What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 October 2021 22:00

ထိုင်းနိုင်ငံတွင် နိုဝင်ဘာလမှစ၍ ကာကွယ်ဆေးထိုးနှံထားသော ခရီးသွားဧည့်သည်များအတွက် ပြန်လည်ဖွင့်ပေးမည်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပရာယွတ် ချန်-အို-ချာက လာမည်လမှစ၍ ရောဂါကူးစက်နိုင်ခြေနည်းပါးသော နိုင်ငံနှင့် ဒေသများမှ

ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသော ခရီးသွားဧည့်သည်များအား ကွာရန်တင်း (quarantine) ဝင်ရောက်ရန်မလိုဘဲ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ရန် ခွင့်ပြုမည့်အစီအစဉ်တစ်ရပ်အား အောက်တိုဘာ ၁၁ ရက်က ကြေညာခဲ့ကြောင်း သိရသည်။
“ရောဂါဖြစ်ပွားမှုအန္တရာယ်နည်းပါးတဲ့နိုင်ငံတွေကနေ လေကြောင်းဖြင့် ရောက်ရှိလာခဲ့ပြီး ကာကွယ်ဆေးလည်း အပြည့်အဝထိုးနှံထားပြီးဖြစ်တဲ့ နိုင်ငံတကာခရီးသွားဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်တဲ့အခါ နိုဝင်ဘာ ၁ ရက်အထိ ကွာရန်တင်း ဝင်ရောက်ရန် မည်သည့်လိုအပ်ချက်မှမရှိစေဘဲ ခွင့်ပြုရေး ယခုသီတင်းပတ်အတွင်း အရေးပေါ်စဉ်းစားကြဖို့ COVID-19 ရောဂါအခြေအနေ စီမံခန့်ခွဲမှုစင်တာ (CCSA) နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်” ဟု ပရာယွတ်က တီဗီမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ စာရင်းတွင် ဗြိတိန်၊ စင်ကာပူ၊ ဂျာမနီ၊ တရုတ်နှင့် အမေရိကန် စသည့် နိုင်ငံနှင့် ဒေသ ၁၀ ခုထက်မနည်း ပါဝင်ကြောင်း ပရာယွတ်ကဆိုသည်။ ၎င်းစာရင်းမှာ CCSA မှ ယခုသီတင်းပတ်နှောင်းပိုင်းတွင် အဆုံးသတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ယင်းစာရင်းတွင် မပါဝင်သော နိုင်ငံနှင့် ဒေသများမှ ခရီးသွားဧည့်သည်များကိုလည်း ကြိုဆိုပါကြောင်း၊ သို့ရာတွင် ကွာရန်တင်းဝင်ရောက်ရမည်ဖြစ်ကြောင်း ပရာယွတ်က ပြောခဲ့သည်။
ရောဂါဖြစ်ပွားမှုအန္တရာယ်နည်းပါးပြီး ကွာရန်တင်းကင်းလွတ်ခွင့်ရသော စာရင်းအား ဒီဇင်ဘာ ၁ ရက်မတိုင်မီ သက်တမ်းတိုးနိုင်မည်ဖြစ်ကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ “အလွန်ကြီးကျယ်ခမ်းနားသောစာရင်း” အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကပ်ရောဂါမဖြစ်ပွားမီက ကမ္ဘာလှည့်ခရီးသွားဧည့်သည် သန်း ၄၀ နီးပါးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ ငါးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံအား တင်းကြပ်သော နယ်စပ်ထိန်းချုပ်မှုများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရပြီး နိုင်ငံ၏ စီးပွားရေးလည်း ဆိုးဝါးစွာထိခိုက်ခဲ့ရကာ ယမန်နှစ်က ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဆောင်ရွက်မှုအဆိုးဝါးဆုံးဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု အရေအတွက်မှာလည်း ၆.၇ သန်းအထိ ကျဆင်းခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ လူ့အသက်တွေကို ကယ်တင်ရာမှာ အောင်မြင်မှုအရှိဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှု၊ လူ့အသက်ဆုံးရှုံးမှုနဲ့ စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ရပါတယ်” ဟု ပရာယွတ်က ထည့်သွင်းပြောခဲ့သည်။
ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပံ့ပိုးရေးနှင့် တိုးတက်မှု မြှင့်တင်ရေးအတွက် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံတကာခရီးသွားဧည့်သည်များအား အပြည့်အဝပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားရှိမှုအား ပြီးခဲ့သည့်နှစ် ဇွန်လ၌ ပရာယွတ်က ကြေညာခဲ့သည်။ အစိုးရအနေဖြင့် လူထုအတွင်း ကိုယ်ခံအားရရှိစေရေးအတွက် ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ရှေ့ပြေးအဖြစ် ဇူလိုင် ၁ ရက်မှစတင်ကာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသည့် နိုင်ငံခြားသားဧည့်သည်များအား ကွာရန်တင်း ဆောင်ရွက်ရန်မလိုဘဲ ဖူးခက်အပန်းဖြေကျွန်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ရောဂါကူးစက်နိုင်ခြေအန္တရာယ်နှင့်အတူ ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သော်လည်း “ခရီးသွားလာခြင်း၊ အားလပ်ချိန်နှင့် ဖျော်ဖြေရေးကဏ္ဍများမှ ဝင်ငွေရရှိမှုအပေါ် မှီခိုသူ သန်းပေါင်းများစွာအနေနဲ့ နှစ်သစ်ကူးအားလပ်ရက်ကာလမှာ ဒုတိယအကြိမ်ဆုံးရှုံးမှုကို ခံနိုင်စွမ်းရှိနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပရာယွတ်က အောက်တိုဘာ ၁၁ ရက်နှောင်းပိုင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
“ဒါနဲ့အတူ ရှင်သန်နေထိုင်ဖို့ ကျွန်တော်တို့အတွက် အချိန်ရောက်ရှိလာပါပြီ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်က COVID-19 ရောဂါဖြစ်ပွားသူအသစ် ၁၀,၀၃၅ ဦးနှင့် သေဆုံးသူ ၆၀ ကျော်ရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားမှုအရေအတွက် ၁.၇၂ သန်းကျော်နှင့် သေဆုံးသူ ၁၇,၇၅၁ ဦးရှိလာပြီဖြစ်ကြောင်း CCSA အရ သိရသည်။
ထို့ပြင် အောက်တိုဘာ ၁၁ ရက်အထိ ထိုင်းနိုင်ငံပ ကာကွယ်ဆေးလုံးရေ သန်း ၆၀ ကျော်ထိုးနှံပြီးဖြစ်ကာ နိုင်ငံ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

(Xinhua)

Read times
Rate this item
(0 votes)