What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 May 2023 09:48

(၁၀) ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ (၆၀၀) ကျော်ထိ ရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့မှ ယမန့်နေ့ မေလ (၁) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၆၀၂) ဦးထိ ရှိလာကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၃၁,၇၀၂) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၉၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၅၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။ နေ့အလိုက် ကူးစက်လူနာစာရင်း ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦးဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦးဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦးဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦးဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦးဧပြီလ ၂၈ - ၂၉ ရက်အထိ (၁၃၀) ဦးဧပြီလ ၂၉ - ၃၀ ရက်အထိ (၇၁) ဦးဧပြီလ ၃၀ - မေလ ၁ ရက်အထိ (၁၀၆) ဦး AdvertisementClick Here > DM Trading   ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

Friday, 31 March 2023 10:00

ရောဂါဖြစ်ကြောင်း သိချိန်မှာ အများဆုံး (၆) လပဲ အသက်ရှင်နိုင်တဲ့ ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိတဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။    မုန့်ချိုအိတ်က ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။   ပန်ကရိယကင်ဆာဟာ အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက် သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှ သိလာရတတ်ပါတယ်။    “ ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ Pancreatic Cancer ပန်ကရိယကင်ဆာ ( မုန့်ချိုအိတ်ကင်ဆာ ) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပြီဆိုရင် များသောအားဖြင့် (၂) လမှ (၆)လ လောက်ပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က ပြောပါတယ်။   ရောဂါလက္ခဏာများ   ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး နောက်ကျောကိုပါ ပြန့်နှံ့ခြင်း အသားရောင်ဝါပြီး မျက်လုံးဖြူခြင်း အစားအသောက်ပျက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စိတ်ကျခြင်း သွေးခဲခြင်း တို့ ဖြစ်ပြီး ရောဂါဆိုးလာတဲ့ အချိန်မတိုင်မီထိ လက္ခဏာ မပြတတ်ပါဘူး။    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။   Advertisement  Click Here > Beauty Promo Pwal   ဒေါက်တာက “ အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာဖြစ်နေရင် လူနာက ဗိုက်နာပါတယ်။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ်၊ အစာအိမ်ရောဂါ ဖြစ်တယ်လို့  ဆရာဝန်တွေက ထင်ကြပြီး အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။ “ လို့ ဆိုပါတယ်။   ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ   ပန်ကရိယကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။   ရောဂါဖြစ်နိုင်ခြေများ ဆေးလိပ်သောက်ခြင်း အဝလွန်ခြင်း လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း အသီးအနှံအစားနည်းခြင်း အဆီများသော အစာစားခြင်း အရက်သောက်လွန်းခြင်း ဆီးချီုရှိခြင်း ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများဖြင့် အလုပ်လုပ်နေရခြင်း မုန့်ချိုအိတ်နာတာရှည်ရောင်ရမ်းခြင်း အသည်းပျက်စီးခြင်း မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်၍ မိသားစုရာဇဝင်ရှိခြင်း၊ ကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ချို့ယွင်းမှုရှိခြင်း စတဲ့ အခြေအနေတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားစေပါတယ်။   “ ပန်ကရိယကင်ဆာမဖြစ်ခင် တစ်နှစ်ခွဲကနေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ်။ ကိုလက်စထရော စတဲ့ သွေးတွင်းအဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာပြီး ကိုယ်အလေးချိန်က ကျမသွားဘူး။ ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်းအဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။ သွေးတွင်းအချိုဓာတ် တဖြည်းဖြည်း တက်လာပြီး အကြောင်းထူးမရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျသွားရင် အထူးသတိထားဖို့ ကောင်းပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က သတိပေးပါတယ်။   Advertisement Click Here > Central Ko Soe Myint   ရောဂါအဖြေရှာခြင်းနှင့် ကုသမှု   ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မုန့်ချိုအိတ်အနေအထားကို အသေးစိတ်သိနိုင်ရန် CT၊ MRI ရိုက်ခြင်း အစာအိမ်လမ်းကြောင်းအတွင်း မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း အသားစနမူနာစစ်ဆေးခြင်း အကျိတ်လက္ခဏာ CA 19-9 ရှိမရှိ သွေးစစ်ခြင်း   ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။ အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။   အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။   အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။   အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ ( ဥပမာ - အသည်း ) ကို ပြန့်နှံ့နေပါတယ်။   ဘယ်လိုကုသနိုင်သလဲ   ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ ပထမတစ်ချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။   ခွဲစိတ်ခြင်း   အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲ ရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျ သိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့ လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ဖယ်ရှားပါတယ်။ သည်းခြေအိတ် အောက်ခြေတစ်ဝက်နဲ့ အူရဲ့ အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတစ်ခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။   Advertisement Click Here > Central Ko Soe Myint   ဒေါက်တာက “ ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာအပေါ် ထိရောက်မှု မရှိပါဘူး။ အခြား ကုသနည်းတွေ၊ ဆေးဝါးအသစ်တွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။   ဓါတ်ရောင်ခြည်သုံး ကုသခြင်း   မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေ ပြန့်လာရင် X Ray နဲ့ တခြားစွမ်းအားမြင့် ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေ သတ်ဖို့ သုံးပါတယ်။   ကင်ဆာဆေးသွင်းခြင်း   ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။   နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ   ဆေးလိပ်ဖြတ်ခြင်း အာဟာရပြည့်ဝအောင် စားသောက်ခြင်း တနေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း အသီးအရွက် များများစားခြင်း အဆီများသော အစာများ ရှောင်ခြင်း အရက်ရှောင်ခြင်း စတဲ့ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပန်ကရိယကင်ဆာအတွက် အထောက်အကူ ပြုပါတယ်။   ပန်ကရိယကင်ဆာကို ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပိုအရေးကြီးပါတယ်။ ဒါကြောက့် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကျဉ်တာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အသားကင်တွေကို လျှော့စားပြီး သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံ၊ အရွက်တွေကို စားသုံးတာမျိုး အလေ့အကျင့် လုပ်ထားသင့်ပါတယ်။   အထူးသဖြင့် လူကြီးပိုင်းတွေအနေနဲ့ အသက် (၅၀) ကျော်ရင် သွေးတွင်းအချိုဓာတ် Blood Glucose Levels ကို အမြဲတိုင်းပါ။ သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ်၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ်  ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။   Ref : Hello Sayarwon, ဒေါက်တာမော်နီကာသူရိန်

