What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 December 2018 17:04

ဆီး၊ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံသင့်သော လက္ခဏာ လေးရပ်

ဆီးမထိန်းနိုင်တဲ့ တချို့ လက္ခဏာရပ်တွေက သိသာ ထင်ရှားပါတယ်။ ဆီးတွေက မသိမသာ စိမ့်ထွက်နေတာ၊ ဆီးကို ထိန်းလို့ မရတာ စတာတွေဟာ ဆီးအိတ်ဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်တာကြောင့် အောက်ပါ လက္ခဏာ လေးရပ်ကို ကြုံတွေ့နေရရင် ဆီး၊ ကျောက်ကပ် ရောဂါကု ဆရာဝန်ကြီး ဒါမှမဟုတ် သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်။

 

လက္ခဏာ (၁)

အမျိုးသမီးတချို့ဟာ ချောင်းဆိုးတဲ့အခါ၊ ဟားတိုက် ရယ်မောတဲ့အခါ၊ လေးလံတဲ့ ပစ္စည်းတစ်ခုခုကို သယ်မတဲ့ အခါနဲ့ လေ့ကျင့်ခန်း လုပ်တဲ့အခါတွေမှာ မမျှော်လင့်ဘဲ ဆီးတွေ စိမ့်ထွက်တတ်တာကြောင့် ရာသီမလာဘဲနဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို ဝတ်ဆင် ထားရတတ်ပါတယ်။ ဆီးစိမ့်ထွက်တာက အလွန် အဖြစ်များတာကြောင့် ရှက်စရာ ဆိုပေမယ့် ပုံမှန်ပါပဲလို့ နယူးယောက်ရှိ ဆီးရောဂါကု စင်တာမှ ဂျီလ်ရာဘင်က ဆိုပါတယ်။ သင်ဟာ သွေးဆုံးပြီးသူ ဖြစ်ရင် ဆီးမထိန်းနိုင်ပါက အမျိုးသမီးသုံး ဂွမ်းထုပ်တွေကို မကြာခဏ လဲလှယ်ပေးနေရတတ်ပါတယ်။

ဘာလုပ်သင့်သလဲ

တင်းအားကြောင့် ဆီးမထိန်းနိုင်တာ (ဥပမာ- ရယ်တာနဲ့ လှုပ်ရှားတာ) ဟာ ခွဲစိတ်ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ တင်ပဆုံကွင်း ကြွက်သားတွေ သန်စွမ်းလာအောင် လေ့ကျင့်ခန်း လုပ်ပေးတာ၊ နာ့ဗ်ကြော လှုံ့ဆော်တာ စတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးရပါမယ်။ ကိုယ်အလေးချိန် များနေရင် လျှော့ချပေးတာကလည်း ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အထိုက်အလျောက် ပြေလည်သွားစေပါတယ်။ အကြမ်းဖျင်းအားဖြင့် ကိုယ်အလေးချိန် ပေါင် ၂၀ လောက် လျောကျသွားရုံနဲ့ ဆီးမထိန်းနိုင်တဲ့ ရောဂါ တစ်ဝက်နီးပါး လျော့ကျသွားတတ်ပါတယ်။

 

လက္ခဏာ (၂)

လူမှုရေး အဝိုင်းအဝန်းက ကျဉ်းလာတယ် ။ ဆီးမထိန်းနိုင်တာကြောင့် သင့်အနေနဲ့ တခြားသူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးက နည်းလာတာပါ။ ဆီးအိတ်ပြဿနာ ရှိသူတွေဟာ လူတွေကြားထဲ သွားလာ နေထိုင်ရမှာကို ကြောက်ရွံ့လာပါတယ်။ လူကြားထဲ သွားရမယ်ဆိုရင် အရည် သောက်သုံးမှုကို ထိန်းချုပ်တာ၊ ဆီးအိတ်ကို လှုံ့ဆော်စေတဲ့ အစားအစာတွေကို ရှောင်တာ၊ ဆီးသွားစေတဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ရှောင်ရှားတာနဲ့ တင်ပဆုံ အောက်ပိုင်းက ကြွက်သားတွေကို သန်စွမ်းအောင်လုပ်တာ စတဲ့ အချက်တွေကို လိုက်နာပေးပါ။

 

လက္ခဏာ (၃)

ကားထဲ ဒါမှမဟုတ် အိတ်ထဲမှာ လဲဖို့ အဝတ်အစားတစ်စုံ အမြဲ ေဆောင်ထားရတယ်။ ညဘက်မှာတင် မက နေ့ဘက်မှာပါ ဘောင်းဘီ ဒါမှမဟုတ် စကတ်ဟာ စိုစွတ်နေတတ်တာကြောင့် အဝတ်အစား တစ်စုံကို အမြဲ ဆောင်ထားရတဲ့ အခြေအနေပါ။ ဆီးမထိန်းနိုင်တာက အသက်ကြီးတာကြောင့်ပဲ ဖြစ်ရတဲ့ ပုံမှန် ဖြစ်စဉ်တစ်ရပ် မဟုတ်ပါဘူး။ ပုံမှန် ဆီးသွားလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးသွားရခက်တဲ့ အခြေအနေကြောင့် ဆီးမထိန်းနိုင်တာမျိုး ဖြစ်တတ်ကာ အထူးသဖြင့် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

