နေရောင်ခြည်အောက်မှာ သွားရင်းလာရင်း၊ အလုပ်လုပ်ရင်းနဲ့ အသားအရေတွေ ညိုမည်းခြောက်သွေ့ လာနိုင်ပါတယ်။
ထို့ကြောင့် ပြင်းထန်လွန်းတဲ့ နေရောင်ခြည်ကြောင့်လည်း မှဲ့ကင်ဆာနဲ့ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဘာမိတ်ကပ်မှ မလိုဘဲနဲ့ မျက်နှာနဲ့ အသားအရေကို ပြန်လည် ဝင်းပလာစေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁. ကြက်ဥအကာနဲ့ ပျားရည်
ကြက်ဥအကာနှင့် ပျားရည်ကို ခေါက်ပြီး မျက်နှာဖုံးပြုလုပ်ပေးပါ။ ၁၅ မိနစ်လောက် ကြာအောင်ထားပြီး မျက်နှာကို သစ်လိုက်ပါ။ ၁ ပတ်ကို ၂ ကြိမ်လောက် ပြုလုပ်ပေးပါ။
၂. မုန်လာဥနီဖျော်ရည်
မုန်လာဥနီဖျော်ရည်ကို မကြာမကြာ သောက်သုံးပေးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A၊ Antioxidants တို့နှင့် အခြား ဓာတ်သတ္ထုတွေ ပါဝင်မှုကြောင့် မျက်နှာကို ပိုမိုဝင်းပလာစေရုံမကပဲ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။
၃. သရက်သီးနဲ့ နွားနို့
မွှေထားတဲ့ သရက်သီးအနှစ်ထဲကို နွားနို့ လက်ဖက်ရည်တစ်ဇွန်းခန့် ထည့်ရောပြီး မျက်နှာပေါ်သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။ သရက်သီးမှာပါတဲ့ ဓာတ်တစ်ခုဟာ မျက်နှာအရေပြားပေါ်က အဖုအထစ်လေးတွေကို စုပ်ယူပြီး နွားနို့က ဆေးကြောပေးလိုက်တာကြောင့် မျက်နှာကို ချောမွတ်တောက်ပ လာစေပြီး အရေပြားကင်ဆာကနေလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၄. နွားနို့နဲ့ပျားရည်
နွားနို့ စစ်စစ် မတ်ခွက်တစ်ဝက်ခန့်ကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပြီး မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်ထားပြီး မျက်နှာသစ်၊ ရေချိုးလိုက်ပါ။ မျက်နှာကို ပိုမို တောင်ပလာစေပါတယ်။
၅. ပျားရည်နဲ့ ထောပတ်သီး
မွှေထားတဲ့ ထောပတ်သီးထဲကို ပျားရည်တစ်ဇွန်းလောက်ထည့်ပြီး ရောမွှေလိုက်ပါ။ လက်တွေကိုတော့ သန့်စင်ပါစေ။ ထောပတ်သီးကိုလည်း သန့်ပြန့်အောင် ပြုလုပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ နာရီဝက်ခန့် မတိုင်ခင် ပြန်ခွာနိုင်ပါတယ်။ မျက်နှာအရေပြားတွေကို ချောမွတ်လာစေတာကို တွေ့ရမှာပါ။
Source: single-magazine
{zawgyi}
======