Monday, 20 March 2023 13:03

သင့်ခန္ဓာကိုယ်ကနေ အချက်ပြ သတိပေးနေတဲ့ ကိုယ်တွင်းရောဂါ လက္ခဏာများ

ကျွန်တော်တို့ ခန္ဓာကိုယ်က ကိုယ်တွင်းရောဂါ ကြီးကြီးမားမားမဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာအနေနဲ့ အချက်ပြပေးနေတဲ့ ကျန်းမာ‌ရေးပြသနာသေးသေးလေးတွေ ရှိပါတယ်။ လူအများစုက ဒါကို သတိပြုရကောင်းမှန်း မသိဘဲ ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။ တကယ်က ဒီရောဂါလက္ခဏာတွေကို စောစောသိပြီး စောစော ကုသမယ်နိုင်မယ်ဆိုရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာပါ။ ဒါကြောင့် ခန္ဓာကိုယ်က အချက်ပြပေးနေတဲ့ လက္ခဏာတွေကို ကြည့်ပြီး ဘယ်လို ကိုယ်တွင်းရောဂါတွေ ဖြစ်နိုင်ချေရှိလဲဆိုတာ မျှဝေသွားပါမယ်။ ၁။ မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းဘဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင် အဆုတ်၊ နှလုံး ရောဂါ ရှိနိုင်ပါတယ်။ ၂။ မနက်အိပ်ယာထခါစတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။ ၃။ မနက်အိပ်ယာထစမှာ ခေါင်းတွေအုံ၊ မျက်စိတွေ ကြည့်မကောင်း၊ အကြောတွေတက် ဖြစ်နေလျှင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါတယ်။ ၄။ ပူပန်စရာ အထူးမရှိဘဲ ညစဉ် အိပ်မပျော်သလို၊ အိပ်ရေးမဝသလို ဖြစ်နေလျှင် အစာအိမ်နှင့် သည်းခြေအိတ် ရောဂါရှိနိုင်ပါတယ်။ ၅။ အမြဲ တစ်ခုခုကို အလိုမကျခြင်း၊ ဒေါသထွက် မြန်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်း တို့ဖြစ်နေလျှင် စိတ်ကျရောဂါ၊ အသည်းအားနည်းရောဂါ ရှိနိုင်ပါတယ်။ ၆။ မျက်လုံးမို့အစ်ခြင်း၊ မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါနှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်ပါတယ်။ ၇။ ပုံမှန်လက်စွပ်များ ဝတ်မရ၊ ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက ဂေါက်ရောဂါ ကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ၈။ သွားများ၊ မျက်စိများ ဝါလာခြင်း၊ လက်သည်း၊ ခြေသည်းခွံများ ဝါလာပါက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိနိုင်ပါတယ်။ ၉။ မိန်းခလေးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်းများ ဖြစ်နေပါက သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။      Advertisement Click Here > Green Leaf ၁၀။ ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိန်းနိုင် ဖြစ်ပါက ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ်နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ၁၁။ ထိုင်ရာမှ ထရာ၌ မူးခြင်း၊ မိုက်ခြင်း ဖြစ်ပါက သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ ရှိနိုင်ပါတယ်။ ၁၂။ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပါက အဆုတ်လမ်းကြောင်းမှာ ပြသနာတစ်ခုခု ရှိနေနိုင်ပါတယ်။ ၁၃။ အသားအရောင် ပြောင်းလဲလာခြင်း၊ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်းတို့က နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ လက္ခဏာတွေပါ။ ၁၄။ ကြွက်သားတွေ အကြောဆွဲခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှု (သို့) ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ၁၅။ ဆောင်းတွင်းမှ မဟုတ်ဘဲ တခြားအချိန်တွေမှာလည်း ချမ်းနေတတ်တာက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ၁၆။ အရင်ကထက် ချွေးနံ့ပြင်းနေတာမျိုး ဖြစ်ရင် ဆီးချိုရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။ ၁၇။ အမြဲတမ်း ရေဆာနေခြင်းကလည်း ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ၁၈။ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ခန္ဓာကိုယ်ပေါ်တွင် အညိုမည်းကွက်တွေ ဖြစ်လာမယ်ဆိုရင် သွေးခဲရောဂါ ဖြစ်နိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်တာမို့ သတိနဲ့ ယှဉ်ပြီး ရောဂါဆိုးဆိုးရွားရွား မဖြစ်ခင်မှာ အချိန်မှီ ကာကွယ်နိုင်ဖို့က အရေးကြီးပါတယ်။ *Credit to Original Uploader*

Thursday, 16 March 2023 15:17

နေ့စဉ်ဘဝမှာ Silent Killer အသတ်မခံရအောင် ဘယ်လိုပြင်ဆင် နေထိုင်မလဲ…?

