What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 January 2019 13:39

ကျောက်ကပ် ရေအိတ် တည်ခြင်း

ကျောက်ကပ်ရေအိတ်တည်ခြင်းဆိုသည်မှာ ကျောက်ကပ်ထဲတွင် အရည်ပါပြီး လုံးဝန်းသောအိတ်များ ဖြစ်နေခြင်းကိုဆိုလိုသည်။ 

လက္ခဏာများကတော့ ပုံမှန်အားဖြင့် ကျောက်ကပ်ရေအိတ်တည်လျှင် လက္ခဏာမပြတတ်သော်လည်းအရမ်းကြီးလာလျှင်မူ ၊ ခါး/ကျောနာခြင်း ၊ အဖျားတက်ခြင်းနှင့် ဗိုက်အပေါ်ပိုင်းနာခြင်းတို့ ဖြစ်တတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများကတော့ ကျောက်ကပ်၏ မျက်နှာပြင်လွှာလျော့ရဲကာ အိတ်ဖြစ်လာပြီးအရည်တွေနှင့် ပြည့်လာကာ နောက်ဆုံးတွင် ကျောက်ကပ်ရေအိတ် ဖြစ်လာခြင်းဖြစ်သည်ဟုယူဆကြသည်။ ဖြစ်နိုင်ချေများသူများတာကတော့ ကျောက်ကပ်ရေအိတ်တည်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက်ကြီးသူများနှင့် အမျိုးသားများတွင် ပိုဖြစ်နိုင်သည်ကိုတွေ့ရှိရသည်။

 

နောက်ဆက်တွဲပြဿနာများ ကတော့ ကျောက်ကပ်ရေအိတ်တည်ခြင်းမှတဆင့် ရေအိတ်ပိုးဝင်ကာဖျားခြင်းနှင့် နာကျင်မှုများခံစားရခြင်း ၊ ရေအိတ်ပေါက်ထွက်ကာနောက်ကျောနှင့် ခါးဘေးနာကျင်ခြင်း ၊ . ကျောက်ကပ်ရေအိတ်ကြောင့် ပုံမှန်ဆီးသွားမှုကို နှောင့်နှေးစေကာ ကျောက်ကပ်ဖောင်းလာခြင်း အစရှိသော ပြဿနာများ ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ ကတော့ ကျောက်ကပ်ရေအိတ်တည်ခြင်းသည် မကုသဘဲထားပါက ဆိုးရွားလာနိုင်သည့်အတွက် စောစီးစွာကုသမှု ခံယူနိုင်ရန် ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် ဆရာဝန်ထံသွားရောက်ပြသသင့်ပါသည်။ စစ်ဆေးမှုများပြုလုပ်မည်ဆိုပါက ရောဂါ ရှာဖွေသိရှိနိုင်ရန် ရောဂါခံစားနေရပုံအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် အာထရာဆောင်းရိုက်ခြင်း၊ ကျောက်ကပ်ကို CT scan၊ MRI scan ရိုက်ခြင်း၊ သွေးစစ်ခြင်းများဖြင့် စစ်ဆေးနိုင်ပါသည်။

 

ကုသခြင်းကတော့ ကျောက်ကပ်ရေအိတ် တည်ခြင်းသည် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကိုအနှောင့်အယှက် မဖြစ်ပါကကုသမှု ခံယူရန် မလိုပေ။ သို့သော် ဓာတ်မှန်ရိုက်ချက်များအရ ပိုကြီးလာပါက ရေအိတ်ကိုဖောက်ကာအရည်များကို ဖောက်ထုတ်ပစ်ခြင်း၊ ရေအိတ်ကိုခွဲစိတ်ကာ ဖယ်ထုတ်ပစ်ခြင်းနည်းများဖြင့် ကုသနိုင်သည်။

Ref: Mayo Clinic (healthcare.com.mm)

 

Read: ပင်ပန်းညောင်းညာနေတဲ့ ခြေထောက်လေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း(၄)မျိုး

ပင်ပန်းညောင်းညာနေတဲ့ ခြေထောက်လေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း(၄)မျိုး

Read times Last modified on Friday, 18 January 2019 14:16
Rate this item
(1 Vote)