ဟင်းသီးဟင်းရွက်ပါဝင်မှုများသည့် အစားအစာများ စားသုံးပါက အမျိုးသားများ၌ အူမကြီးကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ The Daily Mail သတင်းစာက ရေးသားတင်ပြထားပါသည်။
အထိုက်အလျောက် အားစိုက်ရသည့်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းသည် အူမကြီးကင်ဆာလူများ၏ ဘ၀သက်တမ်းကို ဆန့်ထုတ်ပေးနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုကို ကိုးကား၍ Health Day News ဆေးပညာ၀က်ဘ်ဆိုက်က ရေးသားတင်ပြထားပါသည်။