What's New




Wednesday, 01 January 2020 12:12

အသားမာတက်ခြင်း

အသားမာတက်တယ်ဆိုတာ လူတိုင်းနီးပါး ဖြစ်ဖူးတဲ့အရာတစ်ခုပါ။ အများအားဖြင့် ခြေဖဝါး အရှေ့ပိုင်းနဲ့ ဖနောင့်တစ်ဝိုက်မှာ ဖြစ်လေ့ရှိပါတယ်။

လက်နဲ့ စမ်းကြည့်ရင် တစ်နေရာတည်း ကွက်ပြီး ထူထူကြမ်းကြမ်း လေးဖြစ်နေတဲ့ အပေါ်ယံလွှာ အရေပြားလေးပါ။ အသားမာက မနာကျင်တတ်ပါဘူး။

ဘာကြောင့် ဒီလို အသားမာတက်ရတာလဲ

အမှန်တော့ အသားမာဆိုတာ ကိုယ်ခန္ဓာက နူးညံ့တဲ့အရေပြားကို ကာကွယ်သင့်တယ်လို့ ယူဆပြီး ဖြစ်ပေါ်စေလိုက်တဲ့ အလွှာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခုခုနဲ့ ပွတ်တိုက်တာ များတဲ့နေရာ ဒါမှမဟုတ် တစ်ခုခုကြောင့် ဖိအားများတဲ့နေရာမှာ ဖြစ်လေ့ ရှိပါတယ်။ အဲ့နေရာတွေမှာ အရေပြားဆဲလ်လေးတွေ သေသွားလို့ ဖြစ်လာတာပါ။

 

အဓိကဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ ခြေထောက်မှာဆိုရင် ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေစီးမိရင် ၊ အရမ်းကြပ်တာ ဒါမှမဟုတ် ချောင်တဲ့ဖိနပ်တွေ၊ ခြေထိပ်ပိတ် ဒေါက်မြင့်တွေစီးတာ ၊ ရှူးဖိနပ်ကို ခြေအိတ် မပါဘ ဲဝတ်တာများရင် ၊ လမ်းလျောက်တာ ပုံစံမမှန်တာ ၊ မွေးရာပါချို့ယွင်းမှု တစ်ခုခုကြောင့် ဖြစ်ဖြစ်၊ အမူအကျင့် စွဲမှုကြောင့်ဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။

 

လက်မှာဆိုရင် တူရိယာတွေ ပုံမှန်တီးခေတ်လေ့ရှိသူတွေရဲ့လက်ချောင်းထိပ်တွေ ၊ အလုပ်ကြမ်း လုပ်သူတွေ၊ အလေးအပင် မရလေ့ရှိသူတွေ ၊ လက်အိတ်မဝတ်ဘဲ အလေးချိန်များတဲ့ ပစ္စည်းတွေ မတာများရင် ဒါတွေကြောင့်ဖြစ်လေ့ရှိပါတယ်။

မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ခြေဖဝါးအရွယ်အစားနဲ့တကယ်ကိုက်ညီတဲ့ဖိနပ်ကိုပဲသေချာရွေးဝယ်စီးရပါမယ်။ အရေးကြီးတာက ကိုယ်နဲ့ ကွက်တိဖြစ်ပြီး သက်တောင့်သက်သာ ရှိတဲ့ဖိနပ် ဖြစ်ဖို့ပါ။ ခြေထောက်ကို နာကျင်စေတဲ့ လေဒီရှူး လှလှတွေကို မေ့ပစ်လိုက်ပါလေ။ (လှတာမက်ရင် ညစာခက်တာမဟုတ်ဘဲ လှတာမက်ရင် အသားမာတက်မယ်လို့မှတ်ပေါ့နော်)။

