw’s   ၅။ ကန်တော်လေးဆေးရုံ    ကျောက်ကပ်ဆေးခက (၅၀,၀၀၀) ကျပ်ဖြစ်ပြီး ကျောက်ကပ်တုက (၂၅,၀၀၀) ကျပ်ပါ။ လိပ်စာ - ဒေါ်သိန်းတင်လမ်း၊ မင်္ဂလာတောင်ညွန့် ဖုန်း - 01 3840 42   ၆။ မြတ်သီရိ   ဖွင့်တာ သိပ်မကြာသေးတဲ့ ကုသိုလ်ဖြစ်ဆေးခန်း ဖြစ်ပါတယ်။ အခမဲ့ ကျောက်ကပ်ဆေးပေးနေပါတယ်။ လျှောက်လွှာတင်ရပါတယ်။ လိပ်စာ - မဆလာစက်မှတ်တိုင် ( သိမ်ဖြူတင်းနစ်ကွင်းရှေ့ )၊ မင်္ဂလာတောင်ညွန့်   ၇။ မူစလင်ကုသိုလ်ဖြစ်ဆေးရုံ    လျောက်လွှာသွားယူပြီး ဖောင်တင်တာ လက်ခံပေးနေပါတယ်။ ကုပေးနေတဲ့ အထူးကုဆရာဝန်ကြီးရဲ့ ထောက်ခံစာ ယူရပါမယ်။ စက်ဖိုးက (၂၅,၀၀၀) ကျပ်ပါ။ လိပ်စာ - ဘားလမ်း၊ ကျောက်တံတား ဖုန်း - 01 255 967   ၈။ မြောက်ဥက္ကလာဆေးရုံ    တစ်ခါဆေးစက်ဖိုး (၁၅,၀၀၀) ကျပ် လိပ်စာ - ဘားလမ်း၊ ကျောက်တံတား ဖုန်း - 01 255 967   ၉။ ငြိမ်းချမ်းသာ    တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ် လိပ်စာ - (၁၃) ရပ်ကွက်၊ သစ္စာလမ်း၊ ရန်ကင်း  ဖုန်း -  09 408 594 477   ၁၀။ မြပါရမီ    တစ်ခါဆေးစက်ဖိုး (၅၈,၀၀၀) ကျပ် လိပ်စာ - အမှတ် (၁၄)၊ ပါရမီလမ်း၊ လှိုင် ဖုန်း -  09 793 113 155, 09 793 113 156, 09 963 208 088, 09 408 594 477

Thursday, 07 September 2023 10:57

မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတွင် ပြသနိုင်မည့် ရောဂါများနှင့် ဆေးကုသချိန်များ

