What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 October 2020 09:59

တောင်ကိုရီးယားတွင် မတ်စ် မတပ်လျှင် ဒဏ်ငွေ ၈၅ ‌ဒေါ်လာကျော် ပေးဆောင်ရမည်

တောင်ကိုရီးယားနိုင်ငံသည် အများပြည်သူ သွားလာရာ နေရာများမှာ မတ်စ် ဝတ်ဆင်ရန်ပျက်ကွက်သူများကို နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ဒဏ်ငွေချမှတ်လိမ့်မည်ဟု ကြေညာထားသည်။

 

ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ (KDCA) ၏ အဆိုအရ ပြည်သူလူထုသည် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆန္ဒပြပွဲများနှင့်ဆေးဝါးကုသမှုဆိုင်ရာအဆောက်အအုံများတွင် မျက်နှာဖုံးများ ၀တ်ဆင်ရန်လိုအပ်သည်ဟု ဆိုသည်။

 

အကယ်၍ လူများသည် ထိုကဲ့သို့သောနေရာများတွင် မျက်နှာဖုံးများ မ၀တ်ပါက ၎င်းတို့သည်ဝမ် ၁၀၀၀၀၀ (ဒေါ်လာ ၈၅.၅၀) အထိဒ ဏ်ငွေနှင့်ရင်ဆိုင်ရလိမ့်မည်ဟုလည်း KDCA မှ ပြောကြားခဲ့သည်။ ယခုအခါ ပြင်ဆင်ချိန်ရရှိရန် ရက်ပေါင်း ၃၀ ကြိုတင်ကြေညာပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် အသက် ၁၄ နှစ်အောက်များနှင့် ကျန်းမာရေးဆိုင်ရာအခြေအနေများကြောင့် မျက်နှာဖုံး မဝတ်နိုင်သောသူများအတွက်မှာမူ ကင်းလွတ်ခွင့်ရှိလိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါဒဏ်ငွေကို မတ်စ် ဝတ်ဆင်ရာတွင် နှာခေါင်းအောက် ရောက်နေသော ၀ တ်ဆင်သူများကိုလည်း ဒဏ်တပ်မည် ဖြစ်သည်။

 

အခြားသူများအား ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှ မကာကွယ်နိုင်သော ပဝါ သို့မဟုတ် အချို့သော မျက်နှာဖုံးအမျိုးအစားများကို ခွင့်ပြုလိမ့်မည်မဟုတ်ဟု KDCA က ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေအပေါ် မူတည်၍ သက်သာခွင့်ကာလကို ပြောင်းလဲနိုင်သည်ဟု KDCA ကဆိုသည်။

 

By Aung Win (Health Products Guide)

Ref:koreaherald

Read times
Rate this item
(0 votes)