"အာရုံကွော အားကောငျးစတေဲ့ အစားအစာမြား" ဖတ်ရှုရန် နှိပ်ပါ။

အာရုံကြော အားကောင်းစေတဲ့ အစားအစာများ

မှန်ကန်တဲ့ဖိနပ်ရွေးချယ်နည်းကတော့ အရှည်ဆုံး ခြေချောင်းနဲ့ဖိနပ်ရဲ့ ထိပ်ဖျားကြားမှာ လက်မဝက်လောက် လွတ်နေရပါမယ်တဲ့။ ရှူးဖိနပ်တွေမှာတော့ ဝတ်ကြည့်ပြီးရင် ခြေချောင်းလေးတေ ွလှုပ်ကြည့်ပါတဲ့ လွတ်လွတ်လပ်လပ် လှုပ်လို့မရဘူးဆို မယူသင့်ပါဘူးနော်။ ဖိနပ်ဝယ်မယ်ဆိုရင်လည်း ညနေပိုင်းတွေမှာ ဝယ်တာပိုသင့်တော်ပါမယ်တဲ့။ တစ်နေကုန် မတ်တပ်ရပ်ရ သွားလာရတာတွေကြောင့် ခြေထောက်လေးတွေ ဖောင်းပြီးညောင်းညာနေချိန်မှာ စမ်းစီးကြည့်လို့ သက်တောင့်သက်သာ ဖြစ်တယ်ဆိုတော့ ဝယ်လိုက်သင့်ပါပြီ။ ရှူးဖိနပ်တွေကို ခြေအိတ်နဲ့ အမြဲတွဲဝတ်ပါ။

 

သင့်တော်တဲ့ ဖိနပ်ရှိပြီးရင်တော့ လမ်းလျှောက်တဲ့ပုံကလည်း မှန်ကန်ရပါမယ်။ ခြေထောက်တစ်ဖက်ကို အားပြုပြီး လျှောက်တာ မတ်တပ်ရပ်တာတွေက အသားမာတက်တာကို အားပေးပါတယ်။ ဥပမာ ညာသန်သူ အများစုက ညာဘက်ခြေထောက်ကို အားပြုပြီး မတ်တပ်ရပ်လေ့ရှိတာမျိုးကို အချိန်အကြာကြီး မလုပ်ဘဲ ဘယ်၊ ညာ မကြာခဏ ပြောင်းပေးတာမျိုး လုပ်ပါ။ တကယ်လို့ မွေးရာပါ ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့် ခြေထောက်ပုံစံက ပုံမှန်မဟုတ်တာမျိုး ဆိုရင်တော့ ခြေထောက်ပုံနဲ့ အဆင်ပြေမယ့် ဖိနပ်မျိုးကို ပုံစံအပ်ချုပ်ဝတ်တာမျိုး လုပ်သင့်ပါတယ်။

 

လက်ဖဝါး လက်ချောင်းတွေမှာ အသားမာမဖြစ်စေဖို့အတွက် အလေးတွေမတာ အလုပ်ကြမ်း လုပ်ရတာမျိုးဆို လက်အိတ်ဝတ်တာမျိုး လုပ်သင့်ပါတယ်။ အသားမာတက်တာဟာ စိုးရိမ်စရာမရှိသလို နာကြင်မှုလည်း မရှိတတ်လို့ အတော်များများက ဆရာဝန်နဲ့ပြပြီး ကုသမှုယူတဲ့အဆင့် မရောက်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ဖယ်ရှားဖို့ကြိုးစားရင်းသွေးထွက်တာ၊ အသားမာကနေ ပြည် ဒါမှမဟုတ် အရည်တစ်ခုခု ထွက်လာတာ ၊ ဆီးချိုရောဂါ အခံရှိတဲ့သူတွေမှာဆို အနာဖြစ်ရင်ကျက်ဖို့ ခက်ပြီး ပိုးဝင်ဖို့လွယ်တာတွေကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပြသသင့်ပါတယ်။

 

