What's New
×
Warning
JUser: :_load: Unable to load user with ID: 62
ကိုဗစ်ရောဂါ ပိုး ပြန့်ပွားမှု့ အနေအထား ကို သိစေရန် နှင့် ထိန်းချုပ်နိုင်ရန်အတွက် သန်းကြွယ်သူဌေးကြီး Bill Gates မှ သူ၏ Bill and Melinda Gates ဖောင်ဒေးရှင်း ကနေပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံပြီး ကိုရိုနာ ရောဂါပိုး ရှိမရှိ စစ်ဆေးမှု့ကို အမေရိကန်နိုင်ငံ ၊ စိစ်တယ် မြို့တွင်း ရှိနေအိမ်များမှ မိသားစု ဝင်တိုင်းကို အခမဲ့ လိုက်လံ ရောဂါပိုးစစ်ဆေးခဲ့ပါတယ်။
ထိုအခြင်း အရာကို အမေရိကန်ရဲ့ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေး ( FDA ) မှ ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့ပါတယ် ဘာလို့ဆို ထိုစစ်ဆေးချက်က တစ်ယောက်ချင်းစီကို အဖြေ ထွက်တာဖြစ်ပြီး အခြားလူတွေ မသိစေနိုင်တာမို့ အကျိုးမထူးပါဘူး သည့်ထက် ရောဂါပိုးရှိတဲ့ အိမ်ကို ဝင်မိပြီး တစ်ခုခု မှားသွားပါက ပြသနာရှိနိုင်ပြီး ရောဂါပို ပြန့်ပွားရေးကို နှိုးဆွသလိုတောင်ဖြစ်နိုင်ပါတယ်ဆိုကာ ရပ်ဆိုင်းခဲ့တာပါ။
ထို ဆေးစစ်မှု့ကိစ္စ ရပ် မရပ်နားခင်က တစ်ရက်ကို အနည်း ဆုံး လူဦးရေ ၃၀၀ ခန့်ဆေးစစ်ပေးခဲ့ရပါတယ်။ထိုထဲမှာ ၃၀ ရာခိုင်နှုန်းလောက်က ကိုဗစ်ရောဂါ အပြင်းအထန်ခံစားနေရသူတွေပါတာတွေ့ရပါတယ်။ဒီတိုင်းဆို ရောဂါက အိမ်ထဲတွေ ထိတောင်ပြန့်ပွားနေသလိုပါပဲ လို့တောင်ကောက်ချက်ချနိုင်ပါတယ်။တကယ်တန်း သူတို့ စစ်ဆေးတဲ့ နေရာမှာ သလိပ်ဖြင့်စစ်ဆေးတာရော လူကို Scan တာနှင့်ပါစစ်ဆေးတယ်လို့သိရပါတယ်။
FDA မှ ဆေးဝါးသိပ္ပံ ပညာရှင်တွေကတော့ သူတို့အနေနဲ့ အဆိုပါ Bill and Melinda Gates ဖောင်ဒေးရှင်းမှ ဆေးစစ်ချက်ကို အတိအကျ လက်ခံလို့မရသေးသလို တိကျစွာ တိုင်းတာ ဆေးစစ်နိုင်တဲ့ အရည်အသွေးရှိလားဆိုတာကို မသိရှိရသေးပါဘူး ဆိုကာ ပြောကြားထားပါတယ်။
ထိုသို့ပိတ်ပင်ပြီးသည် အထိ Bill Gates ဟာ စိတ်ကူးကို လုံးဝ မပြောင်းလဲသေးပါဘူး ရှေးယခင် မှုလ ရောဂါကြောင့် ဆေးစစ်သလို မိမိ ဆေး အဖြေလွှာကို မိမိပဲသိစေရန် သာရည်ရွယ်နေပါတယ်။FDA အနေနဲ့ ၎င်းတို့ ပြန်ကြည့်မယ်ဆိုရင် ငွေကြေး သုံးနိုင်တဲ့ ဖောင်ဒေးရှင်းတွေ အနေနဲ့ ရောဂါပိုး ရှိသူ ကို လူရှေ့ ချပြပြီး တိုက်ပွဲဝင်စေချင်သလို ထိုစစ်ဆေးပေးတဲ့ ဖောင်ဒေးရှင်းတွေကို လည်း သူတို့နဲ့ တူတူ အကျိုးတူပူးပေါင်းဆောင်ရွက်စေချင်တာပါ။
ပြီးခဲ့တဲ့ စနေ နေ့က FDA မှ လူအများအတွက် မိမိ အိမ်မှ နေ၍ ကိုဗစ်ရောဂါပိုးစစ်တဲ့ ကိရိယာကို တရားဝင် ရောင်းချ အသုံးပြုခွင့်ပေးလိုက်ပါပြီ ဒီတော့ ထိုသို့ Bill Gates တို့အနေနဲ့ စစ်ဆေးခွင့် ရမရကို ရပ်နားထားပြီး FDA မှ စောင့်ကြည့်အုံးမယ်သိရပါတယ်။အမေရိကမှာဆို ကိုရိုနာရောဂါပိုးကူးစက်ခံရသူ ၁.၅ မီလီယံရှိြ့ပီး ထိုရောဂါကြောင့်သေဆုံးသူပေါင်း ၉ သောင်းကျော်လတ်တလောရှိနေပါတယ်။
<<< Zawgyi >>>
FDA မှ ရပ်တန့်ပစ်လိုက်တဲ့ Bill Gates ရဲ့ အိမ်တိုင်ရာရောက် ကိုဗစ် စစ်ဆေးရေး ကိစ္စရပ်
-----------------------------------------------------------------------------------------------------
Ref ; Daily Mail
Published in Wuhan Virus