What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 August 2020 21:41

စစ်တွေမြို့မှ ရောက်လာသူ ၂၉၀ ကျော် လှိုင်တွင် Quarantine ခံယူ

ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန်မြို့သို့လာရောက်သူများအနေဖြင့် Quarantine ဝင်ရောက်၍ Swab ၂ခါယူရမည်ဖြစ်ကြောင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်ဖြစ်ရာ ယခုအခါ စေပိုင်ဖွံဖြိုးရေးလီမီတက်က တာဝန်မယူဖွင့်လှစ်ထားသော လှိုင်မြို့နယ် Quarantine စင်တာတွင် လက်ခံထားရှိသူ ၂၉၃ ဦး ရှိကြောင်း သိရသည်။ 

Quarantine ဝင်ရောက်သည့်သူများသည် ပြဌာန်'ထားချက်နှင့်အညီ Quarantine စင်တာတွင် ၂၁ ရက် နေထိုင်ရမည် ဖြစ်သည်။

“ဒီနေ့ လှိုင် Facilities Quarantine Center (3)မြတ်လေးဆောင်ကို အယောက် ၅၀ ထပ်ရောက်လာတာ ကြောင့် အခု မြတ်လေးဆောင်မှာ ၆၆ ယောက် ရှိနေပါပြီ။လှိုင်စင် တာ(1) Gဆောင်မှာ ၁၉၂ ယောက် ၊စင်တာ(2)ကေတုမတီ ဆောင်မှာ ၃၃ ယောက် စုစုပေါင်း ခရီးသည် ၂၉၁ယောက်ကိုကျန်းမာရေး စောင့် ကြည့်နေပါတယ်။ဒီ Quarantine စတင်တာကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ လမ်း ညွန် ချက်နဲ့အညီ အမျိုးသားရေးတာဝန်အရ စေပိုင်ဖွံဖြိုးမှုလီမီတက် ကဖွင့်လှစ်ထားတာ ဖြစ်ပါတယ်၊ သူတို့ကို ၂၁ ရက် အသွားအလာကန့်သတ်မှာ ဖြစ်ပါတယ်”ဟု ယင်းကပြောသည်။

Read times
Rate this item
(0 votes)