What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 September 2018 16:57

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်မည့် သဘာဝနည်းလမ်း(၁၀)ခု

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်မည့် သဘာဝနည်းလမ်း(၁၀)ခု Google

လူကြားသူကြားတွင် အရှက်ရစေနိင်သည့် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်မည့် သဘာဝနည်းလမ်းများကို ပရိသတ်များလေ့လာသိရှိနိင်စေရန်အတွက် မျှဝေပေးလိုက်ပါသည်။

လွယ်ကူရိုးရှင်းသလို ထိလည်းထိရောက်သည့် နည်းလမ်းများဖြစ်ပါသည်။

(၁) ထမင်းစားပြီးလျှင် ရေနွေးကြမ်း သောက်ပါ။
အစာစားပြီး သွားကြားတွင်ကပ်ငြိနေသော အစာများကို ရေနွေးကြမ်းမှ သန့်စင်ဆေးကြောပေးသည်။
ရနံ့များကိုလည်း စုပ်ယူပေးနိုင်သည်။

(၂) အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။

ဖြစ်နိုင်လျှင် သွားတိုက်ပေးပါ။

(၃) ထမင်းစားပြီးလျှင် နွားနို့၊ ပဲနို့တို့ကို သောက်ပေးပါ။
လက်ဖက်ရည်၊ ကော်ဖီတို့ထက် နွားနို့က ရနံ့ကို ပိုမိုစုပ်ယူနိုင်စွမ်း ရှိပါတယ်။

(၄) လတ်ဆတ်သောသစ်သီးဝလံများနျှင့် ဟင်းသီးဟင်းရွက်များကို မကြာခဏ စားပေးပါ။

(၅) လိမ္မော်ရည်၊ သံပုရာရည်တို့ကို သောက်ပေးပါ။

(၆) သောက်ရေတစ်ခွက်ကို Apple Cider Vinegar လို့ခေါ်တဲ့ ပန်းသီးရှာလကာရည် ၃ စက်ခန့်ထည့်၍ ပလုတ်ကျင်းပေးပါ။

(၇) လေးညှင်း၊ စမုံစပါးတို့ကို အနည်းငယ်မျှ ၀ါးစားပါ။

(၈) အစားအစာကို ဗိုက်ပြည့်နေအောင်မစားပဲ အဆာပြေရုံသာ စားပေးနိုင်က ပိုကောင်းပါသည်။

(၉) အစားအစာကို ကြေညက်နေအောင် ၀ါးစားပါ။

(၁၀) အနံ့ပြင်းသောအစားအစာများ၊ ၀မ်းကိုပုတ်စေမည့်အစားအစာများကို ရှောင်ပါ။

ကိုးကား - Tips To Cure Bad Breath

Read times Last modified on Tuesday, 04 September 2018 17:05
Rate this item
(1 Vote)