အသားမာတက်ခြင်းအတွက် ဘယ်လိုကုသမှုမျိုးတွေရှိလဲ
အရွယ်အစားလည်း အရမ်းမကြီးဘူး။ အနာဖြစ်တာ ပြည်တည်တာမျိုးတွေလည်း မရှိဘူးဆိုရင်တော့ ခြေထောက် လက်တွေကို ပုံမှန်အလှဆီကရင်မ်တွေ လိမ်းပေးပြီး နူးညံ့အောင်ထားတာမျိုး လုပ်ပေးပါ။ ရေချိုးချိန်မှာ ချေးတွန်းကျောက်လေးနဲ့ ခပ်ဖွဖွတွန်းပေးတာတွေကလည်း အသားမာကို ပျောက်ကင်းစေနိုင်ပါတယ်။ အနာဖြစ်ပြီး ပြည်တည်နေတဲ့ အသားမာတွေအတွက်ကတော့ ဆရာဝန်က ပိုးသတ်ဆေးညွှန်ကြားတာ အသားမာရဲ့ ထုထည်လျော့အောင် ခွဲစိတ်တာ လိမ်းဆေးပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။

အသားမာတက်ရတာတဲ့ အဓိကအကြောင်းအရင်းကတော့ ပွတ်တိုက်မှုများတာ၊ ဖိအားခံစားရတာတွေဖြစ်လို့ ကုသပြီးပျောက်ကင်းသွားရင်တောင် ပြန်ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အပေါ်မှာရှင်းပြခဲ့တဲ့ ဖြစ်စေတဲ့ခြေအနေတွေကို ရှောင်တာကတော့ အထိရောက်ဆုံးပါပဲ။

 

ဒေါက်တာချစ်စန္ဒီကျော်

{zawgyi}

======

အသားမာတက္ျခင္း

အသားမာတက္တယ္ဆိုတာ လူတိုင္းနီးပါး ျဖစ္ဖူးတဲ့အရာတစ္ခုပါ။ အမ်ားအားျဖင့္ ေျခဖဝါး အေရွ႕ပိုင္းနဲ႔ ဖေနာင့္တစ္ဝိုက္မွာ ျဖစ္ေလ့ရွိပါတယ္။ လက္နဲ႔ စမ္းၾကည့္ရင္ တစ္ေနရာတည္း ကြက္ၿပီး ထူထူၾကမ္းၾကမ္း ေလးျဖစ္ေနတဲ့ အေပၚယံလႊာ အေရျပားေလးပါ။ အသားမာက မနာက်င္တတ္ပါဘူး။

 

ဘာေၾကာင့္ ဒီလို အသားမာတက္ရတာလဲ

အမွန္ေတာ့ အသားမာဆိုတာ ကိုယ္ခႏၶာက ႏူးညံ့တဲ့အေရျပားကို ကာကြယ္သင့္တယ္လို႔ ယူဆၿပီး ျဖစ္ေပၚေစလိုက္တဲ့ အလႊာတစ္ခုပဲ ျဖစ္ပါတယ္။ တစ္ခုခုနဲ႔ ပြတ္တိုက္တာ မ်ားတဲ့ေနရာ ဒါမွမဟုတ္ တစ္ခုခုေၾကာင့္ ဖိအားမ်ားတဲ့ေနရာမွာ ျဖစ္ေလ့ ရွိပါတယ္။ အဲ့ေနရာေတြမွာ အေရျပားဆဲလ္ေလးေတြ ေသသြားလို႔ ျဖစ္လာတာပါ။

အဓိကျဖစ္ေစတဲ့အေၾကာင္းအရင္းေတြကေတာ့ ေျခေထာက္မွာဆိုရင္ ေျခေထာက္နဲ႔ အံဝင္ခြင္က် မျဖစ္တဲ့ ဖိနပ္ေတြစီးမိရင္ ၊ အရမ္းၾကပ္တာ ဒါမွမဟုတ္ ေခ်ာင္တဲ့ဖိနပ္ေတြ၊ ေျခထိပ္ပိတ္ ေဒါက္ျမင့္ေတြစီးတာ ၊ ရႉးဖိနပ္ကို ေျခအိတ္ မပါဘ ဲဝတ္တာမ်ားရင္ ၊ လမ္းေလ်ာက္တာ ပုံစံမမွန္တာ ၊ ေမြးရာပါခ်ိဳ႕ယြင္းမႈ တစ္ခုခုေၾကာင့္ ျဖစ္ျဖစ္၊ အမူအက်င့္ စြဲမႈေၾကာင့္ျဖစ္ျဖစ္ ျဖစ္တတ္ပါတယ္။

