What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 October 2020 13:58

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို Stay at Home မြို့နယ်များတွင် ရွှေ့ဆိုင်း

ယခုလအတွင်း ပြုလုပ်ရမည့် ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်ကို Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင်

ထိုကြေညာချက် ပယ်ဖျက်သည်အထိ ခေတ္တရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

Stay at Home ထုတ်ပြန်ထားခြင်းမရှိသည့် မြို့နယ်များတွင် ပုံမှန်အတိုင်း ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ကာကွယ်ဆေးထိုးရန် လာရောက်မည့် မိဘများနှင့် ကလေးများမှာ နှာခေါင်းစည်းဝတ်ဆင်ရန်၊ ကလေးများကို မျက်နှာကာ (Faceshield) ဝတ်ဆင်ရန် ၊ ကာကွယ်ဆေးထိုးစုရပ်သို့ မလာခင် ရေနှင့်ဆပ်ပြာသုံး၍ စက္ကန့် နှစ်ဆယ်ခန့် လက်ဆေးရန် သို့မဟုတ် လက်သန့်ဆေးရည် အသုံးပြုရန်၊ လူစုလူဝေးမဖြစ်စေရန်အတွက် မိဘများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနကို ဖုန်းနှင့် ကြိုတင်ရက်ချိန်းရယူရန် စသည့်အချက်များကို လိုက်နာရမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာကွယ်ဆေးမထိုးလိုက်ရသည့် ကလေးများမှာ ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝပြန်လည် ထိုးနှံပေးမည်ဖြစ်၍ မိဘများအနေဖြင့် စိတ်မပူကြရန်နှင့် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားများကို သေချာစွာ သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်သည်။
မြို့နယ်များတွင် ကာကွယ်ဆေးမထိုးရသူများအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) တွင် တနင်္လာနှင့် သောကြာ နှစ်ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီ၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Read times
Rate this item
(0 votes)