မ်က္ႏွာကို ျဖဴစင္၀င္းပလာေစမယ့္ သဘာ၀နည္းလမ္းမ်ား
ေနေရာင္ျခည္ေအာက္မွာ သြားရင္းလာရင္း၊ အလုပ္လုပ္ရင္းနဲ႔ အသားအေရေတြ ညိဳမည္းေျခာက္ေသြ႕ လာႏုိင္ပါတယ္။ ထို႔ေၾကာင့္ ျပင္းထန္လြန္းတဲ့ ေနေရာင္ျခည္ေၾကာင့္လည္း မွဲ႔ကင္ဆာနဲ႔ အေရျပားကင္ဆာေတြလည္း ျဖစ္ႏုိင္ပါေသးတယ္။ ဘာမိတ္ကပ္မွ မလုိဘဲနဲ႔ မ်က္ႏွာနဲ႔ အသားအေရကို ျပန္လည္ ဝင္းပလာေစႏုိင္တဲ့ နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။
၁. ၾကက္ဥအကာနဲ႔ ပ်ားရည္
ၾကက္ဥအကာႏွင့္ ပ်ားရည္ကို ေခါက္ၿပီး မ်က္ႏွာဖံုးျပဳလုပ္ေပးပါ။ ၁၅ မိနစ္ေလာက္ ၾကာေအာင္ထားၿပီး မ်က္ႏွာကို သစ္လုိက္ပါ။ ၁ ပတ္ကို ၂ ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။
၂. မုန္လာဥနီေဖ်ာ္ရည္
မုန္လာဥနီေဖ်ာ္ရည္ကို မၾကာမၾကာ ေသာက္သံုးေပးပါ။ မုန္လာဥနီမွာပါ၀င္တဲ့ ဗီတာမင္ A၊ Antioxidants တို႕ႏွင့္ အျခား ဓာတ္သတၳဳေတြ ပါဝင္မႈေၾကာင့္ မ်က္ႏွာကို ပိုမို၀င္းပလာေစရံုမကပဲ က်န္းမာေရးကိုလည္း မ်ားစြာ အေထာက္အကူေပးႏုိင္ပါတယ္။
၃. သရက္သီးနဲ႔ ႏြားႏို႔
ေမႊထားတဲ့ သရက္သီးအႏွစ္ထဲကို ႏြားႏို႔ လက္ဖက္ရည္တစ္ဇြန္းခန္႔ ထည့္ေရာၿပီး မ်က္ႏွာေပၚသုတ္လိမ္းေပးပါ။ ၁၅ မိနစ္ေလာက္ထားၿပီးမွ မ်က္ႏွာသစ္လုိက္ပါ။ သရက္သီးမွာပါတဲ့ ဓာတ္တစ္ခုဟာ မ်က္ႏွာအေရျပားေပၚက အဖုအထစ္ေလးေတြကို စုပ္ယူၿပီး ႏြားႏို႔က ေဆးေၾကာေပးလိုက္တာေၾကာင့္ မ်က္ႏွာကို ေခ်ာမြတ္ေတာက္ပ လာေစၿပီး အေရျပားကင္ဆာကေနလည္း ကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။
၄. ႏြားႏို႔နဲ႔ပ်ားရည္
ႏြားႏို႔ စစ္စစ္ မတ္ခြက္တစ္၀က္ခန္႔ကို ပ်ားရည္တစ္ဇြန္းထည့္ၿပီး ေမႊၿပီး မ်က္ႏွာေပၚကို သုတ္လိမ္းေပးပါ။ ၁၅ မိနစ္ သို႔မဟုတ္ မိနစ္ ၂၀ ခန္႔ထားၿပီး မ်က္ႏွာသစ္၊ ေရခ်ိဳးလိုက္ပါ။ မ်က္ႏွာကို ပိုမို ေတာင္ပလာေစပါတယ္။
၅. ပ်ားရည္နဲ႔ ေထာပတ္သီး
ေမႊထားတဲ့ ေထာပတ္သီးထဲကို ပ်ားရည္တစ္ဇြန္းေလာက္ထည့္ၿပီး ေရာေမႊလိုက္ပါ။ လက္ေတြကိုေတာ့ သန္႔စင္ပါေစ။ ေထာပတ္သီးကိုလည္း သန္႔ျပန္႔ေအာင္ ျပဳလုပ္ထားေပးပါ။ ျပီးရင္ေတာ့ မ်က္ႏွာေပၚကို သုတ္လိမ္းေပးပါ။ နာရီ၀က္ခန္႔ မတိုင္ခင္ ျပန္ခြာႏိုင္ပါတယ္။ မ်က္ႏွာအေရျပားေတြကို ေခ်ာမြတ္လာေစတာကို ေတြ႔ရမွာပါ။
Source: single-magazine