ဘာလုပ်သင့်သလဲ

ဆီးကျောက်တည်တာ ဒါမှမဟုတ် ဆီးကျိတ်ရှိတာကြောင့် ဆီးသွားလမ်းကြောင်း ပိတ်ပြီး ဆီးစိမ့်ထွက်နေရင် ခွဲစိတ် ဖယ်ရှားပေးဖို့ လိုပါတယ်။

 

လက္ခဏာ (၄)

လိင်ဆက်ဆံမှုကို ရှောင်ရှားပါတယ် / ဆီးမထိန်းနိုင်တဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးမှာ အခက်အခဲ တွေ့လာပါတယ်။

ဘာလုပ်သင့်သလဲ

ဆီးမထိန်းနိုင်တဲ့ ပြဿနာ အများစုကို ဆေးကုသမှုနဲ့ တခြား နည်းလမ်းတွေနဲ့ ကုသဖို့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Source: ဇြန္ခိုင္ဦး (ေဆးတကၠသိုလ္)(yatanarpon)

 

 Read:အဖုအက်ိတ္ စမ္းမိလို႔ စိုးရိမ္ေနပါသလား

အဖုအက်ိတ္ စမ္းမိလို႔ စိုးရိမ္ေနပါသလား

 

{Zawgyi}

======

ဆီး၊ ေက်ာက္ကပ္အထူးကု ဆရာဝန္ႀကီးႏွင့္ ေတြ႔ဆံုသင့္ေသာ လကၡဏာ ေလးရပ္


ဆီးမထိန္းႏိုင္တဲ့ တခ်ိဳ႕ လကၡဏာရပ္ေတြက သိသာ ထင္ရွားပါတယ္။ ဆီးေတြက မသိမသာ စိမ့္ထြက္ေနတာ၊ ဆီးကို ထိန္းလို႔ မရတာ စတာေတြဟာ ဆီးအိတ္ဆိုင္ရာ ျပႆနာေတြ ျဖစ္တတ္တာေၾကာင့္ ေအာက္ပါ လကၡဏာ ေလးရပ္ကို ႀကဳံေတြ႕ေနရရင္ ဆီး၊ ေက်ာက္ကပ္ ေရာဂါကု ဆရာဝန္ႀကီး ဒါမွမဟုတ္ သားဖြားမီးယပ္ အထူးကု ဆရာဝန္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးသင့္ပါတယ္။

လကၡဏာ (၁)

အမ်ိဳးသမီးတခ်ိဳ႕ဟာ ေခ်ာင္းဆိုးတဲ့အခါ၊ ဟားတိုက္ ရယ္ေမာတဲ့အခါ၊ ေလးလံတဲ့ ပစၥည္းတစ္ခုခုကို သယ္မတဲ့ အခါနဲ႔ ေလ့က်င့္ခန္း လုပ္တဲ့အခါေတြမွာ မေမွ်ာ္လင့္ဘဲ ဆီးေတြ စိမ့္ထြက္တတ္တာေၾကာင့္ ရာသီမလာဘဲနဲ႔ အမ်ိဳးသမီး လစဥ္သုံး ပစၥည္းကို ဝတ္ဆင္ ထားရတတ္ပါတယ္။ ဆီးစိမ့္ထြက္တာက အလြန္ အျဖစ္မ်ားတာေၾကာင့္ ရွက္စရာ ဆိုေပမယ့္ ပုံမွန္ပါပဲလို႔ နယူးေယာက္ရွိ ဆီးေရာဂါကု စင္တာမွ ဂ်ီလ္ရာဘင္က ဆိုပါတယ္။ သင္ဟာ ေသြးဆုံးၿပီးသူ ျဖစ္ရင္ ဆီးမထိန္းႏိုင္ပါက အမ်ိဳးသမီးသုံး ဂြမ္းထုပ္ေတြကို မၾကာခဏ လဲလွယ္ေပးေနရတတ္ပါတယ္။

