What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 September 2019 16:38

အလှအပအတွက် Baby Oil ကိုဆောင်ထားသင့်တဲ့အချက် (၃) ချက်

ကလေးတွေအတွက်သုံးတဲ့ Baby Oil လေးတွေက အလှအပရေးရာအတွက် အဖက်ဖက်ကနေ အသုံးဝင်ပါတယ်။ 

ဒါကြောင့် အမြဲတမ်းသုံးလို့ရအောင် မိန်းကလေးတိုင်းရဲ့အလှအပအတွက် Baby Oil ကိုဆောင်ထားသင့်တဲ့အချက် (၃) ချက်ကို ပြောပြပေးလိုက်ပါတယ်။

မျက်နှာအသားအရေကို ဖြူဝင်းလာစေဖို့

Image result for Baby Oil and face female

Baby Oil – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ် (Aloe Vera Gel) – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံပယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်ပြီး အားလုံးကို သမအောင်မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာ သေချာလိမ်းလိုက်ပြီး မိနစ် ၃၀ ထားပါ။ မိနစ် ၃၀ ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီလိုပေါင်းတင်ပေးတာက မျက်နှာအသားအရေကို ဖြူဝင်းလာစေပါတယ်။ Aloe Vera Gel နဲ့ မတည့်ရင်တော့ ဒီနည်းကိုမသုံးပါနဲ့။

 

မိတ်ကပ်ဖျက်ဖို့

Image result for Baby Oil and face female

Baby Oil ကို Cotton Pad ထဲထည့်ပြီး Makeup Remover အနေနဲ့လည်း သုံးလို့ရပါတယ်။ ဒါပေမယ့် Oil ဖြစ်တာကြောင့် မျက်နှာကိုတော့ မျက်နှာသစ်ဆေးနဲ့ သေချာပြောင်အောင် သစ်ပေးဖို့လိုပါတယ်။

 

နှုတ်ခမ်းကွဲခြောက်တာသက်သာစေဖို့

Image result for Baby Oil and lip female

Baby Oil – စားပွဲတင်ဇွန်းတစ်ဇွန်း၊ သကြား – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး Lip Scrub လုပ်ပေးရမှာပါ။ ဒီလိုလုပ်ပေးခြင်းက နှုတ်ခမ်းကွဲခြောက်တာကို သက်သာစေပါတယ်။

mystylemyanmar

 

{zawgyi}

========

အလွအပအတြက္ Baby Oil ကိုေဆာင္ထားသင့္တဲ့အခ်က္ (၃) ခ်က္

 

ကေလးေတြအတြက္သံုးတဲ့ Baby Oil ေလးေတြက အလွအပေရးရာအတြက္ အဖက္ဖက္ကေန အသံုးဝင္ပါတယ္။ ဒါေၾကာင့္ အၿမဲတမ္းသံုးလို႔ရေအာင္ မိန္းကေလးတိုင္းရဲ႔အလွအပအတြက္ Baby Oil ကိုေဆာင္ထားသင့္တဲ့အခ်က္ (၃) ခ်က္ကို ေျပာျပေပးလိုက္ပါတယ္။

မ်က္ႏွာအသားအေရကို ျဖဴဝင္းလာေစဖို႔

Image result for Baby Oil and face female


Baby Oil – စားပဲြတင္ဇြန္းတစ္ဇြန္း၊ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ (Aloe Vera Gel) – စားပဲြတင္ဇြန္းတစ္ဇြန္းနဲ႔ သံပယိုသီးတစ္ျခမ္းကို အရည္ညွစ္ထည့္ၿပီး အားလံုးကို သမေအာင္ေမႊလိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာမွာ ေသခ်ာလိမ္းလိုက္ၿပီး မိနစ္ ၃၀ ထားပါ။ မိနစ္ ၃၀ ျပည့္ရင္ မ်က္ႏွာသစ္လိုက္ရံုပါပဲ။ ဒီလိုေပါင္းတင္ေပးတာက မ်က္ႏွာအသားအေရကို ျဖဴဝင္းလာေစပါတယ္။ Aloe Vera Gel နဲ႔ မတည့္ရင္ေတာ့ ဒီနည္းကိုမသံုးပါနဲ႔။

 

မိတ္ကပ္ဖ်က္ဖုိ႔

Image result for Baby Oil and face female

Baby Oil ကို Cotton Pad ထဲထည့္ၿပီး Makeup Remover အေနနဲ႔လည္း သံုးလို႔ရပါတယ္။ ဒါေပမယ့္ Oil ျဖစ္တာေၾကာင့္ မ်က္ႏွာကိုေတာ့ မ်က္ႏွာသစ္ေဆးနဲ႔ ေသခ်ာေျပာင္ေအာင္ သစ္ေပးဖို႔လိုပါတယ္။

 

ႏႈတ္ခမ္းကဲြေျခာက္တာသက္သာေစဖို႔

Image result for Baby Oil and lip female

Baby Oil – စားပဲြတင္ဇြန္းတစ္ဇြန္း၊ သၾကား – စားပဲြတင္ဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္ – စားပဲြတင္ဇြန္းတစ္ဇြန္းတို႔ကို ေရာေမႊၿပီး Lip Scrub လုပ္ေပးရမွာပါ။ ဒီလိုလုပ္ေပးျခင္းက ႏႈတ္ခမ္းကဲြေျခာက္တာကို သက္သာေစပါတယ္။

mystylemyanmar

Read times Last modified on Wednesday, 29 January 2020 17:10
Rate this item
(1 Vote)