အလှအပကို မြတ်နိုးတတ်တဲ့သူတိုင်းကတော့ အလှမပျက် မြင်သူတိုင်း ငေးနေချင်ကြပါမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပျိုမေတို့အတွက် အသုံးဝင်မယ့် အလှအပ ဆိုင်ရာနည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။