ကိုဗစ်မျိုးကွဲ XBB.1.5 ပျံ့နှံ့နေခြင်းကြောင့် ခရီးသွားများ မတ်စ်တပ်ရန် WHO တိုက်တွန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
နောက်ဆုံးပေါ် COVID-19 ၏ မျိုးကွဲ XBB.1.5 အလျင်အမြန် ပျံ့နှံ့နေခြင်းကြောင့် ခရီးသည်များသည် ခရီးဝေးလေယာဥ်များတွင် နှာခေါင်းစည်းများတပ်ကြဖို့ အကြံပြုထားသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဥရောပတွင် XBB.1.5 အမျိုးအစားခွဲကို ကူးစက်ခံရသူ ဦးရေ နည်းနေသော်လည်း အရေအတွက် တိုးပွားလာနေကြောင်း WHO က ပြောကြားသည်။
အကူးစက်နိုင်ဆုံး Omicron အမျိုးအစားခွဲ XBB.1.5 သည် ဇန်နဝါရီလ ပထမပတ်တွင် အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်သူများတွင် ၂၇.၆% ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
လက်ရှိ ကာကွယ်ဆေးများသည် XBB.1.5 ကူးစက်ခံရသူအား ပြင်းထန်သော ရောဂါလက္ခဏာများ၊ ဆေးရုံတက်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဆက်လက်ကာကွယ်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
XBB.1.5 သည် Omicron ၏ နောက်ထပ်မျိုးခွဲ တစ်ခုဖြစ်သည်။ ကူးစက်ပျံ့နှံ့မှုအရှိဆုံးဗိုင်းရပ်စ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကူးစက်ခံရမှု အများဆုံး ဗိုင်းရပ်စ် ဖြစ်သည်။
XBB.1.5 ကို ၂၀၂၂ အောက်တိုဘာလတွင် ပထမဆုံးတွေ့ရှိခဲ့သော XBB ၏ မျိုးကွဲဖြစ်ပြီး အခြားသော Omicron အမျိုးအစားနှစ်ခု ပြန်လည်ပေါင်းစပ်ထားသော ဗိုင်းရပ်စ် ဖြစ်သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U