၂၀၂၅ တွင် လူတစ်သောင်းလျှင် ဆရာဝန် ၁၅ ဦး ထားရှိရန် ဗီယက်နမ် ရည်မှန်းထား
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ဗီယက်နမ်နိုင်ငံတွင် လူဦးရေနှင့် ဆရာဝန်အချိုးအစားသည် ၂၀၂၀ ပြည့်နှစ်တွင် လူတစ်သောင်းလျှင် ဆရာဝန် ၉.၈၁ ဦး ရှိခဲ့ပြီး ယခုအခါ လူတသောင်းလျှင် ဆရာဝန် ၁၂.၅ ဦး ရှိပါသည်။
၎င်းအချိုးအစားသည် အိန္ဒိယနိုင်ငံနှင့် အတူတူ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံထက် ပိုမြင့်ပါသည်။
တရုတ် (၂၂ ဦး)၊ ပြင်သစ် (၃၄ ဦး)၊ ဩစတေးလျ (၃၆ ဦး) တို့ထက် ပိုနည်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာဝန်များ လေ့ကျင့်သင်ကြားနိုင်မှုမှာ တစ်နှစ်လျှင် ဘွဲ့ရဦးရေ ၁၃,၀၀၀ ခန့်ရှိပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် လူတသောင်းလျှင် ဆရာဝန် ၁၅ ဦး ထားရှိရန် ရည်မှန်းချက် ချမှတ်ထားပါသည်။ နောက်ထပ် ၂.၅ ဦး ထပ်တိုးရန် လိုအပ်မည် ဖြစ်ပါသည်။
ဗီယက်နမ်အစိုးရသည် သူနာပြုဦးရေ အချိုးအစားကိုလည်း တိုးမြှင့်ရန် ရည်မှန်းချက် ချမှတ်ထားပါသည်။
၂၀၂၅ ခုနှစ်တွင် လူ တသောင်း လျှင် သူနာပြု ၂၅ ဦး အချိုးအစား ရရှိရန် ရည်မှန်းထားသည်။ လက်ရှိအချိုးအစားသည် အလွန်နိမ့်ကျနေသည်။ လူတသောင်းလျှင် သူနာပြု ၁၁.၄ ဦးသာ ရှိသည်။
ကမ္ဘာ့ပျမ်းမျှ အချိုးအစားမှာ ဆရာဝန် တဦးလျှင် သူနာပြု သုံးလေးဦး ရှိသည်။ ဂျပန်တွင် ၉-၁၀ ဦး ရှိသည်။ ဗီယက်နမ်တွင် ၂ ဦးမပြည့်ချေ။
ource vnexpress
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL