What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 March 2019 17:43

ကလီစာများ စားသုံးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ

အခုဆိုရင် လူအတော်များများဟာ ကလီစာ စားရမှာ ကြောက်ကြပါတယ်။

အရင်ခေတ်ကဆိုရင် ဆိတ်ကလီစာတို့ ၊ ကြက်အသည်းအမြစ်တို့ ၊ အမဲ ကလီစာ တို့ အတော်လေး ချက်စားလေ့ရှိကြပါတယ်။ နောက်ပိုင်း uric acid ကိုကြောက်ပြီး မစားကြတော့ပါ။ အမှန်ဆို uric acid တက်တဲ့ အဓိက အကြောင်းရင်းက fructose သကြားဖြစ် ပါတယ်။

 

ကျွန်မတို့ ငယ်ငယ်တုန်းက အမေ က အိမ်မှာ ကလီစာဟင်း ချက်ကြွေးလေ့ရှိပါတယ်။ uric acid တွေလဲ မတက်ခဲ့ပါဘူး။ တစ်ပတ် တစ်ခါလောက် တော့မှန်မှန် စားခဲ့ရပါတယ်။

 

ချက်စားသင့်တဲ့ အကြောင်း တွေကတော့ ---- အာဟာရဓာတ် တွေ နဲ့ ပြည့်စုံလို့ ဖြစ်ပါတယ်။ အသားဟင်းထက် အာဟာရပိုပြီး ပြည့်စုံပါတယ်။ သတ္တုဓာတ်များ ဖြစ်ကြတဲ့ Iron, Phosphorus, copper, magnesium, iodine စသည်ဖြင့် ပါပါတယ်။

Read More : ကင်ဆာ နဲ့ အထင်မှားလေ့ရှိတဲ့ သားဥအိမ် ရေအိပ်တည်ခြင်း ( Ovarian cyst )

 

B vitamins B1 B2 B6 folic acid and B12 တွေ လဲ ပါပါတယ်။ အဆီမှာ ပြော်နိုင်တဲ့ Vitamins A D E K တွေလဲ အများကြီး ပါပါတယ်။ ကောင်းတဲ့ အဆီဓာတ်များဖြစ်တဲ့ EPA, DHA တွေလဲ ပါ ပါတယ်။ ( ငါးကြီးဆီ မှာပါတဲ့ဓာတ် တွေဖြစ်ပါတယ် )

 

Vitamin C ဆိုရင် အသည်းမှာ အများကြီး ပါပါတယ်။ အမဲ အသည်းဟာ အလွန် အာဟာရဓာတ်တွေ နဲ့ ပြည့်စုံ ပါတယ်။ Glutamine လို့ခေါ်တဲ့ဓာတ်တွေ လဲပါပါတယ်။ ဒီဓာတ် ဟာ ပျက်စီး နေတဲ့ အူနံရံကို ပြန်ပြင်နိုင်စွမ်း ရှိပါတယ်။

 

မိတ်ဆွေ တို့ကို ဗဟုသုတ အဖြစ်သာ တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ စားတာ ၊ မစားတာ ကတော့ မိမိတို့ သဘော ဖြစ်ပါတယ်။

 

Source: ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း

Health Products Directory

Read times
Rate this item
(5 votes)