What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 13 December 2020 18:05

တောင်ကိုရီးယားနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရ

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူအရေအတွက် တနင်္ဂနွေနေ့က ၁,၀၃၀ ဦးရှိရာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တတိယလှိုင်းကို ကိုင်တွယ်ရန် အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။

 

နိုင်ငံတွင်း ကူးစက်မှုကနေ စနေနေ့တွင် ပိုးတွေ့ရှိသူမှာ ၁,၀၀၂ ဦးရှိရာ ၇၈၆ ဦးမှာ ဆိုးလ်မှာ တွေ့ရတာ ဖြစ်ပါတယ်။ စနေနဲ့ တနင်္ဂနွေ မတိုင်ခင်မှာ ပိုးတွေ့သူ အရေအတွက်ဟာ ၅၀၀ နဲ့ ၆၀၀ ကြားသာ ရှိနေတာကို တွေ့ရပါတယ်။

 

ကပ်ရောပိုး တိုက်ဖျက်ရာမှာ ပုံစံနမူနာဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် လူ ၅၀ ထက် ပိုစုဝေးခွင့်မရှိသလို၊ အားကစားပွဲတွေမှာပါ လူ ၅၀ သာ ကြည့်ရှုခွင့်ရကြောင်း၊ ကော်ဖီဆိုင်တွေမှာ ပါဆယ်သာ ရောင်းချခွင့်ရှိကြောင်းနဲ့ စားသောက်ဆိုင်တွေမှာ ည ၉ နာရီပိတ်ရမှာဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။

 

ဒါပေမယ့် တာဝန်ရှိသူတွေက ပိုးကူးစက်မှုလျှော့ချရန် ကျောင်းတွေပိတ်ခြင်း၊ လူ ၁၀ ဦးထက်ပိုပြီး စုဝေးခွင့် တားမြစ်ခြင်းနဲ့ နေအိမ်ကနေ အလုပ်လုပ်ရန် အကြံပြုခြင်းတွေ စတဲ့အမိန့်တွေ ထုတ်ပြန်နိုင်ကြောင်း စနေနေ့က ပြောကြားပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ထိန်းချုပ်ရန် ဉရောပနဲ့ နိုင်ငံတွေလို အသွားအလာကန့်သတ်မှုမျိုး မလုပ်ဘဲ ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

 

လူဦးရေ ၅၂ သန်းနေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၄၂,၇၆၆ ဦးရှိပြီး သေဆုံး ၅၈၀ ဦးရှိကြောင်း သိရပါတယ်။

 

MDN

Read times
Rate this item
(0 votes)