What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 15 September 2020 16:42

တရုတ်ထုတ်Covid-19ကာကွယ်ဆေး အများပြည်သူအသုံးပြုရန် နိုဝင်ဘာလတွင် အဆင်သင့်ဖြစ်မည်

တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက နိုဝင်ဘာလလောက်ကနေစတင်ပြီး အများပြည်သူသုံးစွဲဖို့ အဆင်သင့်ဖြစ်မယ်လို့ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ CDCက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံက စမ်းသပ်မှုနောက်ဆုံးအဆင့်ထိရောက်နေပြီဖြစ်တဲ့ Covid-19ကာကွယ်ဆေး လေးခုရှိနေပြီဖြစ်ပါတယ်။ ဒီထဲက ကာကွယ်ဆေးသုံးခုကို မဖြစ်မနေတာဝန်ထမ်းဆောင်ရတဲ့ဝန်ထမ်းတွေမှာ အရေးပေါ်အသုံးပြုပေးတဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ဇူလိုင်လကတည်းက စတင်ထားခဲ့ကြတာလို့လည်း သိရပါတယ်။

 

ကာကွယ်ဆေးတွေရဲ့ အဆင့်၃ စမ်းသပ်မှုတွေကိုလည်း အဆင်ပြေချောမွေ့စွာနဲ့ ဆက်လက်လုပ်ဆောင်ထားကြပြီဖြစ်ကာ အများပြည်သူတွေအသုံးပြုနိုင်ဖို့အတွက် အစောဆုံး နိုဝင်ဘာလ ဒါမှမဟုတ် ဒီဇင်ဘာလလောက်မှာ အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ CDCရဲ့ ဇီဝလုံခြုံရေးပညာရှင်အကြီးအကဲ ကွီကျန်ဝူက ဆိုပါတယ်။

 

သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့ဧပြီလတုန်းက စမ်းသပ်ကာကွယ်ဆေးကိုထိုးထားခဲ့ပေမယ့် ပြီးခဲ့တဲ့လတွေမှာ မူမမှန်တဲ့လက္ခဏာတစ်ခုမှ ခံစားရခြင်းမရှိခဲ့ဘူးလို့ ၎င်းကဆိုပါတယ်။ ၎င်းထိုးနှံထားခဲ့တဲ့ ကာကွယ်ဆေးအကြောင်းအသေးစိတ်ကိုတော့ ကွီကျန်ဝူက ရည်ညွှန်းထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

 

တရုတ်နိုင်ငံရဲ့ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) နဲ့ Sinovac Biotech SVA.Oတို့က နိုင်ငံရဲ့အရေးပေါ်အသုံးပြုမှုအစီအစဉ်အောက်မှာ ကာကွယ်ဆေးသုံးခု ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

စတုတ္ထမြောက်ကာကွယ်ဆေးကိုတော့ CanSino Biologics 6185.HK က ထုတ်လုပ်ထားခဲ့ကာ ၎င်းကာကွယ်ဆေးကိုတော့ တရုတ်စစ်တပ်မှာ အသုံးပြုဖို့အတွက် ဇွန်လကတည်းက ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။

 

Pyi Myanmar

Read times
Rate this item
(1 Vote)