What's New



ကြည့်မြင်တိုင်ရှိ အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်) ၏ ပြင်ပလူနာဌာနတွင် အရိုးရောဂါများ၊ ကျောရိုး၊ ခါးရိုးနှင့် လက်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသည့် လူနာများကို လက်ခံ ကြည့်ရှု ကုသပေးလျက် ရှိသည်။

 

ကျောရိုး၊ ခါးရိုးဆိုင်ရာ ရောဂါများကို တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ပြသနိုင်ပြီး လက်ပိုင်းဆိုင်ရာ ရောဂါများကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ပြသနိုင်မည် ဖြစ်သည်။

 

ပြင်ပလူနာဌာနသို့ သက်ဆိုင်ရာ လူနာလက်ခံသည့် ရက်များတွင်သာ သွားရောက် ပြသနိုင်မည် ဖြစ်ပြီး Booking ကြိုတင် ပြုလုပ်မထားပါက လက်ခံ ကုသပေးမည် မဟုတ်ကြောင်း သိရသည်။

 

ဆေးရုံသို့ သွားရောက် ပြသနိုင်မည့် နေ့ရက်နှင့် အချိန်များ၊ Booking တင်နိုင်မည့် အချိန်များကို အောက်တွင် အသေးစိတ် ကြည့်ရှုနိုင်သည်။

 

ကျောရိုး၊ ခါးရိုး ပြင်ပလူနာကြည့်ရက် 

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ

မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ

 

ဖုန်းဖြင့် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ 

ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၅) ဦး

 

လူကိုယ်တိုင် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ 

ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၁၀) ဦး

 

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး ၊ လူနာဟောင်း (၂၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် သုံးရက်အတွက် စုစုပေါင်း (၁၂၀) ဦး လက်ခံလျက် ရှိသည်။

 

 

Advertisement

Click Here > Rhino

 

လက်ပိုင်းဆိုင်ရာ ပြင်ပလူနာကြည့်ရက် 

အင်္ဂါ၊ ကြာသပတေး

မနက် (၈) နာရီမှ နေ့လည် (၁၂) နာရီထိ

 

ဖုန်းဖြင့် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီထိ 

ဦးရေ  - လူနာသစ် (၅) ဦး ၊ လူနာဟောင်း (၁၀) ဦး

 

လူကိုယ်တိုင် Booking တင်ခြင်း

အချိန် - နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ 

ဦးရေ - လူနာသစ် (၁၀) ဦး ၊ လူနာဟောင်း (၅) ဦး

 

ကြာသပတေးနေ့တိုင်းတွင် Booking လက်ခံပေးနေပြီး ဖုန်းဖြင့် ဖြစ်စေ၊ ဆေးမှတ်တမ်းဌာနတွင် လူကိုယ်တိုင် သွားရောက်၍ ဖြစ်စေ Booking တင်နိုင်သည်။ တစ်ရက်လျှင် လူနာသစ် (၁၅) ဦး၊ လူနာဟောင်း (၁၅) ဦးနှုန်းဖြင့် တစ်ပတ်လျှင် နှစ်ရက်အတွက် စုစုပေါင်း (၆၀) ဦး လက်ခံလျက် ရှိသည်။

 

အရိုးရောဂါ အထူးကုဆေးရုံကြီး (ရန်ကုန်)

လိပ်စာ - အမှတ် (၁၃၂)၊ ဟံသာဝတီလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - 09454806984

Published in Hospital Guide

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း ဧပြီလ (၂၀) ရက်နေ့က ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သင်္ကြန်ပိတ်ရက်များအပြီး ဧပြီလဆန်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု ပြန်လည် မြင့်တက်လာပြီး ဧပြီလ ၂၂ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ ကူးစက်ခံရသူ (၂၉၅) ဦးထိ ရှိလာကြောင်း သိရသည်။

 

ရန်ကုန်တိုင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အများဆုံးနှင့် သေဆုံးသူ အများဆုံးသော တိုင်းဒေသကြီး ဖြစ်ခဲ့ပြီး ယခုပြည်တွင်းကူးစက်မှု ပြန်လည် ဖြစ်ပွားလာချိန်တွင်လည်း အများဆုံးဖြစ်နေကြောင်း တွေ့ရှိရသည်။

 

နေ့အလိုက် ကူးစက်လူနာစာရင်း

  • ဧပြီလ ၂၂ - ၂၃ ည (၈) နာရီအတွင်း - ၄၅ ဦး
  • ဧပြီလ ၂၃ - ၂၄ ည (၈) နာရီအတွင်း - ၅၁ ဦး
  • ဧပြီလ ၂၄ - ၂၅ ည (၈) နာရီအတွင်း - ၇၁ ဦး
  • ဧပြီလ ၂၅ - ၂၆ ည (၈) နာရီအတွင်း - ၆၈ ဦး
  • ဧပြီလ ၂၆ - ၂၇ ည (၈) နာရီအတွင်း - ၆၀ ဦး