မကူးစက်နိုင်သော ရောဂါများကို အသံတိတ်လူသတ်သမား (Silent Killer) ဟု ခေါ်ကြသည်။ ခန္ဓာကိုယ်အတွင်း မည်သည့်အချိန်က ရောက်နေသည်ကို မသိ၊ လက္ခဏာမပြဘဲ နာတာရှည်ရောဂါအဖြစ် တဖြည်းဖြည်း ဒုက္ခပေးနေခြင်းဖြစ်ပြီး အဆိုပါ ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ (၃၈) သန်းခန့် သေဆုံးနေကြရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။   ကူးစက်ရောဂါများထက် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ပိုမို များပြားလျက် ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော် ပြောကြားထားသည်။    မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုနှင့် နေထိုင်မှုပုံစံများကို ကာလရှည်ကြာ ကျင့်သုံးမိခြင်းကြောင်း ဖြစ်ပေါ်လာသော ရောဂါအစုအဝေးဖြစ်ပြီး လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်သော ရောဂါများ ဖြစ်သည်။    သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်ပွ၊ လေပြွန်ကျဉ်းနှင့် ပန်းနာရင်ကျပ်၊ စိတ်ကျန်းမာရေး၊ အတက်ရောဂါ၊ နားလေးရောဂါ၊ မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်မှုအန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ အရက်စွဲအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မြွေကိုက်အန္တရာယ် အစရှိသည့် ရောဂါများသည် မကူးစက်နိုင်သောရောဂါများထဲတွင် ပါဝင်သည်။    မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါလေးမျိုးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါနှင့် (၄) နာတာရှည်အဆုတ်ရောဂါတို့ ဖြစ်သည်ဟု သိရသည်။ ယင်းရောဂါများကြောင့် သေဆုံးသူဦးရေသည် ၂၀၁၉ ခုနှစ်တွင် (၇၅) ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။   Advertisement Click Here > Big M Enterprise Ltd   အထက်‌ဖော်ပြပါ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပေါ်ခံစားရပါက လူနာအနေဖြင့် နာတာရှည်ရောဂါများ ခံစားရသကဲ့သို့ မိသားသည်လည်း အချိန်နှင့် ငွေကြေးများစွာ အကုန်အကျခံကာ ကုသရသဖြင့် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပေသည်။   မကူးစက်နိုင်သော ရောဂါများကို မဖြစ်မီ ကြိုတင် ကာကွယ်နိုင်ရန် လူတိုင်းအနေဖြင့် မိမိတို့၏ နေ့စဉ် အပြုအမူ သွားလာ နေထိုင် စားသောက်မှု ပုံစံများကို ကျန်းမာရေးနှင့် ညီညွတ်သော ပုံစံအဖြစ် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲသွားရန် လိုအပ်သည်။  ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများ၊ အသင့်ထုပ်ပိုးထားသည့် အစားအစာများ၊ တိရစ္ဆာန်အဆီ၊ စားအုန်းဆီ၊ ကွမ်းနှင့် ဆေးရွက်ကြီးစားသုံးမှုများကို ရှောင်ကြဉ်ခြင်း၊  အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများ စားသုံးခြင်း၊ မိမိနှင့် ကိုက်ညီသည့် ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ် မိနစ် ၃၀ ခန့် ပုံမှန်ပြုလုပ်ခြင်း၊  ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားဆေးငုံခြင်း၊ အရက်အလွန် အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ နေ့စဉ် ရေ (၂) လီတာ (ရေသန့် နှစ်ဘူး)ခန့် သောက်ခြင်း၊  စိတ်သောက နည်းပါးစွာ နေထိုင်ခြင်းတို့ကို ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်မှုပုံစံအဖြစ် ကျန်းမာရေးပညာရှင်များက အကြံပြုထားပြီး အသက် (၄၀) နှစ်ကျော်လာပါက ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတို့ ဖြစ်ပွားနေမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း တိုက်တွန်းထားသည်။   မကူးစက်နိုင်သော ရောဂါများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် ရောဂါများလည်းဖြစ်သည့်အလျောက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်မှုပုံစံများကို လူတိုင်း ကိုယ်စီကျင့်သုံးကာ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ထားရမည် ဖြစ်သည်။   Ref : MNP

