What's New



×

Warning

JUser: :_load: Unable to load user with ID: 62

လူငယ်တွေ၊ အထူးသဖြင့် ကျောင်းသားတွေ လေ့လာနိုင်စွမ်းပိုကောင်းဖို့၊ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ အလွယ်တကူဝယ်သောက်နိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေက ခဏတာ အကျိုးကျေးဇူးကိုသာပေးနိုင်ပြီး ရေရှည်မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ဆုတ်ယုတ်စေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။

Published in Medicine Guide

အာရုံကြောစနစ် အားနည်းတဲ့သူတွေဆိုရင် အခြားကျန်းမာရေးဆိုးကျိုးတွေ ဝင်ရောက်လာနိုင်ပြီး ရေရှည်အသက်ရှည်ဖို့ မလွယ်ပါဘူး။

Published in Health Benefits

အရွယ်မတိုင်ခင် အာရုံကြောတွေ ပျက်စီးယိုယွင်းနေပြီလားဆိုတဲ့ အချက်ကိုသင်ခန္ဓာကိုယ်က ပြသပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ အာရုံကြောပေါင်းထောင်နဲ့ သောင်းနဲ့ချီပြီးရှိနေပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းအား လုံးကို ဆက်သွယ်ပေးထားတဲ့ ကြေးနန်းမျှင်လေးတွေလိုပါပဲ။ တချို့အာရုံကြောလေးတွေက ခန္ဓာကိုယ်လှုပ်ရှားဖို့ ဦးနှောက်ကနေတစ်ဆင့်ခန္ဓာကိုယ်ဆီဆက်သွယ်ပေးပါတယ်။ တချို့ကတော့ အပူ၊အအေး၊ နာကျင်မှုတွေကို ခန္ဓာကိုယ်မှတစ်ဆင့် ဦးနှောက်ဆီသတင်းပို့ဆက်သွယ်ပေးပါတယ်။

ခန္ဓာကိုယ်မှရှိတဲ့ အထိအတွေ့အာရုံစနစ်လေးတစ်ခုပျက်စီးသွားရင်တော့ သူနဲ့ပတ်သတ်တဲ့ အစိတ်အပိုင်းမှာ လက္ခဏာလေးတွေပြပါတယ်။

ဒီတော့ ကိုယ့်အာရုံကြောစနစ်တွေ ကောင်းမွန်တယ်၊ပျက်စီးတယ်ဆိုတာ ဘယ်လိုသိလဲဆိုတာကတော့-

(၁) ခြေလက်ထုံကျဉ်မယ်။

Related image

အာရုံခံအာရုံကြောစနစ်နဲ့ပတ်သတ်ပြီး ပထမဆုံးပြတဲ့လက္ခဏာကတော့ ခြေလက်တွေထုံကျဉ်လာတာပါ၊ အထူးသဖြင့် ခြေချောင်းလေးတွေ၊ လက်ချောင်းတွေမှာပါ။ မကုသဘဲထားလိုက်မယ်ဆိုရင်တော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ထိခိုက်လာနိုင်ပါတယ်။

ခြေလက်ထုံကျဉ်တာဟာ ခြေလက်ကို အကြာကြီးဖိထားမိတာ၊ အအေးကိုအချိန်အကြာကြီးကိုင်ထားတာ၊ အထိုင်များလွန်းတာ၊ နဲ့ ဗီတာမင် ဘီ12 (သို့) Magnesium ချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၂) ကိုယ်လက်တွေ နာကျင်မယ်၊

Related image

ဦးနှောက်ကို အထိအတွေ့အာရုံသယ်ဆောင်ပေးတဲ့အာရုံခံအာရုံကြော ထိခိုက်မိတဲ့အတွက် ကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါတယ်။ဒီနာကျင်တဲ့ဧရိယာက တဖြည်းဖြည်းနဲ့ ခန္ဒာကိုယ်အနှံ့ပျံ့သွားပြီး ညအိပ်တဲ့အခါပိုပြီးဆိုးရွားစေပါလိမ့်မယ်။

အာရုံကြောစနစ်ပျက်စီးတာမဟုတ်ပဲဆီးချို၊ ဗီတာမင် B12 ချို့တဲ့တာကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါသေးတယ်။

(၃) ကြွက်သားအားနည်းမယ်၊

ခန္ဓာကိုယ်မှာ ရွေ့လျားနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ အာရုံကြောစနစ်လေးတွေပျက်စီးလာတဲ့အခါမှာ ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာတာကြောင့် ကြွက်သားတွေအားနည်းတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။

(၄) ကြွက်တတ်မယ်၊

Related image

အာရုံကြောအားနည်းတဲ့ အခါမျိုးတွေမှာ ကြွက်တတ်တာမျိုးတွေလည်းဖြစ်တတ်ပါသေးတယ်။ တခါတရံကြွက်တတ်တဲ့အတွက် အာရုံကြောလေးတွေကိုပါ ဆွဲသလိုဖြစ်စေပြီး ပိုပျက်စီးစေနိုင်ပါတယ်၊

လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်မိတာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ သတ္တုဓာတ်ချို့တဲ့ တာကြောင့်လည်း ကြွက်တတ်နိုင်ပါတယ်။

(၅) ဆီးခဏခဏသွားမယ်၊

ဆီးစနစ်ကောင်းဖို့အတွက် ကြွက်သားနဲ့ အာရုံကြောတွေစုပေါင်းပြီး လုပ်ဆောင်ရတာပါ။ သို့သော် ဆီးစနစ်ပျက်စီးသွားတဲ့အခါမှာတေ့ာ ဆီးမကြာမကြာသွားချင်စိတ်ဖြစ်ပေါ်စေပါတယ်။

(၆) ခေါင်းအရမ်းကိုက်မယ်၊

Image result for headache

မကြာမကြာခေါင်းအပြင်းအထန်ကိုက်တာ ၊ ဓာတ်လိုက်သလိုကျဉ်ကနဲ၊ ကျဉ်ကနဲ ခံစားရတာတွေက အာရုံကြောစနစ်ပျက်စီးနေတဲ့ လက္ခဏာတွေပါ။

Pann Chit Thu

Published in Diseases