What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 February 2019 15:07

မုန်လာဥနီ ဖျော်ရည်ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မုန်လာဥနီက ချက်စားစား၊ အစိမ်းစားစား၊ ဖျော်သောက်သောက် အရသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုပါ။မုန်လာဥနီကို မျက်လုံးအားကောင်းစေတဲ့အစားအစာအဖြစ် လူသိများကြပါတယ်။ ဒါတင်မကသေးပါဘူး။

မုန်လာဥနီမှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိနေပါသေးတယ်နော်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

 

ပါဝင်တဲ့အာဟာရကတော့ အကြမ်းဖျင်းအားဖြင့်ပြောမယ်ဆိုရင်တော့ Biotin, အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် K, B1,B6,B2, C နဲ့ E စတာတွေပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်၊ ဖော့စဖောရပ်စ်နဲ့ ကြေးနီဓာတ်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာ၊ ဆီးချို စတဲ့ရောဂါတွေကိုကာကွယ်ပေးတဲ့အပြင် သင့်ရဲ့ အမြင်အာရုံ၊ အသားအရေ၊ ဆံကေသာနဲ့ လက်သည်းခြေသည်းတို့ကို ကျန်းမာစေပါတယ်။မုန်လာဥနီကို သောက်ပေးတဲ့အကျင့်လေးသာရှိမယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာစေမှာပါနော်။

 

ကျန်းမာရေးအကျိုးကျေးဇူးများကတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း ၊ ကိုလက်စထရောကျစေခြင်း ၊ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း ၊ ကင်ဆာကာကွယ်ပေးခြင်း ၊ အရိုးကျန်းမာစေခြင်း အသည်းကိုသန့်စင်ပေးခြင်း ၊ ရောဂါပိုးမွှားဝင်ရောက်မှုမှ ကုသပေးခြင်း ၊ အစာချေစနစ်ကောင်းမွန်စေခြင်း ၊ ဆီးမှန်ခြင်း ၊ ခံတွင်းကျန်းမာစေခြင်း ၊ အမြင်အာရုံပိုမိုကောင်းမွန်စေခြင်း ၊ မိခင်ဝမ်းတွင်းမှ ကလေးငယ်ကို ကူးစက်ရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးခြင်း ၊ ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း ၊ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးခြင်းတွေပဲ ဖြစ်ပါတယ်။

Source:myfoodmyanmar 

 

Read: အပူကြီး၍ လေဖြတ်ခြင်း ( Heat Stroke )

အပူကြီး၍ လေဖြတ်ခြင်း ( Heat Stroke )

Read times Last modified on Wednesday, 27 February 2019 14:25
Rate this item
(0 votes)