လက္မွာဆိုရင္ တူရိယာေတြ ပုံမွန္တီးေခတ္ေလ့ရွိသူေတြရဲ႕လက္ေခ်ာင္းထိပ္ေတြ ၊ အလုပ္ၾကမ္း လုပ္သူေတြ၊ အေလးအပင္ မရေလ့ရွိသူေတြ ၊ လက္အိတ္မဝတ္ဘဲ အေလးခ်ိန္မ်ားတဲ့ ပစၥည္းေတြ မတာမ်ားရင္ ဒါေတြေၾကာင့္ျဖစ္ေလ့ရွိပါတယ္။

 

မျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ

ေျခဖဝါးအ႐ြယ္အစားနဲ႔တကယ္ကိုက္ညီတဲ့ဖိနပ္ကိုပဲေသခ်ာေ႐ြးဝယ္စီးရပါမယ္။ အေရးႀကီးတာက ကိုယ္နဲ႔ ကြက္တိျဖစ္ၿပီး သက္ေတာင့္သက္သာ ရွိတဲ့ဖိနပ္ ျဖစ္ဖို႔ပါ။ ေျခေထာက္ကို နာက်င္ေစတဲ့ ေလဒီရႉး လွလွေတြကို ေမ့ပစ္လိုက္ပါေလ။ (လွတာမက္ရင္ ညစာခက္တာမဟုတ္ဘဲ လွတာမက္ရင္ အသားမာတက္မယ္လို႔မွတ္ေပါ့ေနာ္)။

"အာရုံကြော အားကောင်းစေတဲ့ အစားအစာများ" ဖတ္ရႈရန္ ႏွိပ္ပါ။

အာရုံကြော အားကောင်းစေတဲ့ အစားအစာများ

မွန္ကန္တဲ့ဖိနပ္ေ႐ြးခ်ယ္နည္းကေတာ့ အရွည္ဆုံး ေျခေခ်ာင္းနဲ႔ဖိနပ္ရဲ႕ ထိပ္ဖ်ားၾကားမွာ လက္မဝက္ေလာက္ လြတ္ေနရပါမယ္တဲ့။ ရႉးဖိနပ္ေတြမွာေတာ့ ဝတ္ၾကည့္ၿပီးရင္ ေျခေခ်ာင္းေလးေတ ြလႈပ္ၾကည့္ပါတဲ့ လြတ္လြတ္လပ္လပ္ လႈပ္လို႔မရဘူးဆို မယူသင့္ပါဘူးေနာ္။ ဖိနပ္ဝယ္မယ္ဆိုရင္လည္း ညေနပိုင္းေတြမွာ ဝယ္တာပိုသင့္ေတာ္ပါမယ္တဲ့။ တစ္ေနကုန္ မတ္တပ္ရပ္ရ သြားလာရတာေတြေၾကာင့္ ေျခေထာက္ေလးေတြ ေဖာင္းၿပီးေညာင္းညာေနခ်ိန္မွာ စမ္းစီးၾကည့္လို႔ သက္ေတာင့္သက္သာ ျဖစ္တယ္ဆိုေတာ့ ဝယ္လိုက္သင့္ပါၿပီ။ ရႉးဖိနပ္ေတြကို ေျခအိတ္နဲ႔ အၿမဲတြဲဝတ္ပါ။

 

