What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 March 2019 15:53

အလိုအလျောက် အာရုံကြောစနစ် ချို့ယွင်းခြင်း ( Autonomic Neuropathy )

အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းသည် ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များဖြစ်သော သွေးပေါင်ထိန်းညှိခြင်း ၊ ကိုယ်ခန္ဓာအပူချိန်ထိန်းပေးခြင်း ၊ အစာချေဖျက်ခြင်း ၊ ဆီးသွားခြင်း ၊ ကာမဆက်ဆံခြင်းတို့တွင် သက်ရောက်မှုရှိသည်။ ထိခိုက်ပျက်စီးသွားသော အာရုံကြောသည် ဦးနှောက်နှင့် ကိုယ်တွင်းကလီစာများကြားဆက်သွယ်မှုကို နှောင့်အယှက်ဖြစ်စေပါတယ်။

ဆီးချိုရောဂါရှိခြင်း ၊ အာရုံကြောများကို ထိခိုက်ခြင်း ၊ ကိုယ်ခန္ဓာမှ ပုံမမှန်တိုက်ထုတ်တတ်သော ရောဂါများ (autoimmune disease) ၊ မျိုးရိုးလိုက်ခြင်း ၊ နာတာရှည်ရောဂါများ - Parkinson ရောဂါ ၊ အတိတ်မေ့ရောဂါ ၊ ကင်ဆာရောဂါကုဆေးများ တို့ကြောင်း အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းဖြစ်စေနိုင်ပါတယ်။

 

လက္ခဏာများကတော့ ထိခိုက်သွားသော အာရုံကြောပေါ်မူတည်၍ လက္ခဏာများကွဲပြားနိုင်ပါတယ်။ မူးဝေခြင်း ၊ သတိမေ့ခြင်း ၊ ဆီးလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ - ဆီးသွားရခက်ခြင်း ၊ ဆီးမထိန်းနိုင်ခြင်း ၊ ဆီးအိမ်တင်းခြင်းကို မသိခြင်း ၊ ဆီးကျန်ခြင်းတို့သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကြောင့် အာရုံကြောစနစ်များ ပျက်စီးခြင်း ဖြစ်စေနိုင်ပါတယ်။

 

မျိုးပွားခြင်းဆိုင်ရာ လက္ခဏာများ - အမျိးသားများ သုက်လွှတ်ခြင်း ပြဿနာများ ၊ အမျိုးသမီးများတွင် မိန်းမကိုယ်ခြောက်သွေ့ခြင်း ၊ ကာမစိတ်လျော့နည်းခြင်း ၊ ကာမဆန္ဒမပြီးမြောက်ခြင်း ၊ အစာချေဖျက်ခြင်းဆိုင်ရာ လက္ခဏာများ - ရင်ပြည့်လွယ်ခြင်း ၊ အစာစားချင်စိတ်လျော့နည်းခြင်း ၊ အစာမကြေဖြစ်ခြင်း ၊ ဝမ်းလျှောခြင်း ၊ ပျို့အန်ခြင်း ၊ အစာမျိုရခက်ခြင်း ၊ ချွေးထွက်များခြင်း ၊ နည်းခြင်းများသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်ချုပ်ရာတွင် သက်ရောက်မှုဖြစ်ခြင်းတို့ကြောင်း ဖြစ်ပါတယ်။

 

Read More : ဆေးညွှန်းမလိုဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်သော အိမ်သုံးဆေးဝါးများ

 

ဖြစ်နိုင်ချေများသူများကတော့ ဆီးချိုရောဂါရှိသူများ ၊ သိုင်းရွိုက်ဟော်မုန်းနည်းသည့်သူများ ၊ ကင်ဆာရောဂါကုသမှုခံယူနေသူများဘဲ ဖြစ်ပါတယ်။

 

အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းကို ဖြစ်စေသည့် ရောဂါကို ကုသခြင်း (ဥပမာ - ဆီးချိုရောဂါကြောင့် ဖြစ်လျှင် ဆီးချိုထိန်းခြင်း) ၊ ထိခိုက်ပျက်စီးသွားသော အာရုံကြောနေရာပေါ်မူတည်၍ လက္ခဏာသက်သာအောင် ကုသခြင်း ၊ သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန် မှန်အောင် ထိန်းညှိပေးခြင်း ၊ အစာချေ စနစ် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်း - ဝမ်းချုပ်ခြင်းမဖြစ်အောင် အမျှင်ဓာတ်ဝင်ပါသော အစားအစာများ စားခြင်း ၊ ဝမ်းသွားလျှင် ဆေးဖြင့်ကုသခြင်း တို့ဖြစ် ကုသနိုင်ပါတယ်။

 

ဒါပြင် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမဖြစ်အောင် ကုသပေးခြင်း - ဆီးသွားရမည့်အချိန်တွင် သွားနိုင်အောင် ဆီးအိမ်ကို လေ့ကျင့်ပေးခြင်း ၊ ဆီးပိုက်ထည့်ခြင်း ၊ ကာမဆက်ဆံခြင်းတွင် အခက်အခဲမဖြစ်အောင် ကုသပေးခြင်း - အမျိုးသား လိင်အင်္ဂါတောင့်တင်းစေရန် ဆေးများ သုံးစွဲခြင်း ၊ အမျိုးသမီးများ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက် ဆေးများလိမ်းခြင်း ၊ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိုပေးခြင်း ၊ ချွေးထွက်များခြင်းများအတွက် ချွေးထွက်နည်းအောင် ဆေးများသုံးခြင်းတို့ဖြစ်လည်း ကုသနိုင်ပါတယ်။

 

ဆီးချိုရောဂါရှိလျှင် ဆီးချိုပမာဏထိန်းပေးခြင်း ၊ အရက်စွဲရောဂါရှိလျှင် ဆေးကုသမှုခံယူခြင်း ၊ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း ၊ ကျန်းမာသည့် ကိုယ်ခန္ဓာရအောင် ပြုလုပ်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊ - ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတို့ဖြစ် အလိုအလျောက်အာရုံကြောစနစ် ချို့ယွင်းခြင်းကို ကာကွယ်နိုင်ပါတယ်။

 

အထက်ဖော်ပြပါ လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ ၊ ဆီးချိုမထိန်းနိုင်သူများတွင် ပို၍အရေးကြီးပါတယ်။

 

Source:Dr. May Hnin Phyu (7887 Healthcare Call Center)

Health Products Directory

Read times Last modified on Monday, 11 March 2019 15:57
Rate this item
(1 Vote)