What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 November 2018 11:45

မိမိကိုယ်တိုင် လုပ်မိနေတဲ့ ဆံကေသာပျက်စီးစေသာအကြောင်းတရားများ

မိန်းကလေးတိုင်းကတော့လှပ၊ ပုံကျ၊ စတိုင်မိနေတဲ့ ဆံကေသာလေးတွေပိုင်ဆိုင်ချင်ကြပါတယ်။

ဆံပင်တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ ဆံကေသာ ကောင်းမွန်စေဖို့ဆိုရင်တော့ ဆံနွယ်တွေကို ကောင်းကောင်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ဆံကေသာကို ပျက်စီးစေသော အကြောင်းတရားတွေကိုဖော်ပြေပေးလိုက်ပါတယ်။


ဆံပင်ညှပ်ရန်အချိန်အကြာကြီးစောင့်ခြင်း

ဆံကေသာ ကြမ်းပြီး ကွဲထွက်နေတဲ့အခါ ပုံမကျဘဲ မသေမသပ်ဖြစ်နေတတ်ပါတယ်။ ဆံပင်အရှည်နှေးခြင်းနဲ့ ဆံပင် အဖျားတွေ ဖွာထွက်နေခြင်းဟာ ဆံပင်ညှပ်ဖို့အချိန်အကြာကြီးစောင့်ဆိုင်းနေတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်အရှည်ပိုင်ဆိုင်ချင်တဲ့သူတွေဟာ ဆံပင်အဖျားညှပ်ခြင်းကိုပြုလုပ်ပေးသင့်ပါတယ်။


ကိုယ်တိုင်ဆေးဆိုးခြင်း

တကယ်တော့ ကိုယ်တိုင် ဆံပင်ဆေးဆိုးခြင်းကို အချိန်မပေးနိုင်တဲ့ အမျိုးသမီးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဘာလိုပဲဖြစ်ဖြစ် ဆံပင်ဆေးဆိုးခြင်းကို ပရော်ဖက်ရှင်နယ် ဆံပင်အလှပြင်သူတစ်ယောက်နဲ့သာပြုလုပ်သင့်ပါတယ်။ ကိုယ်တိုင်သတိမထားမိဘဲ လုပ်လိုက်မိတဲ့အချက်တွေကို ပရော်ဖက်ရှင်နယ်တစ်ယောက်ကတော့ ရှောင်လွဲပေးနိုင်မယ်ထင်ပါတယ်။


ရေစိုနေစဉ် ခေါင်းဖီးခြင်း

ဆံကေသာဟာရေစိုနေချိန်မှာ ပိုပျက်စီးလွယ်ပါတယ်။ ရေစိုနေချိန် ဆံပင်ဖီးတဲ့အခါ ဆံပင်ခြောက်သွေ့နေချိန်ထက် ပိုကျွတ်လွယ်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ဆံပင်ကိုအခြောက်ခံပြီးမှသာ ဖီးပေးသင့်ပါတယ်။


ညစ်ပတ်သောဘီး

ဆံပင်ဖီးတဲ့အခါ များစွာသော အရေးပြားသေအမှုန်တွေဟာ ဘီမှာ ကျန်ရစ်ခဲ့ပါတယ် (မမြင်နိုင်ရင်တောင်)။ အရေးပြားအသေဟာ ဘက်တီးရီးယားတွေကိုပေါက်ဖွားဖို့အကောင်းဆုံးသော ပတ်ဝန်းကျင်ဖြစ်ပြီး ကိုယ့်ရဲ့ဦးရေပြားပေါ်ကိုပဲ ပြန်လည်ကူးစက်စေတာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်သုံးနေကျဘီးကိုသေချာဆေးကြောပါ။


တင်းကျပ်စွာ ဆံပင်စည်းခြင်း

လှပသေသပ်ဖို့အတွက် တင်းကျပ်နေအောင်ဆံပင်စည်းခြင်းဟာ မကောင်းပါဘူး။ အကြောင်းကတော့ ဆံပင်စည်းတဲ့အခါ ဆံပင်အရင်းအမြစ်ကနေ ဆွဲ ပြီးစည်းနှောင်တာကြောင့်ပါ။ ဒါကြောင့်လိုအပ်တဲ့အချိန်မှာပဲ ဆံပင်ကိုတင်းတင်းစည်းပါ။ နေ့စဉ်နေ့တိုင်းဖြစ်မနေပါစေနဲ့။


နေရောင်

များသောအားဖြင့် အပြင်ထွက်ရတဲ့သူတွေဟာအသားအရေကို နေရောင်ခံခရင်မ် လိမ်းဖို့သတိရကြပေမယ့် ဆံပင်ကိုတော့မေ့သွားကြပါတယ်။ နေရောင်နဲ့များစွာထိတွေ့ခြင်းဟာ အသားအရေကို ပျက်စီးစေသလို ဆံပင်ကိုလဲပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပုဝါ၊ ဦးထုပ်၊ ထီးတို့ဖြင့်အကာကွယ်ယူပေးသင့်ပါတယ်။

Source:mingalarbarmorning

မျက်စိစွံရင် ဘာတွေလုပ်မလဲ၊ ဘာတွေမလုပ်ရဘူးလဲ
Read times Last modified on Saturday, 24 November 2018 11:52
Rate this item
(0 votes)