What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 January 2019 17:39

သွေးတိုးခြင်းနှင့် ပတ်သက်၍ ဆရာဝန် မပြောသော်လည်း သိနေသင့်သည့် အချက်များ

အမေရိကန်လူဦးရေ သုံးပုံတစ်ပုံက သွေးတိုးနေတယ်လို့ လတ်တလော လေ့လာမှုအရ သိရပါတယ်။

သွေးတိုးတာက နှလုံးရောဂါထတာ (Heart Attack) နဲ့ လေဖြတ်တာတို့ ဖြစ်စေနိုင်တဲ့ အဓိက အချက်ပါ။ ဒါပေမဲ့ အမေရိကန်လူမျိုး ၂၀ ရာခိုင်နှုန်းက သွေးတိုးနေမှန်းတောင် မသိကြပါဘူး။ သွေးဖိအား ကောင်းမွန်နေ စေဖို့ ထိန်းသိမ်းနိုင်တဲ့ အရေးကြီးအချက်တွေကို လေ့လာသင့်ပါတယ်။

 

(၁) လက်မောင်း တစ်ဖက်တည်းကို တိုင်းခြင်းဖြင့် အဆင်မပြေနိုင်

လက်မောင်း တစ်ဖက်တည်းမှာပဲ သွေးပေါင်ချိန်တိုင်းလေ့ ရှိကြပါတယ်။ ဖရာမင်ဟမ် နှလုံးလေ့လာမှုအရ လက်မောင်းနှစ်ဖက်စလုံးကို သွေးဖိအားအမှတ် တိုင်းတာက လူနာမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားနေသလား ဆိုတာ ဆန်းစစ်နိုင်ဖို့ ပိုမို ကောင်းမွန်တယ်လို့ သိရပါတယ်။ လူနာ ၃၄၀၀ ဦး နီးပါးကို ၁၃ နှစ်ကျော်ကြာ လေ့လာခဲ့တဲ့ ဆန်းစစ်ချက်တွေအရ လူ ၁၀ ရာခိုင်နှုန်းဟာ လက်မောင်းတစ်ဖက်တည်း တိုင်းတဲ့အခါ အပေါ် သွေးဖိအား ပိုများနေတာကို ပြသခဲ့ပါတယ်။ လက်မောင်းနှစ်ဖက် တိုင်းတဲ့ ခြားနားချက်က ၁၀ မှတ်နဲ့ အထက်ဖြစ်နေရင် နှလုံးရောဂါထတာ၊ လေဖြတ်တာနဲ့ တခြားသွေးကြောရောဂါ ဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို မတူညီမှုဟာ အဓိက သွေးလွှတ်ကြောတွေထဲမှာ သွေးခဲရှိတာကို ပြသတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 

(၂) သင့်သွေးပေါင်က သင်ထင်ထားသည်ထက် ပိုလျော့ကျနေနိုင်

ဆရာဝန်တိုင်းတာထက် သူနာပြုဆရာမက သွေးပေါင်တိုင်းတဲ့အခါ အပေါ် သွေးဖိအားက ပျမ်းမျှအားဖြင့် ခုနစ်မှတ်လောက် ပိုလျော့နည်းတတ်တယ်လို့ အိပ်ဇီတာတက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဆရာဝန် တိုင်းတဲ့အခါ သွေးပေါင် အနည်းငယ် မြင့်တက်တဲ့ အခြေအနေကို White Coat Hypertension လို့ ခေါ်ပါတယ်။

 

(၃) အိမ်တွင် သွေးပေါင်ချိန်ခြင်းက တိကျမှု မရှိနိုင်

သွေးပေါင်ချိန်တဲ့အခါ ဆရာဝန်ဆီက အဖြေနဲ့ အိမ်က အဖြေဟာ သိသိသာသာ ခြားနားနေတတ်တယ်လို့ အမေရိကန် ကျောက်ကပ်အစည်းအဝေးမှာ ဖော်ပြခဲ့ပါတယ်။ ဆရာဝန်က သင့်ကို အိမ်မှာ သွေးပေါင်မှန်မှန်တိုင်းဖို့ သတိပေးတယ် ဆိုရင် သင့်သွေးပေါင်ချိန်စက်ကို ဆရာဝန်ထံ ယူသွားပြီး ဒီစက်ရဲ့ ဘယ်ကိန်းဂဏန်းက သွေးပေါင်မှန်တယ် ဆိုတာမျိုး အတည်ပြုထားသင့်ပါတယ်။

