အဆိုပါရောဂါသည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရိစ္ဆာန်များမှ လူသို့ကူးစက်သောရောဂါ (Zoonotic disease) တစ်မျိုးဖြစ်ပါသည်။ Toxoplasmosis ရောဂါကြောင့်ကိုယ်ဝန်ဆောင်မိခင်များနှင့် အကြောင်း အမျိုးမျိုးကြောင့်ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သောနောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာခံစားရစေ နိုင်ပါသည်။