 

Advertisement

Click Here > Biz Partner

 

၂၀၂၀ ခုနှစ်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၃၂၄,၈၄၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၃၉) ဦး ရှိကာ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၂၂) ဦး ရှိသည်ဟု ထုတ်ပြန် ကြေညာထားသည်။ 

 

လက်ရှိ ရောဂါကူးစက်မှုများ ပြန်လည် ဖြစ်ပွားချိန်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသည့်အတွက် ယနေ့အထိ သေဆုံးသူ အရေအတွက်မှာမူ ယခင်အတိုင်း (၁၉,၄၉၀) ဦးပင် ဖြစ်သည်။

 

တိုင်းနှင့် ပြည်နယ်တစ်ခုချင်းစီရှိ မြို့နယ်အလိုက် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစာရင်းကို အောက်တွင် အသေးစိတ် သိရှိ လေ့လာနိုင်သည်။ အဆိုပါစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချိန်တွင် ထပ်မံ ဖြည့်စွက် ဖော်ပြပေးသွားပါမည်။

 

ဧပြီလ ၂၂ - ၂၃ ရက်အထိ (၄၅) ဦး

ဧပြီလ ၂၃ - ၂၄ ရက်အထိ (၅၁) ဦး

ဧပြီလ ၂၄ - ၂၅ ရက်အထိ (၇၁) ဦး

ဧပြီလ ၂၅ - ၂၆ ရက်အထိ (၆၈) ဦး

ဧပြီလ ၂၆ - ၂၇ ရက်အထိ (၆၀) ဦး

 

ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု မြင့်မားခြင်း မရှိပေ။ 

 

ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက်မှု ရှိသည်ဟု ဆိုသည်။ 

ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ရောဂါကူးစက်မှုကို ကာကွယ်ဆေးထိုးနှံထားပါက ကြိုတင် ကာကွယ်ထားနိုင်မည် ဖြစ်သည်။

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဧပြီလ (၂၅) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၉၉,၄၀၀) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၄၉,၀၅၅) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Ye Optical

Advertisement

Click Here > Ye' Optical

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးချက်များ

  1. အသက် (၅) နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်းနှင့်  ကာကွယ် ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်
  2. အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊
  3. အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေးအတွက် ဖြစ်နိုင်ပါက ပြတင်းပေါက်များအား ဖွင့်ထားရန်၊ 
  4. လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော ( အနည်းဆုံး ၆၀ ရာခိုင်နှုန်း ) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊
  5. လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန်၊
  6. တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  7. ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန်
Published in Wuhan Virus

ရန်ကုန်မြို့မှာ IQAir ရဲ့ ထုတ်ပြန်ချက်အရ မတ်လ (၁၀) ရက်ကနေ (၁၂) ရက်အတွင်း လေထုညစ်ညမ်းမှု ညွှန်းကိန်း 169 AQI အထိ မြင့်တက်ခဲ့ပါတယ်။ မနက်တိုင်း မြူဆိုင်းနေတာလို့ ထင်ကြပေမယ့် တကယ်တမ်း လေထု ညစ်ညမ်းမှုကြောင့် ကောင်းကင်မှာ အရောင်ပြောင်းနေခဲ့တာ ဖြစ်နိုင်ပါတယ်။

 

ဒီလေထုညွှန်းကိန်းဟာ မြို့မှာ နေထိုင်သူ လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အနီရောင်အဆင့် အခြေအနေတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ကလည်း ကြေညာထားတာကို တွေ့ရပါတယ်။ 

 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြေညာချက်အရ မတ်လ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ရန်ကုန်အပါအဝင် တခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာ နေရာကွက်ကြား မိုးရွာသွန်းမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

မိုးရွာသွန်းခြင်းအားဖြင့် ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှု ညွှန်းကိန်းဟာ ပြန်လည် လျော့ကျလာမယ်လို့ မျှော်လင့်ရပြီး IQAir ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ 132 AQI, မတ်လ (၁၄) ရက်နေ့မှာ 139 AQI, မတ်လ (၁၅) ရက်နေ့မှာ 124 AQI, (၁၆) ရက်နေ့မှာ 116 AQI, (၁၇) ရက်နေ့မှာ 130 AQI, (၁၈) ရက်နေ့နဲ့ (၁၉) ရက်နေ့မှာ 113 AQI စသဖြင့် လျော့ကျလာမယ်လို့ ဖော်ပြထားပါတယ်။

 

