What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 January 2019 12:59

ဘယ်အကိုက်အခဲပျောက်ဆေးက သင့်အတွက် အသင့်တော်ဆုံးလဲ

အက်စပရင် (Aspirin)

ကောင်းကျိုး - အက်စပရင်ဆေးဟာ ခေါင်းကိုက်တာ၊ ဖျားတာ၊ အဆစ်တောင့်တင်းတာ၊ ကြွက်သားတင်းမာတာ၊ ရာသီလာစဉ် ကိုက်ခဲတာတွေကို သက်သာ စေပါတယ်။

ဆိုးကျိုး
အက်စပရင်ကို အယ်လ်ကိုဟောနဲ့ ရောသောက်မိရင် အစာအိမ်သွေးယိုတာနဲ့ ကျောက်ကပ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တချို့ လူတွေမှာ အက်စပရင်နဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်တဲ့အတွက် အကိုက်အခဲ ပျောက်စေမယ့် တခြားဆေးကို ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် ကလေးတွေကို အက်စပရင် လုံးဝမတိုက်သင့်ပါဘူး။

 

Did You Know?

အက်စပရင်ဟာ သွေးခဲတာကို ကာကွယ်ပေးတဲ့ အကောင်းဆုံး ဆေးတစ်လက် ဖြစ်ပါတယ်။ နှလုံးရောဂါထတာ (Heart Attack) နဲ့ လေဖြတ်တာတွေ မဖြစ်အောင် အက်စပရင်က ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သင့်အတွက် သင့်တော်တဲ့ အက်စပရင်ပမာဏကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးဖို့ အရေးကြီးပါတယ်။

 

ပါရာစီတမော (Paracetamol)

ကောင်းကျိုး - ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာနဲ့ ဖျားတာကို သက်သာစေပါတယ်။

ဆိုးကျိုး
ပါရာစီတမော ပမာဏများရင် အသည်းကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ် အရက်သုံးခွက်နဲ့အထက် သောက်ရင် အသည်းထိခိုက်နိုင်ခြေ ပိုများပါတယ်။

 

Did You Know?

အကိုက်အခဲပျောက်ဆေး မသောက်ခင် အညွှန်းကို အမြဲဖတ်သင့်ပါတယ်။ အအေးမိ ဖျားနာပျောက်ဆေးတွေမှာ ပါရာစီတမော ထည့်သွင်း ထားတတ်တာကြောင့် အဲဒီဆေးနဲ့ ပါရာစီတမောကို တွဲသောက်မိရင် ဆေးပမာဏ များသွားတတ်ပါတယ်။

 

နာပရိုဇန်ဆိုဒီယမ် (Naproxen Sodium)

ကောင်းကျိုး - နာပရိုဇန်ဆိုဒီယမ်က ခေါင်းကိုက်တာ၊ ဖျားတာ၊ အဆစ်တွေ နာကျင်တောင့်တင်းတာ၊ ကြွက်သားတွေ နာကျင်တောင့်တင်းတာနဲ့ ရာသီ လာစဉ် ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

ဆိုးကျိုး
နာပရိုဇန်ဆိုဒီယမ်ကို ကြာရှည် သောက်တာကြောင့် ဗိုက်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်သွေးယိုတာတွေကို ဖြစ်စေ နိုင်ပါတယ်။ သင်က အက်စပရင်နဲ့ ဓာတ်မတည့်ရင် ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ဝေဒနာနဲ့ အစာအိမ် အနာတွေ ရှိရင် မသောက်သင့်ပါ။

 

Did You Know?

နာပရိုဇန်ဆိုဒီယမ်ရဲ့ အကိုက်အခဲပျောက်စေတဲ့ အာနိသင်က ရှစ်နာရီအထိ ကြာမြင့်စေပြီး တခြားအကိုက်အခဲ ပျောက်ဆေးတွေရဲ့ အာနိသင်ထက် နှစ်ဆလောက် ကြာကြာခံပါတယ်။

 

အိုင်ဗျူပရိုဖန် (Ibuprofen)

ကောင်းကျိုး - အိုင်ဗျူပရိုဖန်က ခေါင်းကိုက်တာ၊ ဖျားတာ၊ နာတာ၊ အဆစ်ကိုက်တာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်တာနဲ့ ရာသီလာစဉ် ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

ဆိုးကျိုး
အစာအိမ်ကနေ သွေးယိုတာကို ဖြစ်စေနိုင်ပါတယ်။ သင်က အက်စပရင်နဲ့ မတည့်ရင် ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ဝေဒနာနဲ့ အစာအိမ်အနာတွေရှိရင် အိုင်ဗျူပရိုဖန်ကို မသောက်သင့်ပါ။

 

Did You Know?

အကိုက်အခဲ ပျောက်ဆေးအားလုံးမှာ ပမာဏ ကန့်သတ်ချက်ရှိပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ဆေးပမာဏကိုပဲ သောက်သင့်ပါတယ်။ တကယ်လို့ မိမိဘာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ ကိုက်ခဲနာကျင်တဲ့ ဝေဒနာက မသက်သာရင် ပမာဏကိုတိုးပြီး မသောက်ပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုကို ခံယူဖို့ အရေးကြီးပါတယ်။

Source:ဇွန်(Yatanarpon)

 

Read times Last modified on Wednesday, 27 February 2019 14:56
Rate this item
(0 votes)