ဘားလမ်းရှိ မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံတွင် အထွေထွေရောဂါများ၊ သားဖွားနှင့် မီးယပ်၊ မျက်စိ၊ အရိုးအကြော၊ ဆီးနှင့် ကျောက်ကပ်၊ သွားနှင့် ခံတွင်းရောဂါများ ပြသနိုင်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ် ကုသပေးလျက် ရှိသည်။   လူမျိုး၊ ဘာသာမရွေး အခမဲ့ ဆေးကုသပေးနေခြင်း ဖြစ်ပြီး သွားရောက် ပြသနိုင်မည့် ရောဂါများနှင့် အချိန်များကို အောက်တွင် ကြည့်ရှုနိုင်သည်။   အထွေထွေဆေးကုသဆောင် ( Medical Ward )   အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ    အထွေထွေခွဲစိတ်ဆောင် ( Surgical Ward )   အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၉) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။ မနက် (၉) နာရီမှ (၁၂) နာရီအထိ    သားဖွားနှင့် မီးယပ်ဆောင် ( OG Ward )   ကလေးမွေးမည့် မိခင်များ ကိုယ်ဝန် (၅) လ ကျော်ပါက ပြသနိုင်မည် ဖြစ်ကာ လူနာအဟောင်းများက အင်္ဂါနေ့နှင့် စနေနေ့၊ လူနာအသစ်များ တနင်္လာနေ့နှင့် သောကြာနေ့တွင် ပြသနိုင်သည်။ မီးယပ်ရောဂါနှင့် ပတ်သတ်သည့် လူနာများအနေဖြင့်မူ ဗုဒ္ဓဟူးနေ့တွင် ( လူနာအသစ်ရော လူနာအဟောင်းပါ ) ပြသနိုင်သည်။   ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအဟောင်း )  - အင်္ဂါနေ့နှင့် စနေနေ့၊ မနက် (၇) နာရီ ကိုယ်ဝန်ဆောင်မိခင်များ ( လူနာအအသစ် )  - တနင်္လာနေ့နှင့် သောကြာနေ့၊ မနက် (၇) နာရီ မီးယပ်လူနာများ - ဗုဒ္ဓဟူးနေ့ မနက် (၇) နာရီ        Advertisement Click Here > Ko Nyein Maung   မျက်စိပြင်ပဌာနနှင့် အဆောင် ( Eye OPD and Ward )   မျက်စိရောဂါ အမျိုးမျိုး /ခွဲစိတ်ခြင်း နှင့်မျက်စိပါဝါတိုင်းခြင်း များကိုကြည့်ရှူစမ်းသပ်ပြုလုပ်ပေးပါသည်။ အပတ်စဉ် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၇) နာရီ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။ မနက် (၇) နာရီမှ (၉) နာရီအထိ    အရိုးအကြော ခွဲစိတ်ဌာန ( Orthopaedic Unit )  အပတ်စဉ် စနေနေ့၊ မနက် (၉) နာရီ   ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ဌာန ( Uro-Surgery ) အပတ်စဉ် သောကြာနေ့၊ မနက် (၉) နာရီ  အပတ်စဉ် တနင်္ဂနွေနေ့၊ မနက် (၁၀) နာရီ    ကျောက်ကပ်သွေးသန့်စင်ဌာန ( Hemodialysis Ward )   တစ်ပတ်လျှင် (၆) ရက်ဖြင့် တစ်ရက်လျှင် လူနာ (၁၈) ယောက်ကို ကျောက်ကပ်ဆေးပေးနေပြီး ကျောက်ကပ်ဆေးလိုသူများအနေဖြင့် တနင်္လာနေ့မှ သောကြာနေ့၊ မနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအတွင်း Form တင်ရမည် ဖြစ်သည်။   သွားနှင့်ခံတွင်း အထူးကုဌာန ( Dental Unit )   အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပြီး ပြသမည့် လူနာများအနေဖြင့် မနက် (၈) နာရီခွဲ နောက်ဆုံးထား၍ သွားရောက်ရမည် ဖြစ်သည်။ မနက် (၈) နာရီမှ (၁၀) နာရီအထိ 

