What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 December 2022 15:26

သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ

ကျန်းမာရေးအတွက် ဘာကအရေးကြီးသလဲလို့ မေးလာရင် အာဟာရမျှတစွာ စားသောက်ခြင်းနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းလို့ပဲ တွေးမိကြမှာပါ။

 

ဒါပေမဲ့ အသားအရေထိန်းသိမ်းပစ္စည်း ရွေးချယ်မှုကလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သဘာဝကရတဲ့ပစ္စည်းတွေကတော့ အသားအရေလှပဖို့သက်သက်အတွက် မဟုတ်ဘဲ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေရန်ကနေ ကင်းဝေးစေတဲ့အပြင် တခြားကျန်းမာရေးကောင်းကျိုးတွေလည်း ပေးနိုင်ပါသေးတယ်။

 

 

၁။  အားကောင်းတဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းအားရှိခြင်း

သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေဟာ လိမ်းထားတဲ့အခါ စေးကပ်ခြင်းမရှိဘဲ အရေပြားကို တစ်နေ့တာလုံး အာဟာရပြည့်ဝစေပါတယ်။

 

 

 

၂။  အရေပြားထိခိုက်မှုမရှိခြင်း

သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းပစ္စည်းတွေဟာ အားပြင်းတဲ့ ဓာတုပစ္စည်းတွေ မပါဝင်လို့ အရေပြားမထိခိုက်စေဘဲ အသားအရေကို နူးညံ့ပြီး ကြည်လင်စိုပြေစေပါတယ်။

 

 

 

၃။ ဓာတ်မတည့်မှုဖြစ်နိုင်ချေ လျော့နည်းခြင်း

မွှေးရနံ့အများစုနဲ့ ဓာတုပစ္စည်းတွေဟာ ဓာတ်မတည့်မှုကိုဖြစ်စေလို့ အရေပြား နီရဲယားယံတာ၊ အဖုအပိန့် ထွက်တာအပြင် လည်ချောင်းယားယံတာ၊ နှာစေးနှာရည်ယိုတာ၊ မျက်လုံးယားပြီး မျက်ရည်ကျတာ စတဲ့ လက္ခဏာတွေ ခံစားရခြင်းရဲ့ တရားခံလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို

ဓာတ်မတည့်တဲ့လက္ခဏာတွေ ခံစားနေရရင် အသားအရေထိန်းသိမ်းပစ္စည်းကို ပြောင်းသုံးကြည့်ပါ။ မွှေးရနံ့ကင်းပြီး သဘာဝအနံ့အတိုင်း ထုတ်ထားတဲ့ ပစ္စည်းတွေက နှာစေး၊ နှာရည်ယို၊ မျက်လုံးယားယံတာကို သက်သာစေမှာပါ။

 

 

 

Ref: My Doctor

Read times Last modified on Friday, 02 December 2022 15:36
Rate this item
(0 votes)