ရန်ကုန်မြို့ Fever Clinic များတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိစစ်ဆေးနိုင်ရန် Swab ရယူခြင်းများကို
စက်တင်ဘာလ ၁၁ရက်တွင် အင်းစိန်မြို့နယ်ရှိ Fever Clinic မှာ ရှေ့ပြေးစမ်းသပ်ချက်အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တွင် သံသယလူနာ များပြားလာသဖြင့် ဆေးရုံဝန်ထမ်းများ မနိုင်ဝန်ထမ်းရခြင်းနှင့် အတည်ပြုလူနာနှင့် ထိတွေ့မှု ရှိထားခြင်းကြောင့် quarantine ဝင်ကြရခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။
ယခု ရှေ့ပြေးစမ်းသပ်ချက်ဖြစ်သည့် အင်းစိန် Fever Clinic အနေဖြင့် Swab ဓာတ်ခွဲနမူနာရယူမှုများ အောင်မြင်ပါက မြို့နယ်တိုင်းရှိ Fever Clinic များတွင် လုပ်ဆောင်သွား မည်ဟု သိရသည်။
စက်တင်ဘာလ ၁၁ရက် နံနက်ပိုင်းမှ စတင်၍ Facebook ပေါ်တွင် လက်ရှိကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများ ပြုပြင်ပေးရန် ဖော်ပြပါ လှုံ့ဆော်မှု ပေါ်ပေါက်ခဲ့သည်။
Campaign စပြီ
Swab Test တွေကို ဆေးရုံမဟုတ်တဲ့နေရာတခုခုမှာ စစ်နိုင်ဖို့လုပ်ပေးပါ။
ပြီးရင် Home Qထားပါ။ Home Q လူရှိတဲ့ အိမ်ကို
Vinyl ချိတ်ပါ။
Positive ဆိုမှ ဆေးရုံတင်ပါ။
Negative ဆိုရင် Home Q ဆက်ထားပေးပါ။
GP တွေ Level 2 PPE with N 95 ကို Q မလုပ်ပါနဲ့။
Change Covid policy
Change Q policy
Help Health Care workers
Help the people
ဤ စာကိုကူးပြီးတင်ပါ။ မရှဲပါနှင့်။
ထိုသို့ Swab ယူရာ၌ Swab ယူသည့် အလုံခန်းငယ်ထဲတွင် ကျန်းမာရေးဝန်ထမ်းက နေရာယူပြီး လုပ်ဆောင်မည် ဖြစ်သည်။ ထို့အတွက် ဆရာဝန်များကို သင်တန်းပေးမည် ဖြစ်သည်။
ယနေ့ပြုလုပ်သည့် ရှေ့ပြေးစမ်းသပ်မှုတွင် ကိုဗစ်သံသယလူနာ ၂၀ ဦးကို Swab ယူခဲ့ကြောင်း သိရသည်။
အကယ်၍ အတည်ပြုလူနာ ဖြစ်ခဲ့လျှင် Covid-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ တိုက်ရိုက်ပို့ဆောင်ပေးမည် ဖြစ်သည်။