What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 December 2020 11:16

ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံရေးစီမံချက် ဘရာဇီးအစိုးရ ကြေညာ

ဘရာဇီးအစိုးရကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး စီမံချက်ကို ကြေညာလိုက်ပြီး ကနဦးရည်မှန်းချက်အရ ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံဖြစ်သည့်ပြည်သူ ၅၁သန်းခန့်ကို ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။

 

ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးပြည်သူများနှင့် ဌာနေတိုင်းရင်းသားများကဲ့သို့သော ဦးစားပေးအုပ်စုများကို ထိုးနှံပေးရန် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၁၀၈ သန်း ရရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးရန် ဘရာဇီးပြည်သူ ၂၁၂ သန်း အနက် ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၁၄၈ သန်းခန့်ကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးရန်လိုအပ်ပြီး လက်ရှိစီမံချက်အရ ရည်မှန်းချက်၏ သုံးပုံတစ်ပုံသာ ကာမိသေးသည်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၈၀၀၀၀ ကျော် သေဆုံးမှုရှိခဲ့ သည့် ဘရာဇီးနိုင်ငံက အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် လူသေဆုံးမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်သည်။

 

လာမည့်နှစ်အတွင်း ဘရာဇီးပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီး အက်ကွာဒိုပါဇွဲလိုက ကတိပြုခဲ့သည်။ ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၄၃၉၀၀ နှင့် သေဆုံးသူ ၆၈၆ ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုကူးစက်လူနာ ၆၈၈၀၁၂၇ ဦးနှင့် သေဆုံးသူ ၁၈၁၁၂၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ AstraZeneca ၊ Pfizer Inc နှင့် Johnson & Johnson ၏လုပ်ငန်းခွဲ Janssen တို့ကဘရာဇီးနိုင်ငံ၌ အဆင့် ၃ ဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

 

ဘရာဇီးအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များဝယ်ယူရန် နိုင်ငံတော်ဘတ်ဂျက်မှ ကန်ဒေါ်လာ လေးဘီလီယံခန့် ခွဲဝေသတ်မှတ်ရန် စီစဉ်လျက်ရှိသည်။

 

MDN

Read times Last modified on Monday, 14 December 2020 11:30
Rate this item
(0 votes)