Monday, 13 March 2023 12:34

ရန်ကုန်မှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်

ရန်ကုန်မြို့မှာ IQAir ရဲ့ ထုတ်ပြန်ချက်အရ မတ်လ (၁၀) ရက်ကနေ (၁၂) ရက်အတွင်း လေထုညစ်ညမ်းမှု ညွှန်းကိန်း 169 AQI အထိ မြင့်တက်ခဲ့ပါတယ်။ မနက်တိုင်း မြူဆိုင်းနေတာလို့ ထင်ကြပေမယ့် တကယ်တမ်း လေထု ညစ်ညမ်းမှုကြောင့် ကောင်းကင်မှာ အရောင်ပြောင်းနေခဲ့တာ ဖြစ်နိုင်ပါတယ်။   ဒီလေထုညွှန်းကိန်းဟာ မြို့မှာ နေထိုင်သူ လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အနီရောင်အဆင့် အခြေအနေတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ကလည်း ကြေညာထားတာကို တွေ့ရပါတယ်။    မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်အရ မတ်လ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ရန်ကုန်အပါအဝင် တခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ နေရာကွက်ကြား မိုးရွာသွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။   မိုးရွာသွန်းခြင်းအားဖြင့် ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှု ညွှန်းကိန်းဟာ ပြန်လည် လျော့ကျလာမယ်လို့ မျှော်လင့်ရပြီး IQAir ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ 132 AQI, မတ်လ (၁၄) ရက်နေ့မှာ 139 AQI, မတ်လ (၁၅) ရက်နေ့မှာ 124 AQI, (၁၆) ရက်နေ့မှာ 116 AQI, (၁၇) ရက်နေ့မှာ 130 AQI, (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ 113 AQI စသဖြင့် လျော့ကျလာမယ်လို့ ဖော်ပြထားပါတယ်။   ဒါပေမယ့် ဒီညွှန်းကိန်းတွေဟာလည်း လိမ္မော်ရောင်အဆင့် ဖြစ်နေသေးတာမို့ လူတိုင်းအတွက် မဟုတ်ပေမယ့် တချို့လူကြီးပိုင်းတွေနဲ့ ကျန်းမာရေး သိပ်မကောင်းသူတွေအတွက်တော့ အန္တရာယ် များနေဆဲ ဖြစ်ပါတယ်။   Advertisement Click Here > Lat War (TSM)   ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ရဲ့ ကြေညာချက်အရ… AQI 50 အောက် ( အစိမ်းရောင်အဆင့် ) AQI 51-100 ကြား ( အဝါရောင်အဆင့် ) AQI 101-150 ကြား ( လိမ္မော်ရောင်အဆင့် ) AQI 151- 200 ကြား ( အနီရောင်အဆင့် ) AQI 201- 300 ကြား ( ခရမ်းရောင်အဆင့် ) AQI 301 အထက် ( ကြက်သွေးရောင်အဆင့် ) လို့ သတ်မှတ်ထားပါတယ်။   လေထု သန့်စင်ပေးတဲ့ အပင် (၁၀) မျိုး > https://bit.ly/424hJuq   AQI 50 အောက် ညွှန်းကိန်းဟာ လူတိုင်းအတွက် အထူးကောင်းမွန်တဲ့ လေထုဖြစ်ပြီး AQI 51-100 ကြားထိ သင့်တင့် ကောင်းမွန်သေးတဲ့ လေထု ဖြစ်ပါတယ်။ AQI 101-150 ကြားဆိုရင်တော့ တချို့သောသူတွေအတွက် သိပ်မကောင်းတဲ့ လေထု ဖြစ်လာပါပြီ။   AQI 151- 200 လောက်ထိ ညွှန်းကိန်းရောက်ရှိလာပြီဆိုရင်တော့ ဒါဟာ လူတိုင်းအတွက် ကျန်းမာရေးကို စတင် ထိခိုက်လာနိုင်တဲ့ လေထု ဖြစ်ပါတယ်။ AQI 201- 300 ကြားဆိုရင်တော့ တော်တော်လေးကို ထိခိုက်နိုင်တဲ့ အဆင့်ကို ရောက်ရှိပါပြီ။   တကယ်လို့ လေထုညွှန်းကိန်းဟာ AQI 301 နဲ့အထက်ကို ရောက်ရှိလာပြီဆိုရင်တော့ အန္တရာယ်အဆင့်ပါ။ တချို့သူတွေ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်လို့ နိုင်ငံရဲ့ အရေးပေါ်အဆင့် သတ်မှတ်ပြီး ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။   အဲယားကွန်း အရောင်းနှင့် ပြုပြင်ရေး  (၉၀၂) ခု > https://bit.ly/3YJCLM7   လက်ရှိမှာ ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ လေထုညစ်ညမ်းမှု အဆင့် (၁) နေရာမှာ ရှိနေပြီး မြို့ရဲ့ လေထုအရည်အသွေးဟာ လိုအပ်တာထက် တဖြည်းဖြည်း နည်းပါးလာနေတာကြောင့် မြို့နေလူထုရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။   လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့အတွက် Mask တပ်တာ၊ လေထုသန့်စင်စက် တပ်ဆင်တာ၊ Air Freshener ဖြန်းတာ၊ ပြတင်းပေါက် ပိတ်တာတွေ ပြုလုပ်သင့်ပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်တာမျိုးတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။   Air Freshener အရောင်းဆိုင် (၁၇) ခု ရှာရန် > Air Fresheners   ကမ္ဘာပေါ်မှာ လေထုညွှန်းကိန်း ကြက်သွေးရောင်အဆင့် ရောက်ရှိတဲ့ နိုင်ငံနဲ့ မြို့တွေ မရှိသေးပေမယ့် ခရမ်းရောင်အဆင့် ရောက်နေတဲ့ နိုင်ငံတွေတော့ ရှိလာပါပြီ။ အဲဒီနိုင်ငံတွေကတော့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ( 225 AQI ) နဲ့ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ( 203 AQI ) တို့ပဲ ဖြစ်ပါတယ်။     တခြား မတ်လ (၁၃) ရက်နေ့ လေထုတိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ မြို့တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။   အနီရောင်အဆင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ ( 185 AQI )  အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ( 179 AQI )  ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ ( 176 AQI )  အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ( 162 AQI )  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ( 159 AQI )  ဘင်္ဂလားဒေ့ရှ်၊ ဒါကာမြို့ ( 154 AQI )  ဂါနာနိုင်ငံ၊ အက်ကရာမြို့ ( 152 AQI )  အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ( 152 AQI )    Advertisement Click Here > Myat Noe Lay Co., Ltd.   