What's New



Wednesday, 22 April 2026 13:23

မြန်မာနိုင်ငံတွင် လူတိုင်း အရည်အသွေးမြင့် ကျန်းမာရေးစောင့်‌ရှောက်မှု ရရှိစေရန် Zuellig Pharma က စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်

ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ဆေးခန်းလေးတစ်ခုဆီကို ဆီးချိုရောဂါ ခံစားနေရတဲ့ လူတစ်ယောက် ပုံမှန်ရက်ချိန်းပြဖို့ ရောက်ရှိလာပါတယ်။ ရောဂါဝေဒနာခံစားရသူတွေအတွက် ဆေးကုသမှုခံယူခြင်း ဆိုတာ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်တာတင်မကဘဲ ရောဂါနဲ့ပတ်သက်တဲ့ ကုသရေးဆေးဝါးတွေကို ပုံမှန်ရရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ရက်အနည်းငယ်လောက်ပဲ ဆေးဝါးပြတ်လပ်သွားခဲ့မယ်ဆိုရင်တောင် ကုသမှုကို ထိခိုက်စေနိုင်သလို ဝေဒနာရှင်နဲ့ မိသားစုတွေအတွက်လည်း မရေမရာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ခံစားလာရနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ကျန်းမာရေးနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့်ကြုံတွေ့နေရတဲ့ လက်တွေ့အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ မြို့ပြဒေသတွေမှာ ကျန်းမာရေး အခြေခံစနစ်တွေ ပိုကောင်းတာမှန်ပေမဲ့ အချို့နေရာတွေမှာတော့ ဆေးဝါးအလွယ်တကူ ရရှိနိုင်ဖို့၊ ဈေးနှုန်းသက်သာဖို့နဲ့ ဆေးဝါး ပြတ်လပ်မသွားဖို့ဆိုတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် နာတာရှည်ရောဂါ ခံစားနေရသူတွေအတွက်တော့ လိုအပ်တဲ့ ဆေးဝါးကို စိတ်ချလက်ချ အမြဲရရှိနေဖို့ဆိုတာ သာမန်အဆင်ပြေမှုတစ်ခုလောက် မဟုတ်ဘဲ ရောဂါကုသရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ ကျန်းမာရေးစနစ် အားကောင်းလာဖို့ဆိုတာ ဆေးဘက်ဆိုင်ရာတင်မဟုတ်ဘဲ လုပ်ငန်းလည်ပတ်မှုဆိုင်ရာမှာလည်း ကောင်းမွန်ဖို့လိုကြောင်း ဒီအခြေအနေကနေ ပြသနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှစွာ ရရှိနိုင်ရေးအကြောင်း ပြောတဲ့အခါ ဝန်ဆောင်မှုတွေကို လက်လှမ်းမီအောင် တိုးချဲ့ဖို့ကိုပဲ အဓိကထား ပြောလေ့ရှိပေမဲ့ လက်တွေ့မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ဆေးဝါးတွေကို စဉ်ဆက်မပြတ် ရရှိနိုင်စေရေးဟာလည်း အရေးကြီးပါတယ်။ ဥပမာပြောရရင် ဆီးချိုရောဂါလို နာတာရှည်ရောဂါဝေဒနာရှင်တွေအတွက် ဆေးဝါးပုံမှန် ရရှိနေဖို့ဆိုတာ မဖြစ်မနေပါပဲ။ ဒီအခြေအနေမှာ အနာနဲ့ဆေးတွေ့ဆိုသလို မှန်ကန်တဲ့ဆေးဝါးက လိုအပ်နေတဲ့လူနာဆီကို အချိန်မီ နှောင့်နှေးမှုမရှိစေဘဲ ရောက်ရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ခိုင်မာတဲ့ ကုန်စည်စီးဆင်းမှု (Supply chain)၊ စိတ်ချရတဲ့ ဖြန့်ချီရေး ကွန်ရက်နဲ့ ကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးစနစ်တစ်ခုရဲ့ နောက်ကွယ်မှာတော့ ဆေးထုတ်လုပ်ရာကနေ လူနာလက်ထဲအထိ ဘေးကင်းစိတ်ချစွာ ရောက်ရှိစေတဲ့ အခြေခံစနစ်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကျန်းမာရေးနယ်ပယ်မှာ ရှိနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးပါလာပါတယ်။ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zuellig Pharma အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း ဆေးဝါးတွေ ပုံမှန်စီးဆင်းနေအောင် ဖြန့်ချီရေးကွန်ရက်တွေကနေတစ်ဆင့် ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေဆီကို ရောက်ရှိစေဖို့ အထူးကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ပုံမှန်အတိုင်း အဟန့်အတားမရှိ ကုသပေးနေနိုင်တာ ဖြစ်ပါတယ်။ နာတာရှည်ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တွေအနေနဲ့ ဆေးဝါးပုံမှန်ရရှိရေးက တကယ့်ကိုအရေးကြီးပြီး ကုသမှု အောင်မြင်ရေးကလည်း ဆေးဝါးတွေကို လက်လှမ်းမီနိုင်မှုအပေါ် မူတည်နေပါတယ်။ ဒီအခြေအနေကို သိရှိနားလည်ပြီး Zuellig Pharma အနေနဲ့ နိုင်ငံအနှံ့မှာ ဆေးဝါးတွေ ပိုမိုယုံကြည်စိတ်ချရစွာ ဖြန်ဖြူးနိုင်စေဖို့ ရည်ရွယ်ပြီး ပိုမိုကောင်းမွန်တဲ့ ကုန်စည်စီးဆင်းမှုဆိုင်ရာ (supply chain) အစီအစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုးစားလုပ်ဆောင်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါဆိုင်ရာ စောင့်ရှောက်မှုနဲ့ အသိပညာပေးအစီအစဉ်တွေကို Novo Nordisk နဲ့ Action for Diabetes (A4D) တို့လို မိတ်ဖက်ကုမ္ပဏီတွေနဲ့ လက်တွဲပြီး ဝေဒနာရှင်တွေအတွက် ရေရှည်ကျန်းမာရေးရလဒ်တွေ ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲနေတဲ့ ကျန်းမာရေးနယ်ပယ်မှာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းခြင်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့ ရေရှည် တောင့်တင်းခိုင်မာမှုအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာလည်း Zuellig Pharma အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို တတ်နိုင်သမျှ လျှော့ချရင်း လုပ်ငန်းလည်ပတ်မှုတွေကို တည်ငြိမ်စွာ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ တန်းတူညီမျှတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အချိန်တိုအတွင်း ရရှိလာနိုင်တဲ့အရာတစ်ခုမဟုတ်ဘဲ ခိုင်မာတဲ့ အားထုတ်ကြိုးပမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေရှည်အာမခံချက်တွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအတွက်တော့ စိတ်ချ ယုံကြည်ရတဲ့ ဆေးဝါးတွေ လက်လှမ်းမီနိုင်ဖို့၊ အရည်အသွေးမြင့်ဖို့နဲ့ စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့က အရေးကြီးတဲ့ ဦးစားပေးဖြစ်နေဆဲပါ။ ဒီစနစ်တွေကို ခိုင်မာစေခြင်းဟာ မြန်မာနိုင်ငံတစ်ဝန်း လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်တဲ့ အရေးအပါဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆေးဝါးတစ်ခုချင်းစီရဲ့ နောက်ကွယ်မှာ ကုသမှုကို စောင့်မျှော်နေတဲ့ လူနာတစ်ဦးရှိနေပြီး၊ ပိုမိုခိုင်မာတဲ့ စနစ်တွေကနေတစ်ဆင့် လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုကို လူတိုင်း လက်လှမ်းမီနိုင်အောင် ကူညီပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Wednesday, 17 July 2024 12:09