ဒါပေမယ့် ဒီညွှန်းကိန်းတွေဟာလည်း လိမ္မော်ရောင်အဆင့် ဖြစ်နေသေးတာမို့ လူတိုင်းအတွက် မဟုတ်ပေမယ့် တချို့လူကြီးပိုင်းတွေနဲ့ ကျန်းမာရေး သိပ်မကောင်းသူတွေအတွက်တော့ အန္တရာယ် များနေဆဲ ဖြစ်ပါတယ်။

 

Advertisement

Click Here > Lat War (TSM)

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း ( WHO ) ရဲ့ ကြေညာချက်အရ…

  • AQI 50 အောက် ( အစိမ်းရောင်အဆင့် )
  • AQI 51-100 ကြား ( အဝါရောင်အဆင့် )
  • AQI 101-150 ကြား ( လိမ္မော်ရောင်အဆင့် )
  • AQI 151- 200 ကြား ( အနီရောင်အဆင့် )
  • AQI 201- 300 ကြား ( ခရမ်းရောင်အဆင့် )
  • AQI 301 အထက် ( ကြက်သွေးရောင်အဆင့် ) လို့ သတ်မှတ်ထားပါတယ်။

 

လေထု သန့်စင်ပေးတဲ့ အပင် (၁၀) မျိုး

> https://bit.ly/424hJuq

 

AQI 50 အောက် ညွှန်းကိန်းဟာ လူတိုင်းအတွက် အထူးကောင်းမွန်တဲ့ လေထုဖြစ်ပြီး AQI 51-100 ကြားထိ သင့်တင့် ကောင်းမွန်သေးတဲ့ လေထု ဖြစ်ပါတယ်။ AQI 101-150 ကြားဆိုရင်တော့ တချို့သောသူတွေအတွက် သိပ်မကောင်းတဲ့ လေထု ဖြစ်လာပါပြီ။

 

AQI 151- 200 လောက်ထိ ညွှန်းကိန်းရောက်ရှိလာပြီဆိုရင်တော့ ဒါဟာ လူတိုင်းအတွက် ကျန်းမာရေးကို စတင် ထိခိုက်လာနိုင်တဲ့ လေထု ဖြစ်ပါတယ်။ AQI 201- 300 ကြားဆိုရင်တော့ တော်တော်လေးကို ထိခိုက်နိုင်တဲ့ အဆင့်ကို ရောက်ရှိပါပြီ။

 

တကယ်လို့ လေထုညွှန်းကိန်းဟာ AQI 301 နဲ့အထက်ကို ရောက်ရှိလာပြီဆိုရင်တော့ အန္တရာယ်အဆင့်ပါ။ တချို့သူတွေ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်လာနိုင်လို့ နိုင်ငံရဲ့ အရေးပေါ်အဆင့် သတ်မှတ်ပြီး ဂရုစိုက်ရမယ့် အနေအထား ဖြစ်ပါတယ်။

 

အဲယားကွန်း အရောင်းနှင့် ပြုပြင်ရေး  (၉၀၂) ခု

> https://bit.ly/3YJCLM7

 

လက်ရှိမှာ ရန်ကုန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ လေထုညစ်ညမ်းမှု အဆင့် (၁) နေရာမှာ ရှိနေပြီး မြို့ရဲ့ လေထုအရည်အသွေးဟာ လိုအပ်တာထက် တဖြည်းဖြည်း နည်းပါးလာနေတာကြောင့် မြို့နေလူထုရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

 

လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့အတွက် Mask တပ်တာ၊ လေထုသန့်စင်စက် တပ်ဆင်တာ၊ Air Freshener ဖြန်းတာ၊ ပြတင်းပေါက် ပိတ်တာတွေ ပြုလုပ်သင့်ပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်တာမျိုးတွေကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။

 

Air Freshener အရောင်းဆိုင် (၁၇) ခု ရှာရန်

> Air Fresheners

 

ကမ္ဘာပေါ်မှာ လေထုညွှန်းကိန်း ကြက်သွေးရောင်အဆင့် ရောက်ရှိတဲ့ နိုင်ငံနဲ့ မြို့တွေ မရှိသေးပေမယ့် ခရမ်းရောင်အဆင့် ရောက်နေတဲ့ နိုင်ငံတွေတော့ ရှိလာပါပြီ။ အဲဒီနိုင်ငံတွေကတော့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ( 225 AQI ) နဲ့ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ( 203 AQI ) တို့ပဲ ဖြစ်ပါတယ်။  

 

တခြား မတ်လ (၁၃) ရက်နေ့ လေထုတိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ မြို့တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်။

 

အနီရောင်အဆင့်

  • နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ ( 185 AQI ) 
  • အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ ( 179 AQI ) 
  • ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ ( 176 AQI ) 
  • အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ( 162 AQI ) 
  • ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ( 159 AQI ) 
  • ဘင်္ဂလားဒေ့ရှ်၊ ဒါကာမြို့ ( 154 AQI ) 
  • ဂါနာနိုင်ငံ၊ အက်ကရာမြို့ ( 152 AQI ) 
  • အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ( 152 AQI ) 

 

Advertisement

Click Here > Myat Noe Lay Co., Ltd.

