အစာအိမ်ရောင်ရမ်းခြင်းဟာ လူအများ ပေါ့ဆ တက်ကျပေမယ့် ကြောက်စရာကောင်းတဲ့ ရောဂါတစ်ထခုလည်းဖြစ်ပါတယ်။
ဒါပြင် မိမိ မှားယွင်းစားသုံးလိုက်မိတဲ့ အစားသောက်က အစာအိမ်ရောဂါဖြစ်စေနိုင်ခြေ ရှိမရှိကို ဖော်ပြပေးလိုက်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ကာလကြာရှည်စွာအန်ခြင်း၊စိတ်ဖိစီးခြင်း၊အကိုက်အခဲပျောက်ဆေးကဲ့သို့ ဆေးများသုံးစွဲခြင်းတို့ကြောင့် အစာအိမ်ရောင်ရမ်းတတ်သည်။အစာအိမ်နံရံတွင်နေထိုင်လေ့ရှိသည့် Helicobacter pylori ဘီးတီးရီးယားသည် အစာအိမ်အနာ ဖြစ်စေသည်။
စားသောက်လိုက်သည့် အစားထဲမှ ဗိုက်တာမင် B 12 ကို အစာအိမ်ကမစုပ်ယူနိုင်သည့်အခါ သွေးအားနည်း ရောဂါတစ်မျိုးဖြစ်ပေါ်ပြီး အစာအိမ်ရောင်ရမ်းစေသည်။သည်းခြေပြွန်မှ သည်းခြေရည်များ အစာအိမ်တွင်းအထိ နောက်ပြန် စီးဆင်းသည့်အခါ၌လည်း အစာအိမ်ရောင်တတ်သည်။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်လည်း အစာအိမ်ရောင်တတ်သည်။ အစာအိမ်ရောင်ခြင်းကို မကုသဘဲထားပါက သွေးဆုံးရှုံးမှုဖြစ်ပေါ် ပြီး အစာအိမ်ကင်ဆာကိုပင်ဖြစ်စေ နိုင်သည်။
အစာအိမ်ရောင်သည့်အခါ မူးဝေအော့အန်ခြင်း၊ ဗိုက်ပွခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ကြို့ထိုးခြင်း၊ အနက်ရောင်များအန်ခြင်း၊ ဝမ်းမည်းသွားခြင်းတို့ ခံစားရတတ်သည်။အစာအိမ်တွင်းအက်ဆစ်ဓာတ်လျှော့ချရန် antacid အမျိုးအစား ဆေးများနှင့် အစာအိမ်ဆေးများသုံးစွဲ နိုင်သည်။မကြာခဏအစာအိမ် ရောင်ပါက အပူအစပ်အစာများ ရှောင်ရန်လိုသည်။
Helicobacter pylori ပိုးကြောင့် အစာအိမ် အနာဖြစ်ပါက အစာအိမ်ဆေးများမှ တစ်ဆင့် ပေးသွင်းနိုင်သည်။ အစာအိမ်ရောင်ခြင်းကို အလွယ်တကူသက်သာအောင် ကုသနိုင်သော်လည်း အစာအိမ်ရောင်စေသည့် နောက်ခံအကြောင်းရင်းကို မဖယ်ရှားမချင်း မကြာခဏအစာအိမ် ရောင်နေဦးမည်သာ ဖြစ်သည်။နောက်ခံအကြောင်းအရင်းကို ရှင်းလင်းပြီးသည်နှင့် အစာအိမ်ရောင်ခြင်းပါ အလိုလိုပျောက်ကင်းနိုင် သည်။
Source:ပိုပိုဇော်
Read: ၾကယ္သီးေစ့အရြယ္ ဘက္ထရီမ်ားကို ကေလးမ်ား မ်ိဳခ်မိပါက နာရီပိုင္းအတြင္း ေသဆံုးႏိုင္
