အသားမာတက်တယ်ဆိုတာ လူတိုင်းနီးပါး ဖြစ်ဖူးတဲ့အရာတစ်ခုပါ။ အများအားဖြင့် ခြေဖဝါး အရှေ့ပိုင်းနဲ့ ဖနောင့်တစ်ဝိုက်မှာ ဖြစ်လေ့ရှိပါတယ်။ လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးပါ။ အသားမာက မနာကျင်တတ်ပါဘူး။