Ecee 2 ဆိုတာ မြန်မာနိုင်ငံမှာ ပေါ်ပြူလာဖြစ်တဲ့ အရေးပေါ်ပဋိသန္ဓေတားဆေး တစ်ခု ဖြစ်ပါတယ်။
ပဋိသန္ဓေတားဆေးတွေနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့ အရပ်စကားတွေက အများကြီးပါ။ဒီအထဲကမှ အန်တီကြီးတွေ ပြောလေ့အရှိဆုံးစကားကတော့ တားဆေးတွေကို ကာလတခုကြာအောင်သောက်ပြီး ဖြတ်လိုက်တဲ့အခါ နောင်တချိန်မှာ ကလေးရဖို့ ခက်သွားနိုင်တယ်ဆိုတာပါပဲ။