ဘာလုပ္သင့္သလဲ

တင္းအားေၾကာင့္ ဆီးမထိန္းႏိုင္တာ (ဥပမာ- ရယ္တာနဲ႔ လႈပ္ရွားတာ) ဟာ ခြဲစိတ္ကုသစရာ မလိုဘဲ ေပ်ာက္ကင္းႏိုင္ပါတယ္။ တင္ပဆုံကြင္း ႂကြက္သားေတြ သန္စြမ္းလာေအာင္ ေလ့က်င့္ခန္း လုပ္ေပးတာ၊ နာ့ဗ္ေၾကာ လႈံ႕ေဆာ္တာ စတဲ့ နည္းလမ္းေတြကို လုပ္ေဆာင္ေပးရပါမယ္။ ကိုယ္အေလးခ်ိန္ မ်ားေနရင္ ေလွ်ာ့ခ်ေပးတာကလည္း ဆီးမထိန္းႏိုင္တဲ့ ျပႆနာကို အထိုက္အေလ်ာက္ ေျပလည္သြားေစပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ ကိုယ္အေလးခ်ိန္ ေပါင္ ၂၀ ေလာက္ ေလ်ာက်သြား႐ုံနဲ႔ ဆီးမထိန္းႏိုင္တဲ့ ေရာဂါ တစ္ဝက္နီးပါး ေလ်ာ့က်သြားတတ္ပါတယ္။

 

လကၡဏာ (၂)

လူမႈေရး အဝိုင္းအဝန္းက က်ဥ္းလာတယ္ ။ ဆီးမထိန္းႏိုင္တာေၾကာင့္ သင့္အေနနဲ႔ တျခားသူေတြနဲ႔ ေပါင္းသင္း ဆက္ဆံေရးက နည္းလာတာပါ။ ဆီးအိတ္ျပႆနာ ရွိသူေတြဟာ လူေတြၾကားထဲ သြားလာ ေနထိုင္ရမွာကို ေၾကာက္႐ြံ႕လာပါတယ္။ လူၾကားထဲ သြားရမယ္ဆိုရင္ အရည္ ေသာက္သုံးမႈကို ထိန္းခ်ဳပ္တာ၊ ဆီးအိတ္ကို လႈံ႕ေဆာ္ေစတဲ့ အစားအစာေတြကို ေရွာင္တာ၊ ဆီးသြားေစတဲ့ စိတ္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈကို ေရွာင္ရွားတာနဲ႔ တင္ပဆုံ ေအာက္ပိုင္းက ႂကြက္သားေတြကို သန္စြမ္းေအာင္လုပ္တာ စတဲ့ အခ်က္ေတြကို လိုက္နာေပးပါ။

 

လကၡဏာ (၃)

ကားထဲ ဒါမွမဟုတ္ အိတ္ထဲမွာ လဲဖို႔ အဝတ္အစားတစ္စုံ အၿမဲ ေေဆာင္ထားရတယ္။ ညဘက္မွာတင္ မက ေန႔ဘက္မွာပါ ေဘာင္းဘီ ဒါမွမဟုတ္ စကတ္ဟာ စိုစြတ္ေနတတ္တာေၾကာင့္ အဝတ္အစား တစ္စုံကို အၿမဲ ေဆာင္ထားရတဲ့ အေျခအေနပါ။ ဆီးမထိန္းႏိုင္တာက အသက္ႀကီးတာေၾကာင့္ပဲ ျဖစ္ရတဲ့ ပုံမွန္ ျဖစ္စဥ္တစ္ရပ္ မဟုတ္ပါဘူး။ ပုံမွန္ ဆီးသြားလမ္းေၾကာင္း ပိတ္ဆို႔ၿပီး ဆီးသြားရခက္တဲ့ အေျခအေနေၾကာင့္ ဆီးမထိန္းႏိုင္တာမ်ိဳး ျဖစ္တတ္ကာ အထူးသျဖင့္ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။

ဘာလုပ္သင့္သလဲ

ဆီးေက်ာက္တည္တာ ဒါမွမဟုတ္ ဆီးက်ိတ္ရွိတာေၾကာင့္ ဆီးသြားလမ္းေၾကာင္း ပိတ္ၿပီး ဆီးစိမ့္ထြက္ေနရင္ ခြဲစိတ္ ဖယ္ရွားေပးဖို႔ လိုပါတယ္။

 

လကၡဏာ (၄)

လိင္ဆက္ဆံမႈကို ေရွာင္ရွားပါတယ္ / ဆီးမထိန္းႏိုင္တဲ့ ျပႆနာေၾကာင့္ အိမ္ေထာင္ေရးမွာ အခက္အခဲ ေတြ႕လာပါတယ္။

ဘာလုပ္သင့္သလဲ

ဆီးမထိန္းႏိုင္တဲ့ ျပႆနာ အမ်ားစုကို ေဆးကုသမႈနဲ႔ တျခား နည္းလမ္းေတြနဲ႔ ကုသဖို႔ အတြက္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

 

Source: ဇြန္ခိုင္ဦး (ေဆးတကၠသိုလ္)(yatanarpon)

Read times Last modified on Friday, 03 January 2020 16:19
Rate this item
(1 Vote)