လိုအပ်သည့် ဆေးဝါးများကို ဆေးကုမ္ပဏီများမှ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်၍ ယနေ့ ဇူလိုင်လ (၁၇) ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဆေးကုမ္ပဏီများမှ ပြည်သူများထံသို့ တိုက်ရိုက် ဆေးနှင့် ဆေးဝါးများ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ ရောင်းချခြင်း ဖြစ်ပြီး အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ ( တနင်္ဂနွေနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်များမှအပ ) မနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ရောင်းချပေးမည် ဖြစ်သည်။    ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများ လေ့လာ ကြည့်ရှု ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။   လက်ရှိတွင် ကုမ္ပဏီပေါင်း (၄၀) ကျော်က ဆိုင်ခန်းပေါင်း (၄၀) ကျော် ပြသ‌ ရောင်းချပေးမည်ဖြစ်ပြီး နေ့စဉ်သုံး မရှိမဖြစ် ဆေးဝါးများဖြစ်သည့် ဆီးချို၊ နှလုံး၊ သွေးတိုး၊ ပိုးသတ်ဆေး အခြေခံဆေးဝါးများကို ရောင်းချပေးသွားမည် ဖြစ်ကြာင်း သိရသည်။

Monday, 04 March 2024 11:51

၂၀၂၅ တွင် လူတစ်သောင်းလျှင် ဆရာဝန် ၁၅ ဦး ထားရှိရန် ဗီယက်နမ် ရည်မှန်းထား

၂၀၂၅ တွင် လူတစ်သောင်းလျှင်  ဆရာဝန် ၁၅ ဦး ထားရှိရန် ဗီယက်နမ် ရည်မှန်းထား

Tuesday, 27 February 2024 12:20

ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ တန်ဖိုးသင့် Samsung Galaxy Fit3 အသစ် ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

ကျန်းမာရေးဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ တန်ဖိုးသင့် Samsung Galaxy Fit3 အသစ် ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

Sunday, 25 February 2024 17:26

ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်ရသည့် အားဖြည့်ရှူဆေး

ကျန်းမာရေးအတွက် စိုးရိမ်မကင်း ဖြစ်ရသည့်  အားဖြည့်ရှူဆေး

Tuesday, 20 February 2024 22:22

ပထမဆုံး နျုရာလင့် လူနာ အတွေးဖြင့် ကွန်ပျူတာမောက်စ်ကို ထိန်းချုပ်နိုင်

ပထမဆုံး နျုရာလင့် လူနာ အတွေးဖြင့် ကွန်ပျူတာမောက်စ်ကို ထိန်းချုပ်နိုင်

Sunday, 18 February 2024 13:42

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

Tuesday, 06 February 2024 17:57

ကမ္ဘာ့အချမ်းသာဆုံး ဆရာဝန် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးလာ

ကမ္ဘာ့အချမ်းသာဆုံး ဆရာဝန် ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးလာ

Wednesday, 31 January 2024 13:50

လူဦးနှောက်မှာ ချစ်ပ် ထည့်မြှုပ်ပြီး နျူရာလင့် စမ်းသပ်မှု စတင်

လူဦးနှောက်မှာ ချစ်ပ် ထည့်မြှုပ်ပြီး  နျူရာလင့် စမ်းသပ်မှု စတင်