Monday, 21 August 2023 15:57

ဗဟိုအဆင့် ပြည်သူ့ဆေးရုံ (၃၇) ခုရှိ ပြင်ပလူနာဌာနများနှင့် လိပ်စာ၊ ဖုန်းနံပါတ်များ

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ တောင်ကြီးနှင့်  မကွေးမြို့များတွင် ရှိသော အစိုးရပိုင် ဗဟိုအဆင့် ပြည်သူ့ဆေးရုံများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။   ဆေးရုံအလိုက် ပြင်ပလူနာအချိန်ဇယား ကြည့်ရန်   ရန်ကုန်ရှိ ဆေးရုံများ   ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗိုလ်ချုပ်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။ 01256123   ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ 012301618, 012301624, 012301625   အင်းစိန်ပြည်သူ့ဆေးရုံကြီး အောက်မင်္ဂလာဒုံလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ 01640523   မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မေဓါဝီလမ်း၊ (ဆ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ 019690417, 019699422, 019699423, 019699424, 019699410, 019690295    ကလေးရောဂါ အထူးကုဆေးရုံကြီး အမှတ် (၂) ပြည်ထောင်စုရိပ်သာလမ်း၊ ပြည်နောက်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ 01222807, 01222808, 01222809   ရန်ကင်းကလေးရောဂါ အထူးကုဆေးရုံကြီး အမှတ် (၈၅) သစ္စာလမ်း၊ ကန်ဘဲ့ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ 01550684   နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံ ဗညားဒလလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ 01544000   မျက်စိရောဂါ အထူးကုဆေးရုံ အမှတ် (၃၀)၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ 01549171   စိတ်ကျန်းမာရေးဆေးရုံကြီး အမှတ် ၁၆၄၊ အမှတ် (၇) လမ်းမကြီး၊ ရွာသာကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့။ 09789504420   အရိုးရောဂါ အထူးကုဆေးရုံကြီး အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။ 09454806984, 01527087   သာကေတအထူးကုဆေးရုံ ဧရာဝဏ်လမ်းမကြီးနှင့် ရှုခင်းသာလမ်းမကြီးထောင့်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။ 01450792   သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး ကျိုက်က္ကစံလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ 01579890   မင်္ဂလာဒုံအထူးကုဆေးရုံ ပြည်လမ်း၊ ကျိုက္ကလို့ဘုရားအနီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။ 01256112   ဗဟိုအမျိုးသမီးဆေးရုံကြီး မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်, ရန်ကုန်မြို့။ 01221413   ဝေဘာဂီကူးစက်ရောဂါ အထူးဆေးရုံကြီး ဝေဘာဂီရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။  09451626466   အောင်ဆန်းတီဘီရောဂါ အထူးကုဆေးရုံကြီး အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။  013645748   ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ 01384493   အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ 09457758577   ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်   Advertisement Click Here > Great Star Enterprise မန္တလေးရှိ ဆေးရုံများ   မန္တလေးပြည်သူ့ဆေးရုံကြီး လမ်း ၃၀၊ ၇၄ လမ်းနှင့် ၇၇ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 0221041   ကလေးရောဂါ အထူးဆေးရုံကြီး ၆၆ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 024024915, 024024916, 024024917   ခုတင် (၃၀၀) ဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး ၂၉ လမ်းနှင့် လမ်း ၃၀ ထောင့်၊ ၇၄ လမ်းနှင့် ၇၅ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။  024033965, 024032225    ဗဟိုအမျိုးသမီးဆေးရုံကြီး လမ်း ၃၀၊ ၆၈ လမ်းနှင့် ၇၀ လမ်းကြား၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ 024066691   စိတ်ကျန်းမာရေးဆေးရုံကြီး မြစ်ငယ်၊ ထုံးဘိုလမ်းခွဲ၊ တောတွင်ကျေးရွာအနီး ၊အမရပူရမြို့နယ်၊ မန္တလေးမြို့။ 09402594751 စိတ်ကျန်းမာရေး ကုသဌာန - 09266863258  မူးယစ်ဆေးစွဲရောဂါ ကုသဌာ - 09780793831    ခုတင် (၃၀၀) ဆံ့ သင်ကြားရေး ပြည်သူ့ဆေးရုံကြီး ၆၂ လမ်းပေါ်၊ သိပ္ပံလမ်းတောင်ပိုင်း၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ 0280340   မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ လမ်း ၈၀ နှင့် ၈၁ လမ်း ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ 09965399550   ခုတင် (၅၀၀) ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး မြို့သစ် (၁) ရပ်ကွက်၊ (၆၂) လမ်း၊ သိပ္ပံလမ်းနှင့် အောင်ဆန်းလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။ 09796493469, 022847613, 022847615   ပြန်လည်သန်စွမ်းရေးဆေးရုံကြီး (အထက်မြန်မာပြည်) မတ္တရာမြို့နယ်၊ မန္တလေးမြို့။  09896502583   ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး 09771851582   မန္တလေးတိုင်းဒေသကြီးရှိ ဆေးရုံအားလုံး ကြည့်ရန်   Advertisement Click Here >King Metal နေပြည်တော်ရှိ ဆေးရုံများ   ခုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် 0673420683, 067421455   ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ နေပြည်တော်။ 09404244075   သားဖွားမီးယပ်ရောဂါ အထူးကုဆေးရုံကြီး ဥတ္တရ သီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။ 067417246   မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်းပင်း ခွဲစိတ်အထူးကုဆေးရုံ ဥတ္တရသီရိမြို့နယ်၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ သီရိရတနာလမ်းနှင့် သီရိမဏ္ဍိုင်လမ်းထောင့်၊ နေပြည်တော်။ 067417160   ကလေးရောဂါ အထူးကုဆေးရုံကြီး ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရက်ကွက်၊ သီရိရတနာလမ်း၊ နေပြည်တော်။ 067417059   အရိုးရောဂါ အထူးကုဆေးရုံကြီး သီရိမဏ္ဍိုင်လမ်း၊ နေပြည်တော်။ 067417180   တောင်ကြီးနှင့် မကွေးရှိ ဆေးရုံများ   စပ်စံထွန်းပြည်သူ့ဆေးရုံကြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စဝ်စံထွန်းရပ်ကွက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှေ့၊ တောင်ကြီးမြို့။  0812121511   အမျိုးသမီးနှင့် ကလေးဆေးရုံကြီး က​လေး​ဆေးရုံလမ်း၊ တောင်ကြီးမြို့။ 0812121219   မကွေးမြို့ သင်ကြားရေးဆေးရုံကြီး 0632025154   တိုင်းနှင့် ပြည်နယ် (၁၅) ခုရှိ ဆေးရုံများ ကြည့်ရန်  