 

(၄) ကိုယ်အလေးချိန် အနည်းငယ် မြင့်တက်ခြင်းဖြင့် သွေးတိုးစေနိုင်

ခန္ဓာကိုယ် အလေးချိန်ရဲ့ ငါးရာခိုင်နှုန်းမျှ မြင့်တက်တဲ့ လူတွေဟာ ပျမ်းမျှအားဖြင့် အပေါ်သွေးဖိအား 4mmHg လောက် မြင့်တက်နေတယ်လို့ Mayo Clinic လေ့လာမှုအရ သိရပါတယ်။ အထူးသဖြင့် ဗိုက်ပူတဲ့သူတွေဟာ သွေးဖိအား သိသိသာသာ မြင့်တက်မှု ရှိပါတယ်။

 

(၅) လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သွေးလွှတ်ကြောများကို ပျော့ပျောင်း ကျန်းမာစေနိုင်

အမျိုးသား ၁၄၀၀၀ နီးပါးကို လတ်တလော လေ့လာမှုတစ်ရပ်အရ အထိုင်များတဲ့ သူတွေဟာ အသက် ၄၀ အရွယ်မှာ သွေးတိုးတဲ့ အစောပိုင်း လက္ခဏာတွေကို တွေ့ရပြီး လေ့ကျင့်ခန်း လုပ်သူတွေကတော့ သွေးတိုးတဲ့ အရိပ်အယောင် မရှိဘူးလို့ သိရပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်က ချွေးထွက်များကာ ဆိုဒီယမ် ဆုံးရှုံးတဲ့အတွက် သွေးဖိအားကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

 

(၆) အကျိုးပြု ဘက်တီးရီးယား စားခြင်းဖြင့် သွေးတိုးကျစေနိုင်

သြစတြေးလျရဲ့ လေ့လာမှု ကိုးခုအရ အကျိုးပြု ဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးတွေကို မှီဝဲသူတွေဟာ မမှီဝဲသူတွေထက် အပေါ်သွေးဖိအား ပျမ်းမျှအားဖြင့် 3.56 mmHgနဲ့ အောက်သွေးဖိအား 2.38 mmHg လျော့ကျမှု ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီရလဒ်ကို အကျိုးပြု ဘက်တီးရီးယား ရှစ်ပတ်နဲ့အထက် မှီဝဲသူတွေမှာ တွေ့ရှိခဲ့ရတာပါ။ အကျိုးပြု ဘက်တီးရီးယားတွေက သွေးတွင်း ကိုလက်စထရောအဆင့် ထိန်းချုပ်ပေးတာ၊ သွေးတွင်း ဂလူးကို့စ်ဓာတ် လျော့ကျစေတာနဲ့ ဟော်မုန်းစနစ်ကို ဟန်ချက်ညီစေတာ စတဲ့ အချက်တွေ ရှိတာကြောင့် ကျန်းမာရေးကို ကောင်းမွန်စေတာ ဖြစ်ပါတယ်။

 

(၇) ဆရာဝန်နှင့် မကြာခဏ ပြသခြင်းဖြင့် သွေးတိုး ထိန်းချုပ်နိုင်

တစ်နှစ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ဆရာဝန်နဲ့ ပြသလေ့ရှိတဲ့ လူနာတွေဟာ တစ်ကြိမ်နဲ့ အောက်သာ ပြသသူတွေထက် သွေးဖိအား ထိန်းချုပ်နိုင်စွမ်း သုံးဆကျော် ပိုများတယ်လို့ လူ ၃၇၀၀၀ ဦးကို လေ့လာခဲ့တဲ့ လေ့လာမှုအသစ်အရ သိရပါတယ်။

Source:ဇွန်(Yatanarpon)

 

Read times Last modified on Wednesday, 27 February 2019 14:50
Rate this item
(0 votes)