What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 March 2019 12:41

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ရှိ PSRI (Pushapawati Singhania Hospital)၏ ကျန်းမာရေးဟောပြောပွဲ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ရှိ

PSRI (Pushapawati Singhania Hospital) (A Multi Speciality Hospital) မှ အထူးကုဆရာဝန်ကြီးများသည် 17.3.2019 (တနင်္ဂနွေ) နေ့တွင် ရန်ကုန်မြို့ ရှိ Sule Shangri-La Hotel တွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ ဆေးရုံမိတ်ဆက်ပွဲနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။

- Mr. Vimal Thakur (Incharge International Marketing) မှ ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ပြီး နှစ်ပေါင်း (၂၀) ကျော် သက်တမ်းရှိပြီဖြစ်သည့် PSRI ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများ အကြောင်းကို လည်းကောင်း၊


- Dr. Rakesh Tandon မှ Preventing Liver Diseases အသည်းရောဂါများ ကာကွယ်ခြင်းအကြောင်းကိုလည်းကောင်း၊


- Dr. K.R. Vasudevan မှ Life after Liver Transplant အသည်းအစားထိုးပြီးနောက် ရှင်သန်နေထိုင်ခြင်းအကြောင်းကိုလည်းကောင်း၊


- Dr. T.S. Kler မှ Heart Disease in Asia a new epidemic အာရှတစ်ခွင်တွင် ပျံ့ နှံ့လျက်ရှိသော နှလုံးရောဂါအကြောင်းကိုလည်းကောင်း၊


- Dr. P.P. Singh မှ Management of Common Urology Diesease and Kidney transplant Programme at PSRI အဖြစ်များသည့် ဆီး၊ ကျောက်ကပ် ရောဂါများအကြောင်းနှင့် PSRI ဆေးရုံမှ ကျောက်ကပ်အစားထိုးခြင်းအစီအစဉ်အကြောင်းကိုလည်းကောင်း၊ အသီးသီးရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါတယ်။

Read More :  ကျောက်ကပ် ရောဂါရှိတဲ့သူတွေ အနေနဲ့ ရှောင်ကြဉ်ရမယ့်အရာများ

 

ပြီးနောက် ဆက်လက်၍ ညနေပိုင်းတွင် (၅း၃၀)တွင် စတင်၍ အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း၊ အစာအိမ်အူလမ်းကြောင်းဆရာဝန်ကြီး ပါမောက္ခဒေါ်သန်းသန်းဆွေ၊ ကျောက်ကပ် ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဌေးနှင့် နှလုံးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်အေးတို့မှ ဦးဆောင်၍ Ball Room 1, Sule Shangri-La Hotel တွင် PSRI ဆေးရုံမှ ဆရာဝန်ကြီးများနှင့် Indications for Liver Transplantation, Donor Selection & Outcome of Liver Transplantation, Recent Advances in Cardiology and Extending the boundaries of Kidney Transplant စသည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

 

PSRI မြန်မာပြည်ကို ကိုယ်စားလှယ်ရုံးကို အခန်းအမှတ် ၁၃၊ ဒုတိယထပ်၊ Sule Square Mall တွင် ဖွင့်လှစ်ထားပြီး PSRI ဆေးရုံသို့ ကျန်းမာရေးအတွက် ဆေးကုသမှု ခံယူလိုသူများအား Completely Free Service ပေးသွားမှာဖြစ်ပြီး ဖုန်းနံပါတ် 09 4300 7711, 09 4225 03876 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည့်အပြင် PSRI Hospital Representative Office Myanmar Facebook Account တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

Health Products Directory

 

Read times
Rate this item
(0 votes)