 

လေထုညစ်ညမ်းမှုညွှန်းကိန်း ခရမ်းရောင်နဲ့ အနီရောင် အဆင့်တွေထဲမှာ အိန္ဒိယနိုင်ငံက မြို့ (၃) မြို့နဲ့ ပါကစ္စတန်နိုင်ငံက မြို့ (၂) မြို့ထိ ပါဝင်နေပြီး တခြားနိုင်ငံတွေကတော့ တစ်မြို့စီ ပါဝင်နေတာကို တွေ့ရပါတယ်။

 

လိမ္မော်ရောင်အဆင့်

  • ဟောင်ကောင် SAR ( 141 AQI ) 
  • အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ ( 134 AQI ) 
  • မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ( 132 AQI )
  • တရုတ်နိုင်ငံ၊ ရှန်ယမ်းမြို့ ( 132 AQI ) 
  • မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့ ( 125 AQI ) 
  • ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ ( 120 AQI ) 
  • ထိုင်ဝမ်နိုင်ငံ၊ Kaohsiung မြို့ ( 119 AQI ) 
  • ကာတာနိုင်ငံ၊ ဒိုဟာမြို့ ( 117 AQI ) 
  • ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ ( 114 AQI ) 
  • ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ( 112 AQI ) 
  • တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ ( 112 AQI ) 
  • တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ ( 110 AQI ) 
  • တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ ( 107 AQI ) 

 

အိမ်ထဲမှာ လေထုသန့်စင်အောင် ဘယ်လို ပြင်ဆင်သင့်လဲ?

> https://bit.ly/3Tilzft

 

အပေါ်မှာ ဖော်ပြထားတဲ့ နိုင်ငံနဲ့ မြို့တွေမှာ ကျန်းမာရေးအတွက် မကောင်းမွန်တဲ့ လေထုညစ်ညမ်းမှု အများဆုံး ရှိနေတာ ဖြစ်ပြီး ဒီစာရင်းထဲမှာဆိုရင် ရန်ကုန်မြို့ဟာ တစ်ကမ္ဘာလုံးရဲ့ အဆင့် (၁၃) နေရာကို ရောက်ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။ 

 

ရန်ကုန်က မြို့နယ်တွေရဲ့ လေထုညွှန်းကိန်းများ ကြည့်ရန်

 

IQAir ရဲ့  ကောက်ယူ ခန့်မှန်းထားတဲ့ စာရင်းအရ သြစတြေးလျနိုင်ငံမှာရှိတဲ့ ကင်ဘာရာမြို့ဟာ လေထုညစ်ညမ်းမှု လုံးဝ မရှိဘူးလို့ သိရပါတယ်။ 0 AQI ဆိုတော့ မြို့နေလူထုအနေနဲ့ လေကောင်းလေသန့်ကို အချိန်တိုင်း နေရာတိုင်း ရှုရှိုက်နေရပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ နော်‌ဝေနိုင်ငံ၊ အိုစလိုမြို့၊ ဗြိတိန်နိုင်ငံ နယူးယောက်မြို့၊ ကနေဒါနိုင်ငံ ဗန်ကူးဗာဘီစီမြို့နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွေဟာလည်း လေထုညွှန်းကိန်း 10 AQI အောက်ပဲ ရှိတာကြောင့် အကောင်းဆုံးလေထုတွေကို ပိုင်ဆိုင်ထားပါတယ်။

 

ကျန်းမာရေးအတွက် သင့်တင့် ကောင်းမွန်တဲ့ လေထုညွှန်းကိန်း အဝါရောင်အဆင့်နဲ့ အစိမ်းရောင်အဆင့် နိုင်ငံနဲ့ မြို့တွေကို အောက်ကလင့်ခ်မှာ ဆက်လက် ကြည့်ရှု လေ့လာနိုင်ပါတယ်။

> https://www.iqair.com/world-air-quality-ranking

 

ရန်ကုန်အနေနဲ့ မြို့နေလူထုရဲ့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ လေထုအရည်အသွေး ရှိနေတာကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့အတွက် မြို့တွင်းမှာ လေထုသန့်စင်မှုတွေ အများအပြား လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

 

Su Mon Oo

Ref : IQ Air 

Published in Diseases