လေထုညစ်ညမ်းမှုညွှန်းကိန်း ခရမ်းရောင်နဲ့ အနီရောင် အဆင့်တွေထဲမှာ အိန္ဒိယနိုင်ငံက မြို့ (၃) မြို့နဲ့ ပါကစ္စတန်နိုင်ငံက မြို့ (၂) မြို့ထိ ပါဝင်နေပြီး တခြားနိုင်ငံတွေကတော့ တစ်မြို့စီ ပါဝင်နေတာကို တွေ့ရပါတယ်။   လိမ္မော်ရောင်အဆင့် ဟောင်ကောင် SAR ( 141 AQI )  အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ ( 134 AQI )  မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ( 132 AQI ) တရုတ်နိုင်ငံ၊ ရှန်ယမ်းမြို့ ( 132 AQI )  မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့ ( 125 AQI )  ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ ( 120 AQI )  ထိုင်ဝမ်နိုင်ငံ၊ Kaohsiung မြို့ ( 119 AQI )  ကာတာနိုင်ငံ၊ ဒိုဟာမြို့ ( 117 AQI )  ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ ( 114 AQI )  ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ( 112 AQI )  တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ ( 112 AQI )  တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ ( 110 AQI )  တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ ( 107 AQI )    အိမ်ထဲမှာ လေထုသန့်စင်အောင် ဘယ်လို ပြင်ဆင်သင့်လဲ? > https://bit.ly/3Tilzft   အပေါ်မှာ ဖော်ပြထားတဲ့ နိုင်ငံနဲ့ မြို့တွေမှာ ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ လေထုညစ်ညမ်းမှု အများဆုံး ရှိနေတာ ဖြစ်ပြီး ဒီစာရင်းထဲမှာဆိုရင် ရန်ကုန်မြို့ဟာ တစ်ကမ္ဘာလုံးရဲ့ အဆင့် (၁၃) နေရာကို ရောက်ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။    ရန်ကုန်က မြို့နယ်တွေရဲ့ လေထုညွှန်းကိန်းများ ကြည့်ရန်   IQAir ရဲ့  ကောက်ယူ ခန့်မှန်းထားတဲ့ စာရင်းအရ သြစတြေးလျနိုင်ငံမှာရှိတဲ့ ကင်ဘာရာမြို့ဟာ လေထုညစ်ညမ်းမှု လုံးဝ မရှိဘူးလို့ သိရပါတယ်။ 0 AQI ဆိုတော့ မြို့နေလူထုအနေနဲ့ လေကောင်းလေသန့်ကို အချိန်တိုင်း နေရာတိုင်း ရှုရှိုက်နေရပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။   အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ နော်‌ဝေနိုင်ငံ၊ အိုစလိုမြို့၊ ဗြိတိန်နိုင်ငံ နယူးယောက်မြို့၊ ကနေဒါနိုင်ငံ ဗန်ကူးဗာဘီစီမြို့နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွေဟာလည်း လေထုညွှန်းကိန်း 10 AQI အောက်ပဲ ရှိတာကြောင့် အကောင်းဆုံးလေထုတွေကို ပိုင်ဆိုင်ထားပါတယ်။   ကျန်းမာရေးအတွက် သင့်တင့် ကောင်းမွန်တဲ့ လေထုညွှန်းကိန်း အဝါရောင်အဆင့်နဲ့ အစိမ်းရောင်အဆင့် နိုင်ငံနဲ့ မြို့တွေကို အောက်ကလင့်ခ်မှာ ဆက်လက် ကြည့်ရှု လေ့လာနိုင်ပါတယ်။ > https://www.iqair.com/world-air-quality-ranking   ရန်ကုန်အနေနဲ့ မြို့နေလူထုရဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ လေထုအရည်အသွေး ရှိနေတာကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် မြို့တွင်းမှာ လေထုသန့်စင်မှုတွေ အများအပြား လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။   Su Mon Oo Ref : IQ Air 