သင့္ေတာ္တဲ့ ဖိနပ္ရွိၿပီးရင္ေတာ့ လမ္းေလွ်ာက္တဲ့ပုံကလည္း မွန္ကန္ရပါမယ္။ ေျခေထာက္တစ္ဖက္ကို အားျပဳၿပီး ေလွ်ာက္တာ မတ္တပ္ရပ္တာေတြက အသားမာတက္တာကို အားေပးပါတယ္။ ဥပမာ ညာသန္သူ အမ်ားစုက ညာဘက္ေျခေထာက္ကို အားျပဳၿပီး မတ္တပ္ရပ္ေလ့ရွိတာမ်ိဳးကို အခ်ိန္အၾကာႀကီး မလုပ္ဘဲ ဘယ္၊ ညာ မၾကာခဏ ေျပာင္းေပးတာမ်ိဳး လုပ္ပါ။ တကယ္လို႔ ေမြးရာပါ ဒါမွမဟုတ္ ထိခိုက္မႈတစ္ခုခုေၾကာင့္ ေျခေထာက္ပုံစံက ပုံမွန္မဟုတ္တာမ်ိဳး ဆိုရင္ေတာ့ ေျခေထာက္ပုံနဲ႔ အဆင္ေျပမယ့္ ဖိနပ္မ်ိဳးကို ပုံစံအပ္ခ်ဳပ္ဝတ္တာမ်ိဳး လုပ္သင့္ပါတယ္။

 

လက္ဖဝါး လက္ေခ်ာင္းေတြမွာ အသားမာမျဖစ္ေစဖို႔အတြက္ အေလးေတြမတာ အလုပ္ၾကမ္း လုပ္ရတာမ်ိဳးဆို လက္အိတ္ဝတ္တာမ်ိဳး လုပ္သင့္ပါတယ္။ အသားမာတက္တာဟာ စိုးရိမ္စရာမရွိသလို နာၾကင္မႈလည္း မရွိတတ္လို႔ အေတာ္မ်ားမ်ားက ဆရာဝန္နဲ႔ျပၿပီး ကုသမႈယူတဲ့အဆင့္ မေရာက္ၾကပါဘူး။ ဒါေပမယ့္ ကိုယ့္ဘာသာကိုယ္ဖယ္ရွားဖို႔ႀကိဳးစားရင္းေသြးထြက္တာ၊ အသားမာကေန ျပည္ ဒါမွမဟုတ္ အရည္တစ္ခုခု ထြက္လာတာ ၊ ဆီးခ်ိဳေရာဂါ အခံရွိတဲ့သူေတြမွာဆို အနာျဖစ္ရင္က်က္ဖို႔ ခက္ၿပီး ပိုးဝင္ဖို႔လြယ္တာေတြေၾကာင့္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ျပသသင့္ပါတယ္။

 

အသားမာတက္ျခင္းအတြက္ ဘယ္လိုကုသမႈမ်ိဳးေတြရွိလဲ
အ႐ြယ္အစားလည္း အရမ္းမႀကီးဘူး။ အနာျဖစ္တာ ျပည္တည္တာမ်ိဳးေတြလည္း မရွိဘူးဆိုရင္ေတာ့ ေျခေထာက္ လက္ေတြကို ပုံမွန္အလွဆီကရင္မ္ေတြ လိမ္းေပးၿပီး ႏူးညံ့ေအာင္ထားတာမ်ိဳး လုပ္ေပးပါ။ ေရခ်ိဳးခ်ိန္မွာ ေခ်းတြန္းေက်ာက္ေလးနဲ႔ ခပ္ဖြဖြတြန္းေပးတာေတြကလည္း အသားမာကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အနာျဖစ္ၿပီး ျပည္တည္ေနတဲ့ အသားမာေတြအတြက္ကေတာ့ ဆရာဝန္က ပိုးသတ္ေဆးၫႊန္ၾကားတာ အသားမာရဲ႕ ထုထည္ေလ်ာ့ေအာင္ ခြဲစိတ္တာ လိမ္းေဆးေပးတာမ်ိဳးေတြ လုပ္ေပးႏိုင္ပါတယ္။

အသားမာတက္ရတာတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ ပြတ္တိုက္မႈမ်ားတာ၊ ဖိအားခံစားရတာေတြျဖစ္လို႔ ကုသၿပီးေပ်ာက္ကင္းသြားရင္ေတာင္ ျပန္ျဖစ္ႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အေပၚမွာရွင္းျပခဲ့တဲ့ ျဖစ္ေစတဲ့ေျခအေနေတြကို ေရွာင္တာကေတာ့ အထိေရာက္ဆုံးပါပဲ။

 

ေဒါက္တာခ်စ္စႏၵီေက်ာ္

Read times
Rate this item
(1 Vote)