What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 November 2022 13:11

အူမကြီးကင်ဆာလူနာများ၏ ဘ၀သက်တမ်းကို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ဆန့်ထုတ်ပေးနိုင်

                အထိုက်အလျောက် အားစိုက်ရသည့်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းသည် အူမကြီးကင်ဆာလူများ၏ ဘ၀သက်တမ်းကို ဆန့်ထုတ်ပေးနိုင်ကြောင်း သုတေသန ပညာရှင်များ၏ အဆိုကို ကိုးကား၍ Health Day News ဆေးပညာ၀က်ဘ်ဆိုက်က ရေးသားတင်ပြထားပါသည်။

             ထို့ပြင် လေ့ကျင့်ခန်းပြုလုပ်မှုသည် အ၀လွန် အူမကြီးကင်ဆာလူနာများမှာပင် ရောင်ရမ်းမှုများကို လျော့ချနိုင်ခြင်း၊ အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားစုဖွဲ့မှုပုံစံကို မြှင့်တင်ပေးခြင်းစသည့် အကျိုးကျေးဇူးများပေးနိုင်ကြောင်း အမေရိကန်သုတေသန ပညာရှင်များ၏ အဆိုအရ သိရသည်။

ရောင်ရမ်းမှုပြသနာသည် အူမကြီးကင်ဆာရောဂါ ဖြစ်ပွားရာတွင် အဓိကဖြစ်ပြီး ကိုယ်ခန္ဓာဒြပ်ထုညွှန်းကိန်း (BMI) မြင့်မားသူများတွင် ရောင်းရမ်းမှုပြသနာများ ရှိနေတတ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ အမေရိကန်သုတေသနပညာရှင်များသည် အူမကြီးကင်ဆာလူနာ ၁၇၉

ဦးတို့၏ကျင်ကြီးနမူနာမျာကို လေ့လာခဲ့ကြသည်။ လေ့လာချက်ရလဒ်များအရ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူ အူမကြီးကင်ဆာလူနာများ၏ အစာခြေလမ်းကြောင်းစနစ် ဗက်တီးရီးယားစုဖွဲ့မှုပုံစံ ပြောင်းလဲလာပြီး အူမကြီးကင်ဆာရောဂါ ပိုဆိုးစေရန်လှုံဆော်ပေးတတ်တတ်သည့် ဗက်တီးရီးယားအုပ်စုများ

နည်းပါးသွားကြောင်း သိရသည်။ အထက်ပါ အကျိုးကျေးဇူးများဖြင့် ဘ၀သက်တမ်းဆန့်ထုတ်နိုင်ရေးအတွက် အူမကြီးကင်ဆာလူနာများအနေဖြင့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးရန်သာ လိုကြောင်းသုတေသန ပညာရှင်များကပြောကြားသည်။

 

 

REF: Health Day News

 

Read times Last modified on Tuesday, 22 November 2022 13:28
Rate this item
(0 votes)