Thursday, 26 January 2023 16:50

ကမ္ဘာ့ရှားပါးရောဂါနေ့ အပါအဝင် လူသိပ်မသိသေးတဲ့ ကျန်းမာရေးဆိုင်ရာနေ့များ

ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ပြီး ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ ရောဂါတွေဟာလည်း အများအပြား ပေါ်ပေါက်လာနေပါတယ်။ 

Friday, 02 December 2022 14:53

ဟင်းသီးဟင်းရွက်များများပါသောအစာ စားခြင်းဖြင့် အမျိုးသားများအူမကြီးကင်ဆာ ဖြစ်နိုင်ခြေလျှော့ချနိုင်

ဟင်းသီးဟင်းရွက်ပါဝင်မှုများသည့် အစားအစာများ စားသုံးပါက အမျိုးသားများ၌ အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ The Daily Mail သတင်းစာက ရေးသားတင်ပြထားပါသည်။

Friday, 02 December 2022 13:32

WHO က မျောက်ကျောက်ရောဂါကို Mpox ကျောက်ရောဂါအဖြစ်အမည်သစ်ပြောင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မျောက်ကျောက်ရောဂါ (Monkeypox) ကို Mpox ကျောက်ရောဂါ အဖြစ် နိုဝင်ဘာလ ၂၈ရက်နေ့က အမည်သစ်ပြောင်းလဲ လိုက်ကြောင်း The Daily Mail သတင်းစာတွင် ရေးသား တင်ပြထားသည်။

Thursday, 01 December 2022 15:59

သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်

တကယ်လို သင်ဟာ သွေးအား နည်းနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဆီကို သွေး တွေကနေတစ်ဆင့်  အောက်စီဂျင်ကို လုံလောက်အောင် သယ်ယူ လုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ပါဘူး။