Friday, 18 August 2023 18:57

သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်း ဝင်ခွင့်လမ်းညွန်

သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနှင့်  ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ်သင်တန်း ဝင်ခွင့်လမ်းညွန်

Friday, 11 August 2023 09:22

စင်ကာပူတွင် သူနာပြု (၄,၀၀၀) ခန့် ခေါ်ယူမည် ဖြစ်ပြီး အသစ်ခန့်များအတွက် အဆောင်စီစဉ်ပေးမည်

စင်ကာပူ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံခြားမှ သူနာပြု (၄,၀၀၀) ခန့် ခေါ်ယူသွားမည် ဖြစ်ပြီး ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသူများအတွက် နေထိုင်စရာ မရခင်စပ်ကြား အဆောင်တွင် နေထိုင်နိုင်ရန် စီစဉ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။   ထို့အတွက် အဆောင်များကို ယခုနှစ်ကုန်တွင် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ကာ လာမည့် ၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်တွင် စတင် နေထိုင်နိုင်ရန် စီစဉ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။   နေရာအဆောက်အဦး (၅) ခုတွင် (၁,၈၀၀) ဦးအထိ နေထိုင်နိုင်ရန် စီစဉ်ပေးထားမည် ဖြစ်ပြီး အိပ်ခန်းတစ်ခန်းလျှင် (၂) ဦး အတူနေရမည် ဖြစ်သည်။ အဆောင်တွင် ဧည့်ခန်း၊ ထမင်းစားခန်း၊ ဟင်းချက်ခန်း၊ အဝတ်လျှော်ခန်းနှင့် နားနားနေနေနေ နေရန်အခန်း စသည်များ ပါဝင်သည်။     Advertisement Click Here > Meditech Co., Ltd.   ကနဦးအနေဖြင့် အဆိုပါနေရာ (၅) ခုမှ အဆောင်များ အသုံးပြုမှုကို စောင့်ကြည့်လေ့လာပြီး ရရှိလာသည့် အတွေ့အကြုံများဖြင့် ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကာ နောက်ထပ်အဆောင်များ တိုးချဲ့ဖွင့်လှစ်သွားရန်အတွက် နောက်ထပ်နေရာ (၁၁) ခုလည်း လျာထားသည်ဟု ဆိုသည်။   ယခု ၂၀၂၃ ခုနှစ်ကုန်အထိ သူနာပြု (၄,၀၀၀) ဦးနီးပါး အသစ်ခန့်မည် ဖြစ်ပြီး နိုင်ငံခြားသား သူနာပြုများနှင့် နိုင်ငံသား သူနာပြုအချိုးမှာ ၆၀:၄၀ ဖြစ်သဖြင့် နိုင်ငံခြားသား သူနာပြုများ အသစ်ခန့်ဦးရေ ပိုများမည် ဖြစ်သည်။   စင်ကာပူနိုင်ငံတွင် လာရောက် လုပ်ကိုင်ကြသည့် နိုင်ငံခြားသားမှ ကျန်းမာရေးလုပ်သားများတွင် သူနာပြုများသည် အများဆုံး ပါဝင်ကြောင်း သိရသည်။