သားဖွားနှင့်မီးယပ်ဆိုင်ရာရောဂါအမျိုးမျိုးကို ရောဂါအဖြေရှာဖွေခြင်း၊ ၀မ်းဗိုက်မှန်ပြောင်း အသုံးပြု၍ ခွဲစိတ်ခြင်းတို့ကို အင်္ဂလန်နိုင်ငံမှ သားဖွားနှင့်မီးယပ်ကျွမ်းကျင်၊ အထူးအတွေ့အကြုံရှိ ဆရာဝန်ကြီး ဒေါက်တာမျိုးနန္ဒာနှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေမှာ သားဥအိမ်ရေအိတ်အမျိုးမျိုး ၊ သားဥပြွှန်ဆိုင်ရာ ရောဂါအမျိုးမျိုး ၊ ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ကိုက်ခဲခြင်း ၊ သားဥအိမ်အတွင်း အလုံးတည်ခြင်း၊ ရေအိတ်တည်ခြင်း ၊ ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ပုံမှန်မဟုတ်ပဲ နာကျင်ခြင်း၊ သွေးဆင်းခြင်း ၊ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ စစ်ဆေးခြင်း အမျိုးမျိုးနှင့် ခွဲစိတ်မွေးဖွားခြင်း၊ ရိုးရိုးမွေးဖွားခြင်း ၊ ကိုယ်ဝန်ဆောင် မီးမဖွားမီ ပုံမှန်စစ်ဆေးခြင်း နှင့် ပြုစုစောင့်ရှောက်ခြင်း ၊ အမျိုးသမီးရောဂါအမျိုးမျိုးအတွက် ကျန်းမာရေးစစ်ဆေးခြင်း (Women Health Check) စသည်ရောဂါများကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲကို Grand Hantha International Hospital ကြီးတွင် ကျင်းပမှာ ဖြစ်ပြီး ၁၁ ရက်၊ ၂ လ၊၂၀၁၉ မှ ၄ ရက်၊၄ လ၊၂၀၁၉ နေ့အတွင်း တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ မနက် ၁၀ နာရီမှ စတင်ပြီး အပါတ်စဉ်တိုင်း လူနာများကို တိုင်ပင်ဆွေးနွေးကုသပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက်
ဆက်သွယ်ရန် -
01 523000, 01 2317617, 01 523222, 09 5202282,09 5202283 သို့ဆက်သွယ်နိုင်ပါသည်။
လိပ်စာ -
ဂရန်း (ဒ် ) ဟံသာအင်တာနေရှင်နယ် ဆေးရုံ ၊ အမှတ် (3)၊ နာနတ်တောလမ်းနှင့် ကြည့်မြင်တိုင် ၊ ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။