What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 December 2018 15:48

ဆီးသွားတဲ့အခါ မသက်မသာ ခံစားနေရသလား

သင့်အနေနဲ့ ဆီးသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ မသက်မသာ ဝေဒနာတွေကို ခံစားနေရတာက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းစတဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ဆီးသွားတဲ့အခါ မသက်မသာဖြစ်စေတဲ့ အဓိက အကြောင်းရင်းကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ပါ။

 

ခံစားရတတ်သော လက္ခဏာများ - ဆီးသွားတဲ့အခါ ပူစပ်ပူလောင် ဖြစ်ခြင်းဒါမှမဟုတ် ဆီးကျဉ်ခြင်း၊  မကြာခဏ ဆီးသွားလိုခြင်း၊  ဆီးအနံ့မကောင်းခြင်း၊ ဆီးထဲသွေးပါခြင်းနဲ့ ဆီးအရောင်ပြောင်းလဲခြင်း၊  ဖျားခြင်းဒါမှမဟုတ် ချမ်းတုန်ခြင်း၊   အစာစားချင်စိတ် နည်းခြင်း ဒါမှမဟုတ် အလုပ်လုပ်ချင်စိတ်နည်းခြင်း၊  ပျို့ချင် အန်ချင်ဖြစ်ခြင်းနဲ့ ပျို့အန်ခြင်း၊  ခါးအောက်ပိုင်း နာကျင်ခြင်းနဲ့ ဗိုက်နာခြင်း၊  အိုးနဲ့ ရှူးသွားတတ်အောင် လေ့ကျင့်ပေးထားတဲ့ကလေးတွေမှာ ဘောင်းဘီထဲ မကြာခဏ သေးစိုနေခြင်း တို့ ဖြစ်ပါတယ်။ 

 

ဘာလုပ်သင့်သလဲ

-ကလေးဟာ ဆီးသွားတိုင်းငိုကြွေးနေရင် ဒါမှမဟုတ် ဆီးမသွားနိုင်ရင်ဆရာဝန်နဲ့ ပြပါ။

- ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သေချာလိုက်နာပါ။

- ရေများများသောက်ဖို့ လိုအပ်သလို ဆီးလမ်းကြောင်း ပိုးသေစေဖို့ သစ်သီးဖျော်ရည် သောက်ပေးပါ။

- လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးဖို့ လိုပါတယ်။

 

 

ကာကွယ်မှု

- မျိုးပွားအင်္ဂါတစ်ဝိုက်မှာ အနံ့မွှေးတဲ့ဆပ်ပြာ ဒါမှမဟုတ် အမြှုပ်ထတဲ့ ဆပ်ပြာမျိုးကို မသုံးသင့်ပါ။ ပျော့ပျောင်းတဲ့ဆပ်ပြာ ဒါမှမဟုတ် ကြက်သီးနွေးရေနဲ့သာ ဆေးကြောသင့်ပါတယ်။

- စိုထိုင်းထိုင်းဖြစ်နေတဲ့၊ စိုစွတ်နေတဲ့ဘောင်းဘီနဲ့ ကလေးသုံး ကပ်ခွာဘောင်းဘီတို့ကို ချက်ချင်းလဲပါ။

- ကလေးတွေကို ဆီးသွားချင်စိတ်ပေါ်တိုင်း ဆီးသွားပေးဖို့ သတိပေးပါ။

- မိန်းကလေးတွေအနေနဲ့ ဆီး၊ ဝမ်းသွားပြီးတဲ့အခါတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ သုတ်ဖို့ လိုအပ်ပါတယ်။

Source:-ကေအမ် (yatanarpon)

 

Read times Last modified on Wednesday, 27 February 2019 15:17
Rate this item
(0 votes)