{Zawgyi}
ဘယ္လိုအခ်ိန္ေတြမွာ အစာအိမ္ေရာင္ရမ္း တက္လဲ
အစာအိမ္ေရာင္ရမ္းျခင္းဟာ လူအမ်ား ေပါ့ဆ တက္က်ေပမယ့္ ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ထခုလည္းျဖစ္ပါတယ္။ ဒါျပင္ မိမိ မွားယြင္းစားသံုးလိုက္မိတဲ့ အစားေသာက္က အစာအိမ္ေရာဂါျဖစ္ေစႏိုင္ေျခ ရွိမရွိကို ေဖာ္ျပေပးလိုက္ပါတယ္။
အရက္အလြန္အကၽြံေသာက္ျခင္း၊ကာလၾကာရွည္စြာအန္ျခင္း၊စိတ္ဖိစီးျခင္း၊အကိုက္အခဲေပ်ာက္ေဆးကဲ့သို႔ ေဆးမ်ားသံုးစြဲျခင္းတို႔ေၾကာင့္ အစာအိမ္ေရာင္ရမ္းတတ္သည္။အစာအိမ္နံရံတြင္ေနထိုင္ေလ့ရွိသည့္ Helicobacter pylori ဘီးတီးရီးယားသည္ အစာအိမ္အနာ ျဖစ္ေစသည္။ စားေသာက္လိုက္သည့္ အစားထဲမွ ဗိုက္တာမင္ B 12 ကို အစာအိမ္ကမစုပ္ယူႏိုင္သည့္အခါ ေသြးအားနည္း ေရာဂါတစ္မ်ိဳးျဖစ္ေပၚၿပီး အစာအိမ္ေရာင္ရမ္းေစသည္။သည္းေျခႁပြန္မွ သည္းေျခရည္မ်ား အစာအိမ္တြင္းအထိ ေနာက္ျပန္ စီးဆင္းသည့္အခါ၌လည္း အစာအိမ္ေရာင္တတ္သည္။
ဘက္တီးရီးယားႏွင့္ ဗိုင္းရပ္စ္ကူးစက္ျခင္းေၾကာင့္လည္း အစာအိမ္ေရာင္တတ္သည္။ အစာအိမ္ေရာင္ျခင္းကို မကုသဘဲထားပါက ေသြးဆံုး႐ႈံးမႈျဖစ္ေပၚ ၿပီး အစာအိမ္ကင္ဆာကိုပင္ျဖစ္ေစ ႏိုင္သည္။ အစာအိမ္ေရာင္သည့္အခါ မူးေ၀ေအာ့အန္ျခင္း၊ ဗုိက္ပြျခင္း၊ ဗိုက္နာျခင္း၊ အန္ျခင္း၊ အစာမေၾကျခင္း၊ ရင္ပူျခင္း၊ ႀကိဳ႕ထိုးျခင္း၊ အနက္ေရာင္မ်ားအန္ျခင္း၊ ၀မ္းမည္းသြားျခင္းတို႔ ခံစားရတတ္သည္။အစာအိမ္တြင္းအက္ဆစ္ဓာတ္ေလွ်ာ့ခ်ရန္ antacid အမ်ိဳးအစား ေဆးမ်ားႏွင့္ အစာအိမ္ေဆးမ်ားသံုးစြဲ ႏုိင္သည္။မၾကာခဏအစာအိမ္ ေရာင္ပါက အပူအစပ္အစာမ်ား ေရွာင္ရန္လိုသည္။
Helicobacter pylori ပိုးေၾကာင့္ အစာအိမ္ အနာျဖစ္ပါက အစာအိမ္ေဆးမ်ားမွ တစ္ဆင့္ ေပးသြင္းႏိုင္သည္။ အစာအိမ္ေရာင္ျခင္းကို အလြယ္တကူသက္သာေအာင္ ကုသႏိုင္ေသာ္လည္း အစာအိမ္ေရာင္ေစသည့္ ေနာက္ခံအေၾကာင္းရင္းကို မဖယ္ရွားမခ်င္း မၾကာခဏအစာအိမ္ ေရာင္ေနဦးမည္သာ ျဖစ္သည္။ေနာက္ခံအေၾကာင္းအရင္းကို ရွင္းလင္းၿပီးသည္ႏွင့္ အစာအိမ္ေရာင္ျခင္းပါ အလိုလိုေပ်ာက္ကင္းႏုိင္ သည္။
Source:ပိုပိုေဇာ္