မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၉.၉.၂၀၂၀)ရက်နေ့ ည (၀၈း၀၀) နာရီ သတင်းထုတ်ပြန်ချက်အရ
ဦးဘိုအေး အလှကုန် မန်းမြန်မာပလာဇာပထမထပ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးအား COVID-19 ဓာတ်ခွဲအတည်ပြု လူနာအဖြစ်တွေ့ရှိရကြောင်း နှင့် အဆိုပါဝန်ထမ်းသည် လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိပါသည်။
ထို့အပြင် အဆိုပါဝန်ထမ်းနှင့် ထိတွေ့ဆက်ဆံသူများအားလုံးကိုလည်း(၁၀.၉.၂၀၂၀)ရက်နေ့တွင် မန္တလေးမြို့ Ayarwaddy River View Hotel တွင် Quarantine ထားရှိပြီး ဖြစ်ပါသည်။
ဦးဘိုအေး အလှကုန် (မန်းမြန်မာ)နှင့် ဦးဘိုအေး အလှကုန် (စျေးချို၊ စက်လှေကား)ဆိုင်တို့အား (၁၁.၉.၂၀၂၀)ရက်နေ့မှ စ၍ ခေတ္တ ပိတ်ထားမည် ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
U BO AYE